ႏုိင္ငံတစ္ဝန္းလံုးက ဟုိတယ္ေတြ မိုးရာသီမွာ အခန္းခေတြ ထက္ဝက္ေစ်းေလွ်ာ့ခ်မယ္

မိုးရာသီ ခရီးသည္ဝင္ေရာက္မႈ ျမင့္တက္လာေစဖို႔  ရည္ရြယ္တဲ့ Green Season အစီအစဥ္ကို အေထာက္အကူျပဳေစဖို႔အတြက္ ဇြန္လကစျပီး ႏုိင္ငံတစ္ဝန္းရွိ ဟိုတယ္အားလံုးနီးပါးမွာ ၅၀ ရာခိုင္ႏႈန္း ေဈးေလွ်ာ့ေပးမယ္လို႔ သိရပါတယ္။
‘‘ဟိုတယ္ေတြအေနနဲ႔ GreenSeason အတြက္ဆုိၿပီး ေဈးႏႈန္းေတြ ၅၀ ရာခုိင္ႏႈန္းေလာက္ ေလွ်ာ့ခ်ေပးဖို႔ စီစဥ္ထားပါတယ္။ အဲဒီအေၾကာင္းကို လာမယ့္ ဇြန္လထဲမွာ ဝက္ဘ္ဆိုက္ကေနလည္း တင္သြားမွာျဖစ္သလို ႏုိင္ငံေတာ္ကေန တစ္ကမၻာလံုးကိုသိေအာင္ ေၾကညာေပးမွာျဖစ္ပါတယ္’’ လို႔  ျမန္မာႏုိင္ငံ ဟိုတယ္လုပ္ငန္းရွင္အသင္း ဒုဥကၠ႒ ဦးသန္းေရႊက ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
ျမန္မာႏုိင္ငံ ဟုိတယ္လုပ္ငန္းရွင္အသင္းအေနနဲ႔ လက္ရွိမွာ ႏုိင္ငံတစ္ဝန္းရွိ ဟိုတယ္ေတြရဲ႕ လက္ရွိတည္းခိုခႏႈန္းထားေတြနဲ႔  Green Season ကာလမွာ ေလွ်ာ့ခ်မယ့္ႏႈန္းကို ေတာင္းခံထားၿပီး အခ်က္အလက္ေတြအားလံုးစုစည္းကာ ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနနဲ႔ ႏုိင္ငံတကာမွ ခရီးသြားဧည့္သည္ေတြ သိရွိႏုိင္ဖို႔ ထုတ္ျပန္မွာျဖစ္တယ္လို႔ သိရပါတယ္။
‘‘ျမန္မာႏုိင္ငံမွာက ဒီလိုရာသီဆုိရင္ ပံုမွန္ေဈးေလွ်ာ့ေပးေနက်ပါပဲ။ အခုက Green Season အတြက္ အထူးအစီအစဥ္အေနနဲ႔ လုပ္လိုက္တာ။ ဟိုတယ္အသင္းအေနနဲ႔ ဟိုတယ္ဇုန္အားလံုးကို ေလွ်ာ့ခ်ေပးမယ့္ ေဈးႏႈန္းေတြလွမ္းၿပီးေတာင္းထားပါတယ္။ အဲဒါကို အသင္းကေန  အားလံုးစုစည္းၿပီးေတာ့ ေၾကညာေပးမွာ ျဖစ္ပါတယ္’’ လို႔ ဦးသန္းေရႊက ေျပာထားတာ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံ ဟုိတယ္လုပ္ငန္းရွင္မ်ားအသင္းအေနနဲ႔ ရန္ကုန္၊ မႏၲေလး၊ ပုဂံ၊ အင္းေလး အစရွိတဲ့  ႏုိင္ငံျခားသားဧည့္သည္ေတြ လည္ပတ္မႈအမ်ားဆံုး ေဒသေတြ အပါအဝင္ ႏုိင္ငံတစ္ဝန္းမွာ  ဟိုတယ္ဇုန္ ၁၉ ခုနဲ႔  ဖြဲ႕စည္းထားၿပီး Green Season အတြက္ ေဈးႏႈန္းေလွ်ာ့ခ်ရာမွာ  ဟုိတယ္အားလံုး တစ္ေျပးညီေဆာင္ရြက္ႏုိင္ဖို႔ စီစဥ္တာျဖစ္ပါတယ္။
Photos & Source: 7Day Daily / Credit : Duwun

==============
မိုးရာသီ ခရီးသည်ဝင်ရောက်မှု မြင့်တက်လာစေဖို့  ရည်ရွယ်တဲ့ Green Season အစီအစဉ်ကို အထောက်အကူပြုစေဖို့အတွက် ဇွန်လကစပြီး နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အားလုံးနီးပါးမှာ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်လို့ သိရပါတယ်။
‘‘ဟိုတယ်တွေအနေနဲ့ GreenSeason အတွက်ဆိုပြီး ဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးဖို့ စီစဉ်ထားပါတယ်။ အဲဒီအကြောင်းကို လာမယ့် ဇွန်လထဲမှာ ဝက်ဘ်ဆိုက်ကနေလည်း တင်သွားမှာဖြစ်သလို နိုင်ငံတော်ကနေ တစ်ကမ္ဘာလုံးကိုသိအောင် ကြေညာပေးမှာဖြစ်ပါတယ်’’ လို့  မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးသန်းရွှေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်းအနေနဲ့ လက်ရှိမှာ နိုင်ငံတစ်ဝန်းရှိ ဟိုတယ်တွေရဲ့ လက်ရှိတည်းခိုခနှုန်းထားတွေနဲ့  Green Season ကာလမှာ လျှော့ချမယ့်နှုန်းကို တောင်းခံထားပြီး အချက်အလက်တွေအားလုံးစုစည်းကာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်တွေ သိရှိနိုင်ဖို့ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
‘‘မြန်မာနိုင်ငံမှာက ဒီလိုရာသီဆိုရင် ပုံမှန်ဈေးလျှော့ပေးနေကျပါပဲ။ အခုက Green Season အတွက် အထူးအစီအစဉ်အနေနဲ့ လုပ်လိုက်တာ။ ဟိုတယ်အသင်းအနေနဲ့ ဟိုတယ်ဇုန်အားလုံးကို လျှော့ချပေးမယ့် ဈေးနှုန်းတွေလှမ်းပြီးတောင်းထားပါတယ်။ အဲဒါကို အသင်းကနေ  အားလုံးစုစည်းပြီးတော့ ကြေညာပေးမှာ ဖြစ်ပါတယ်’’ လို့ ဦးသန်းရွှေက ပြောထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး အစရှိတဲ့  နိုင်ငံခြားသားဧည့်သည်တွေ လည်ပတ်မှုအများဆုံး ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ  ဟိုတယ်ဇုန် ၁၉ ခုနဲ့  ဖွဲ့စည်းထားပြီး Green Season အတွက် ဈေးနှုန်းလျှော့ချရာမှာ  ဟိုတယ်အားလုံး တစ်ပြေးညီဆောင်ရွက်နိုင်ဖို့ စီစဉ်တာဖြစ်ပါတယ်။
Photos & Source: 7Day Daily / Credit : Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...