ဟိုးေရွးေရွးတုန္းက
ေက်ာက္တူးသမားေလးတစ္ေယာက္ရွိသတဲ့
သူေက်ာက္သြားတူးတဲ့လမ္းမွာ
အမတ္မင္းအိမ္ေရွ႕ကျဖတ္သြားရတာေပါ့။
မနက္တိုင္း အမတ္မင္းအိမ္ေရွ႕ ျဖတ္သြားတိုင္း
အိမ္ထဲမွာ အေႁခြရံေတြခစားေနတဲ့အမတ္ကို
ျမင္ေတာ့ သူကစဥ္းစားတယ္။ငါသာအမတ္ဆိုရင္
အရမ္းေကာင္းမွာပဲဆိုၿပီး စိတ္ကူးယဥ္လိုက္တာ
သူ႔စိတ္ကူးထဲမွာ သူဟာ အမတ္ျဖစ္သြားတာေပါ့။
စိတ္ကူးထဲကအတိုင္း အေႁခြရံေတြခစားရင္း
ေပ်ာ္ပါးေနလိုက္တာ မၾကာပါဘူး ဘုရင္ႂကြလာပါေရာ။
အဲခ်ိန္သူစံစားေနတဲ့ အမတ္စည္းစိမ္ေတြ အသာထားၿပီး ဘုရင့္ကို ဒူးတုပ္ခစားရတာေပါ့။
သူက စဥ္းစားတယ္။အမတ္ျဖစ္တာလည္းမေကာင္းဘူး ဘုရင္ကပိုေကာင္းတယ္ ဆိုၿပီး ေတာ္ၿပီအမတ္မလုပ္ေတာ့ဘူး။ဘုရင္ပဲလုပ္ေတာ့မယ္ဆိုၿပီး
စိတ္ကူးထဲမွာ သူဟာ ဘုရင္ျဖစ္သြားတာေပါ့။
စိတ္ကူးထဲကအတိုင္း သူျဖစ္ခ်င္တဲ့ ဘုရင္ျဖစ္သြားေတာ့ အေပ်ာ္ႀကီးေပ်ာ္ရင္း တိုင္းခန္းလွည့္လည္တာေပါ့။အဲခ်ိန္မွာ ေနကအရမ္းပူ ဘုရင္လည္း ေနပူတဲ့ဒါဏ္ကို မခံစားႏိုင္ျပန္ဘူး။သူက စဥ္းစားတယ္။ဘုရင္ျဖစ္တာေတာင္ ငါ့ကိုႏိုင္တဲ့ ေနမင္းႀကီး ကရွိေသးတယ္။ေတာ္ၿပီ ဘုရင္မလုပ္ေတာ့ဘူး။ေနမင္းႀကီးပဲ ငါလုပ္ေတာ့မယ္ဆိုၿပီး သူ႔စိတ္ကူးထဲမွာ သူဟာ
ေနမင္းႀကီး ျဖစ္သြားတာေပါ့။
သူျဖစ္ခ်င္တဲ့ ေနမင္းႀကီးလည္း ျဖစ္ေရာ
တေလာကလံုး က်စ္က်စ္ေတာက္ေအာင္ပူစမ္းဆိုၿပီး
ေနေတြအရမ္းပူ ျပစ္လိုက္တယ္။အဲခ်ိန္မွာ တိမ္တိုက္ေတြက ေပၚလာၿပီး အပူရွိန္ေတြကို ကာေပးလိုက္တယ္။တိမ္ေတြကေအာက္မွာဖုံးထားေတာ့သူပူခ်င္တိုင္းလည္း ပူလို႔မရေတာ့ဘူးေပါ့။အဲဒါနဲ႔ သူကစဥ္းစားတယ္။ေနျဖစ္ရတာလည္း မေကာင္းဘူး။တိမ္တိုက္ကို မႏိုင္ဘူး။ေတာ္ၿပီ ငါ ေနမင္းႀကီး မလုပ္ေတာ့ဘူး။တိမ္တိုက္ပဲ လုပ္ေတာ့မယ္ဆိုၿပီး စိတ္ကူးထဲမွာ သူဟာ တိမ္တိုက္ႀကီး ျဖစ္သြားတာေပါ့။
တိမ္တိုက္ၿကီးလည္း ျဖစ္ေရာ ေနမင္းႀကီး မပူႏိုင္ေအာင္ သူက ကာေပးထားတယ္ေပါ့။မၾကာပါဘူး
ေလေတြ တိုက္လိုက္တာ တိမ္တိုက္ႀကီးလည္း ေလထဲပါသြားပါေရာ။အဲဒါနဲ႔ သူကျပန္စဥ္းစားတယ္။
တိမ္တိုက္ျဖစ္ရတာလည္ မေကာင္းဘူး။ ေတာ္ၿပီ
ေလနတ္သားပဲ ငါလုပ္ေတာ့မယ္ဆိုၿပီးစိတ္ကူးထဲမွာ
သူဟာ ေလနတ္သားျဖစ္သြားျပန္ပါေရာ။
ေလနတ္သားလည္းျဖစ္ေရာ ေလေတြ အသကုန္တိုက္ျပစ္လိုက္တယ္။ အိမ္ေတြၿပိဳ သစ္ပင္ေတြလဲ လို႔ေပါ့။အဲဒါနဲ႔ ေလနတ္သားျဖစ္တဲ့သူဟာ ေက်ာက္ေတာင္ႀကီးကိုျမင္ၿပီး ေက်ာက္ေတာင္ႀကီးၿပိဳေအာင္ တိုက္တာေပါ့။သူဘယ္ေလာက္ တိုက္တိုက္ ေက်ာက္ေတာင္ႀကီးက မၿပိဳဘူး။အဲဒါနဲ႔ သူကစဥ္းစားျပန္ေရာ။ေလနတ္သား ျဖစ္တာလည္း မေကာင္းဘူး။ေက်ာက္ေတာင္ႀကီးပဲ ျဖစ္ေတာ့မယ္ဆိုၿပီး စိတ္ကူးထဲကအတိုင္း
ေက်ာက္ေတာင္ႀကီး ျဖစ္သြားျပန္ေရာ။
ေက်ာက္ေတာင္ႀကီးျဖစ္သြားေတာ့
ေလတိုက္တဲ့ဒါဏ္ကို ၿပံဳးၿပံဳးႀကီးခံစားရင္း ပ်က္ရယ္ျပဳတာေပါ့။ကဲ ဘာတက္ႏိုင္ေသးလဲ ငါ့ကို ဘယ္သူမွ
ၿပိဳေအာင္မလုပ္ႏိုင္ေတာ့ဘူးဆိုၿပီး ေပ်ာ္ေနလုိက္တာ
ေတာင္ေအာက္မွာ ေတာက္ ေတာက္ နဲ႔ အသံၾကားပါေရာ။အသံၾကားလို႔ ငံု႔ၾကည့္မွ အမေလးဗ်ာ ငါ့ေက်ာက္ေတာင္ႀကီး တေျဖးေျဖးနဲ႔ ကုန္ပါေရာလား။ဘယ္သူက ငါ့ကို ျဖဳိႏိုင္တာလဲလို႔ ၾကည့္လိုက္မွ ေက်ာက္တူးသမားေလး ျဖစ္ေနပါေရာ။အဲဒါနဲ႔ စဥ္းစားတယ္။ေတာ္ၿပီ ငါ ေက်ာက္ေတာင္ႀကီးလည္း မျဖစ္ခ်င္ေတာ့ဘူး ေက်ာက္တူးသမားပဲ ျဖစ္ခ်င္ေတာ့တယ္ဆိုၿပီး စိတ္ကူးယဥ္လာလိုက္တာ။ သူအလုပ္လုပ္ရမဲ့ ေက်ာက္ေတာင္လည္းေရာက္ေရာ သူလည္း ေက်ာက္တူးသမားေလး
ျပန္ျဖစ္သြားပါေလေရာ။
ေျပာခ်င္တာကေတာ့ သူမ်ားေတြကို အားမက်ပါနဲ႔။
လူတိုင္းမွာ အပူပင္ေတြနဲ႔ပါ။သူ႔ကိုငါအားက်လိုက္တာလို႔မေတြးနဲ သူ႔အပူနဲ႔သူရွိတယ္။
လက္ရွိဘ၀ကို အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားရင္း
တေန႔ေန႔ေတာ့ ေအာင္ျမင္ရမွာေပါ့ဗ်ာ။
ငယ္ငယ္တုန္းက ၾကားဖူးတဲ့စကားေလးပါ
စာေရးရတာေမာတာ :-P အမွားပါရင္ sorry
ေဆာင္းေဘာက္ခေရစီ
Credit:Orginal
============
ဟိုးရှေးရှေးတုန်းက
ကျောက်တူးသမားလေးတစ်ယောက်ရှိသတဲ့
သူကျောက်သွားတူးတဲ့လမ်းမှာ
အမတ်မင်းအိမ်ရှေ့ကဖြတ်သွားရတာပေါ့။
မနက်တိုင်း အမတ်မင်းအိမ်ရှေ့ ဖြတ်သွားတိုင်း
အိမ်ထဲမှာ အခြွေရံတွေခစားနေတဲ့အမတ်ကို
မြင်တော့ သူကစဉ်းစားတယ်။ငါသာအမတ်ဆိုရင်
အရမ်းကောင်းမှာပဲဆိုပြီး စိတ်ကူးယဉ်လိုက်တာ
သူ့စိတ်ကူးထဲမှာ သူဟာ အမတ်ဖြစ်သွားတာပေါ့။
စိတ်ကူးထဲကအတိုင်း အခြွေရံတွေခစားရင်း
ပျော်ပါးနေလိုက်တာ မကြာပါဘူး ဘုရင်ကြွလာပါရော။
အဲချိန်သူစံစားနေတဲ့ အမတ်စည်းစိမ်တွေ အသာထားပြီး ဘုရင့်ကို ဒူးတုပ်ခစားရတာပေါ့။
သူက စဉ်းစားတယ်။အမတ်ဖြစ်တာလည်းမကောင်းဘူး ဘုရင်ကပိုကောင်းတယ် ဆိုပြီး တော်ပြီအမတ်မလုပ်တော့ဘူး။ဘုရင်ပဲလုပ်တော့မယ်ဆိုပြီး
စိတ်ကူးထဲမှာ သူဟာ ဘုရင်ဖြစ်သွားတာပေါ့။
စိတ်ကူးထဲကအတိုင်း သူဖြစ်ချင်တဲ့ ဘုရင်ဖြစ်သွားတော့ အပျော်ကြီးပျော်ရင်း တိုင်းခန်းလှည့်လည်တာပေါ့။အဲချိန်မှာ နေကအရမ်းပူ ဘုရင်လည်း နေပူတဲ့ဒါဏ်ကို မခံစားနိုင်ပြန်ဘူး။သူက စဉ်းစားတယ်။ဘုရင်ဖြစ်တာတောင် ငါ့ကိုနိုင်တဲ့ နေမင်းကြီး ကရှိသေးတယ်။တော်ပြီ ဘုရင်မလုပ်တော့ဘူး။နေမင်းကြီးပဲ ငါလုပ်တော့မယ်ဆိုပြီး သူ့စိတ်ကူးထဲမှာ သူဟာ
နေမင်းကြီး ဖြစ်သွားတာပေါ့။
သူဖြစ်ချင်တဲ့ နေမင်းကြီးလည်း ဖြစ်ရော
တလောကလုံး ကျစ်ကျစ်တောက်အောင်ပူစမ်းဆိုပြီး
နေတွေအရမ်းပူ ပြစ်လိုက်တယ်။အဲချိန်မှာ တိမ်တိုက်တွေက ပေါ်လာပြီး အပူရှိန်တွေကို ကာပေးလိုက်တယ်။တိမ်တွေကအောက်မှာဖုံးထားတော့သူပူချင်တိုင်းလည်း ပူလို့မရတော့ဘူးပေါ့။အဲဒါနဲ့ သူကစဉ်းစားတယ်။နေဖြစ်ရတာလည်း မကောင်းဘူး။တိမ်တိုက်ကို မနိုင်ဘူး။တော်ပြီ ငါ နေမင်းကြီး မလုပ်တော့ဘူး။တိမ်တိုက်ပဲ လုပ်တော့မယ်ဆိုပြီး စိတ်ကူးထဲမှာ သူဟာ တိမ်တိုက်ကြီး ဖြစ်သွားတာပေါ့။
တိမ်တိုက်ကြီးလည်း ဖြစ်ရော နေမင်းကြီး မပူနိုင်အောင် သူက ကာပေးထားတယ်ပေါ့။မကြာပါဘူး
လေတွေ တိုက်လိုက်တာ တိမ်တိုက်ကြီးလည်း လေထဲပါသွားပါရော။အဲဒါနဲ့ သူကပြန်စဉ်းစားတယ်။
တိမ်တိုက်ဖြစ်ရတာလည် မကောင်းဘူး။ တော်ပြီ
လေနတ်သားပဲ ငါလုပ်တော့မယ်ဆိုပြီးစိတ်ကူးထဲမှာ
သူဟာ လေနတ်သားဖြစ်သွားပြန်ပါရော။
လေနတ်သားလည်းဖြစ်ရော လေတွေ အသကုန်တိုက်ပြစ်လိုက်တယ်။ အိမ်တွေပြို သစ်ပင်တွေလဲ လို့ပေါ့။အဲဒါနဲ့ လေနတ်သားဖြစ်တဲ့သူဟာ ကျောက်တောင်ကြီးကိုမြင်ပြီး ကျောက်တောင်ကြီးပြိုအောင် တိုက်တာပေါ့။သူဘယ်လောက် တိုက်တိုက် ကျောက်တောင်ကြီးက မပြိုဘူး။အဲဒါနဲ့ သူကစဉ်းစားပြန်ရော။လေနတ်သား ဖြစ်တာလည်း မကောင်းဘူး။ကျောက်တောင်ကြီးပဲ ဖြစ်တော့မယ်ဆိုပြီး စိတ်ကူးထဲကအတိုင်း
ကျောက်တောင်ကြီး ဖြစ်သွားပြန်ရော။
ကျောက်တောင်ကြီးဖြစ်သွားတော့
လေတိုက်တဲ့ဒါဏ်ကို ပြုံးပြုံးကြီးခံစားရင်း ပျက်ရယ်ပြုတာပေါ့။ကဲ ဘာတက်နိုင်သေးလဲ ငါ့ကို ဘယ်သူမှ
ပြိုအောင်မလုပ်နိုင်တော့ဘူးဆိုပြီး ပျော်နေလိုက်တာ
တောင်အောက်မှာ တောက် တောက် နဲ့ အသံကြားပါရော။အသံကြားလို့ ငုံ့ကြည့်မှ အမလေးဗျာ ငါ့ကျောက်တောင်ကြီး တဖြေးဖြေးနဲ့ ကုန်ပါရောလား။ဘယ်သူက ငါ့ကို ဖြိုနိုင်တာလဲလို့ ကြည့်လိုက်မှ ကျောက်တူးသမားလေး ဖြစ်နေပါရော။အဲဒါနဲ့ စဉ်းစားတယ်။တော်ပြီ ငါ ကျောက်တောင်ကြီးလည်း မဖြစ်ချင်တော့ဘူး ကျောက်တူးသမားပဲ ဖြစ်ချင်တော့တယ်ဆိုပြီး စိတ်ကူးယဉ်လာလိုက်တာ။ သူအလုပ်လုပ်ရမဲ့ ကျောက်တောင်လည်းရောက်ရော သူလည်း ကျောက်တူးသမားလေး
ပြန်ဖြစ်သွားပါလေရော။
ပြောချင်တာကတော့ သူများတွေကို အားမကျပါနဲ့။
လူတိုင်းမှာ အပူပင်တွေနဲ့ပါ။သူ့ကိုငါအားကျလိုက်တာလို့မတွေးနဲ သူ့အပူနဲ့သူရှိတယ်။
လက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း
တနေ့နေ့တော့ အောင်မြင်ရမှာပေါ့ဗျာ။
ငယ်ငယ်တုန်းက ကြားဖူးတဲ့စကားလေးပါ
စာရေးရတာမောတာ :-P အမှားပါရင် sorry
ဆောင်းဘောက်ခရေစီ
Credit:Orginal
Home
/
ဗဟုသုတအစံု
/
ဘ၀ႏွင္႔အခ်စ္က႑
/
ရွင္ဘုရင္လည္း မလုပ္ခ်င္နဲ႔ အမတ္ႀကီးလည္း မလုပ္ခ်င္နဲ႔ ကိုယ့္ေက်ာက္ကိုပဲ အသာတူးစမ္းပါ..။
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment