ကျွန် ဇာတ်ကားနဲ့ ပတ်သတ်ပြီး ဝေဖန်မူတွေကို နေတိုး ပြောပြီ
myanmarcelewiki
Unicode
လက်ရှိမှာ ရုံတင်ပြသမူသုံးပတ်အထိ တိုးမြှင့်ခဲ့တဲ့ ကျွန် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အားပေးမူရရှိနေသလို ဘုရားကျွန်တွေကို နှိမ်ချထားတယ် ဆိုတဲ့ ဝေဖန်မူတွေ နဲ့ အတူ " ကျွန် "ဆိုတဲ့ ဇာတ်ကား နာမည်အသုံးအနူန်းကြောင့်လည်း ဝေဖန် မူများစွာရှိနေပါတယ် ။ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးက ဇာတ်ကား အပေါ် သူ့ရဲ့အမြင် ကိုလည်း Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ်။
"ဇာတ်ကား အကြောင်းကိုတော့ ကြည့်ပြီးတဲ့ ပရိသတ်တွေက သိကြပါတယ်။ ပရိသတ်ကြိုက်တဲ့ ဇာတ်လမ်း tempo , location, ဇာတ်ကောင်တွေက ထိထိ မိမိ ဖြစ်တယ်လို့ မြင်တယ် ကားရိုတ်တာ ရော location တွေကပါ ပရိသတ်ကို ဆွဲဆောင်မူရှိတယ်။ ဒီဇာတ်ကားကလည်း ကျွန်တော့်ရဲ့ ပရိသတ်တွေသဘောကျတဲ့ဇာတ်ကားတစ်ကားပါ " လို့ပြောပါတယ် ။ ဇာတ်ကား အပေါ်ဝေဖန်မူအပေါ်ကိုလည်း " ဇာတ်ကား ကို အစ အဆုံး မကြည့်မိရင်တော့ အတွေးမျိူးစုံ စိတ်မျိူး စုံ ဖြစ်မိနိုင်မယ် လို့ တွေးမိပါတယ် ကျွန်တော်လည်း trailer သာ ကြည့်မိရင်တော့ သူတို့တွေးသလိုမျိူး တွေးမိမှာပါ ကိုယ်ချင်းစာပါတယ်။ ကျွန်တော့်မှာ အကျင့်တခုရှိတယ် အဲ့ဒါက ဘာလဲ ဆိုရင် လူတစ်ယောက် ဘယ်လို ခံစားနေရလဲ သူတို့နေရာကနေ အရင်ဆုံး ခံစားပေးကြည့်လိုက်တယ်။
ပြီးတော့ ကျွန်တော်တို့ရိုတ်ထားတဲ့ ဇာတ်လမ်းက နှစ် နာရီကျော် စာ လောက်ကို တစ် နာရီ မိနစ် နှစ်ဆယ် လောက် ဖြတ်ထားတာပါ။ အခုကြည့်တဲ့ ဇာတ်ကားထဲမှာ ရိုက်ပြီးသား အခန်းတွေ တော်တော်များများ မပါဘူး။ ရုပ်ရှင်ဆန်အောင် တဆင့်ပြီး တဆင့်သွားရတာတွေ ပါပါတယ်။ သေချာတာကတော့ လူ တစ်ဦးတစ်ယောက်ကိုမှ နစ်နာ လို တဲ့စိတ်မရှိပဲ ရုပ်ရှင် ဆိုတဲ့ အတိုင်း ရုပ်ရှင်ဇာတ်လမ်း ဆန်အောင် ဖန်တီးထားတာပ။ါ ကျွန်တော်တို့က true story ရိုက်တာလဲ မဟုတ်ဘူး လေ..ရုပ်ရှင်ကို ရုပ်ရှင် လို ကြည့်ပေးဖို့လည်း တောင်းဆိုပါတယ်။ အခုက လူတိုင်းက Facebook သုံးကျတော့ ကိုယ့်ဆန္ဒကို ကိုယ်တိုင် ထုတ်ပြောခွင့် ရှိကြတော့ တစ်ဦးနဲ့ တစ်ဦး အမြင်ချင်း မတူကြတာပါ။
အနုပညာ ဖန်တီးတဲ့ သူတွေ အနေနဲ့လည်း နောက်ပိုင်း ဆင်ခြင်စရာရှိတာတွေ ဆင်ခြင် လို့ရတာပေါ့။ ဒီလိုမျိူး ဖြစ်ခဲ့တဲ့ ကိစ္စတွေရှိတဲ့အခါ နောက်ဆိုရင် " ငါ ဒီလို လုပ်ရင် ဒီလို မျိူး ဖြစ်လာနိုင်တယ်" ဆိုပြီး သုံးသပ် ဆွေးနွေးလို့ရတာပေါ့။ အနုပညာဆိုတာကလည်း အကုန်လုံးအတွက် ခံစားဖို့ ဖန်တီးကြတာ ဖြစ်တဲ့ အတွက်လည်း အကုန်လုံး စိတ်ကျေနပ်မှ perfect ဖြစ်မှာလေ။ အဲ့ဒီအတွက် ဝေဖန်မူအားလုံးကိုကျေးဇူးတင်ပါတယ် " လို့ပြောပါတယ်။ အဲ့ဒိဇာတ်ကားကိုတော့ ဒါရိုတ်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူးပြီး နေတိုး ၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည် ၊ ရဲအောင်၊ စိုးမြတ်သူဇာ ၊ ထူးမွန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Baby ThanOo ( Myanmar Celebrities )
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...