လူတစ္ဦးတစ္ေယာက္စီတိုင္းရဲ႕ ဘဝမွာ အခ်စ္ဦး ဆိုတဲ့သူ တစ္ေယာက္ရွိၾကပါတယ္။ မိဘ ေဆြမ်ိဳးသားခ်င္းမ်ားၿပီးလွ်င္ ဘဝမွာ ပထမဆုံးခ်စ္ခဲ့ရတဲ့သူကေတာ့ အခ်စ္ဦး ပဲျဖစ္ပါတယ္။ အခ်စ္ဦး မို႔ ႐ူးေတာင္ မေမ့ဘူး ဆိုတဲ့ ေရွးကတည္းက ဆိုခဲ့တဲ့အဆိုမ်ားအတိုင္း အခ်စ္ဦး ကို လူတိုင္းဘယ္သူမွေမ့မယ္မထင္ပါဘူး။
ဆယ္ေက်ာ္သက္ အရြယ္ (သို႔) ႏွစ္ဆယ္ေက်ာ္သက္အရြယ္ အမ်ားအားျဖင့္ ဆယ္ေက်ာ္သက္ အရြယ္မွာ အခ်စ္ဦး ကိုေတြ႕ရွိခ်စ္ခဲ့ၾကတာမ်ားပါတယ္။ အခ်စ္ဦး ကို မေမ့ႏိုင္ရတဲ့အေၾကာင္းမ်ားကေတာ့
(၁) ရင္ခုန္ စိတ္လႈပ္ရွားၿပီး ပထမဆုံးခ်စ္ခဲ့ရတဲ့သူ ျဖစ္လို႔ပါ။
(၂) မ်က္ႏွာေလးျမင္႐ုံ၊ အေဝးကလွမ္းေတြ႕႐ုံနဲ႔ ေပ်ာ္ရႊင္ေစႏိုင္တဲ့သူျဖစ္လို႔ပါ။
(၃) ပထမဆုံး ခ်စ္ခင္ရတဲ့ သူစိမ္း တစ္ေယာက္ျဖစ္လို႔ပါ။
အျခားေသာ အေၾကာင္းအရာ မ်ားစြာေၾကာင့္ အခ်စ္ဦး ကို ေမ့လို႔မရတတ္ၾကပါဘူး။ အခ်စ္ဦး ဆိုသူႏွင့္ အခုအခ်ိန္ထိ ေပါင္းဖက္ၾကတဲ့သူေတြရွိသလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်စ္ဦးႏွင့္ လြဲခဲ့ရသူေတြလည္းရွိပါတယ္။ အခ်စ္ဦးကို အရင္အခ်ိန္ေတြက မုန္းခဲ့၊ နာက်ည္းခဲ့တာေတြရွိခ်င္ရွိမယ္။ အခ်ိန္ၾကာလာၿပီဆိုရင္ေတာ့ အခ်စ္ဦးဆိုသူကို မမုန္းဘဲ ရင္ထဲက သံေယာဇဥ္ရွိတဲ့သူတစ္ဦးအျဖစ္ သတိရေနဦးမွာပါ။
လက္ရွိမွာ ခ်စ္ရတဲ့သူရွိေနရင္ေတာ့ တစ္ခါတစ္ရံ အခ်စ္ဦး ဆိုတာကို သတိရတတ္တာမ်ိဳး၊ Facebook သုံးရင္ People you may know မွာ သူ႔အေကာင့္ ေပၚလာရင္ ဝင္ၾကည့္တတ္တာမ်ိဳး၊ သူေအာင္ျမင္တာေတြ႕ရင္ ဝမ္းသာတတ္ၿပီး ရႈံးနိမ့္တာမ်ိဳးေတြ႕ရင္ စိတ္မေကာင္းျဖစ္တတ္တာမ်ိဳး ေတြရွိတတ္ပါတယ္။ အဲ့တာ အခ်စ္ဦး ကို ျပန္လိုခ်င္တာေၾကာင့္၊ လက္ရွိခ်စ္သူကို ေဖာက္ျပန္ခ်င္တာေၾကာင့္မဟုတ္ပါဘူး။ သူလည္း သူ႔ဘဝ ကိုယ္လည္း ကိုယ့္ဘဝျဖစ္သြားခဲ့ေပမယ့္ သူက ကိုယ့္ အခ်စ္ဦး ျဖစ္ေနလို႔ပါ။ အခ်စ္ဦး ဆိုတာ ဘဝမွာ ဘယ္အခ်ိန္ျဖစ္ျဖစ္ သံေယာဇဥ္မျပတ္ႏိုင္သလို ဘယ္ေတာ့မွလည္း ျပန္မလိုခ်င္ေတာ့တဲ့ သူ တစ္ေယာက္ပါ။
credit :သက္ျမတ္ႏိုးေဝ(ပစ္တိုင္းေထာင္)
==========
လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့ ဘဝမှာ အချစ်ဦး ဆိုတဲ့သူ တစ်ယောက်ရှိကြပါတယ်။ မိဘ ဆွေမျိုးသားချင်းများပြီးလျှင် ဘဝမှာ ပထမဆုံးချစ်ခဲ့ရတဲ့သူကတော့ အချစ်ဦး ပဲဖြစ်ပါတယ်။ အချစ်ဦး မို့ ရူးတောင် မမေ့ဘူး ဆိုတဲ့ ရှေးကတည်းက ဆိုခဲ့တဲ့အဆိုများအတိုင်း အချစ်ဦး ကို လူတိုင်းဘယ်သူမှမေ့မယ်မထင်ပါဘူး။
ဆယ်ကျော်သက် အရွယ် (သို့) နှစ်ဆယ်ကျော်သက်အရွယ် အများအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အချစ်ဦး ကိုတွေ့ရှိချစ်ခဲ့ကြတာများပါတယ်။ အချစ်ဦး ကို မမေ့နိုင်ရတဲ့အကြောင်းများကတော့
(၁) ရင်ခုန် စိတ်လှုပ်ရှားပြီး ပထမဆုံးချစ်ခဲ့ရတဲ့သူ ဖြစ်လို့ပါ။
(၂) မျက်နှာလေးမြင်ရုံ၊ အဝေးကလှမ်းတွေ့ရုံနဲ့ ပျော်ရွှင်စေနိုင်တဲ့သူဖြစ်လို့ပါ။
(၃) ပထမဆုံး ချစ်ခင်ရတဲ့ သူစိမ်း တစ်ယောက်ဖြစ်လို့ပါ။
အခြားသော အကြောင်းအရာ များစွာကြောင့် အချစ်ဦး ကို မေ့လို့မရတတ်ကြပါဘူး။ အချစ်ဦး ဆိုသူနှင့် အခုအချိန်ထိ ပေါင်းဖက်ကြတဲ့သူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် အချစ်ဦးနှင့် လွဲခဲ့ရသူတွေလည်းရှိပါတယ်။ အချစ်ဦးကို အရင်အချိန်တွေက မုန်းခဲ့၊ နာကျည်းခဲ့တာတွေရှိချင်ရှိမယ်။ အချိန်ကြာလာပြီဆိုရင်တော့ အချစ်ဦးဆိုသူကို မမုန်းဘဲ ရင်ထဲက သံယောဇဉ်ရှိတဲ့သူတစ်ဦးအဖြစ် သတိရနေဦးမှာပါ။
လက်ရှိမှာ ချစ်ရတဲ့သူရှိနေရင်တော့ တစ်ခါတစ်ရံ အချစ်ဦး ဆိုတာကို သတိရတတ်တာမျိုး၊ Facebook သုံးရင် People you may know မှာ သူ့အကောင့် ပေါ်လာရင် ဝင်ကြည့်တတ်တာမျိုး၊ သူအောင်မြင်တာတွေ့ရင် ဝမ်းသာတတ်ပြီး ရှုံးနိမ့်တာမျိုးတွေ့ရင် စိတ်မကောင်းဖြစ်တတ်တာမျိုး တွေရှိတတ်ပါတယ်။ အဲ့တာ အချစ်ဦး ကို ပြန်လိုချင်တာကြောင့်၊ လက်ရှိချစ်သူကို ဖောက်ပြန်ချင်တာကြောင့်မဟုတ်ပါဘူး။ သူလည်း သူ့ဘဝ ကိုယ်လည်း ကိုယ့်ဘဝဖြစ်သွားခဲ့ပေမယ့် သူက ကိုယ့် အချစ်ဦး ဖြစ်နေလို့ပါ။ အချစ်ဦး ဆိုတာ ဘဝမှာ ဘယ်အချိန်ဖြစ်ဖြစ် သံယောဇဉ်မပြတ်နိုင်သလို ဘယ်တော့မှလည်း ပြန်မလိုချင်တော့တဲ့ သူ တစ်ယောက်ပါ။
credit :သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment