#လက္တေလာ လိုင္းေပၚမွာ ေဟာ့ေနေသာ မတင္ၫြန္႔ အေၾကာင္း သိေကာင္းဖြယ္ရာ


#လက္တေလာ လိုင္းေပၚမွာ ေဟာ့ေနေသာ မတင္ၫြန္႔ အေၾကာင္း သိေကာင္းဖြယ္ရာ

မတင္ၫြန္႔ မတင္ၫြန္႔ အသက္ ၅၀ ေက်ာ္မွ ကံေပၚရွာတယ္။ ရြာမွာေတာ့ အေနက်ံဳ႕သူတစ္ဦး။ ရြာမွာဆိုရင္ေတာ့ ငယ္ငယ္ကတည္းက သိၾကတဲ့သူေတြက သူ႔ကို ခ်စ္စႏိုးနဲ႔ ျဖဴသဲ လို႔ ေခၚၾကတယ္။ ဘာေၾကာင့္ ျဖဴသဲလို႔ ေခၚတာလဲ ဆိုတာေတာ့ သိတဲ့သူက ခပ္ရွားရွား။(သိတဲ့သူက ဘာသာျပန္တက္တယ္)

နာမည္ႀကီးခ်င္ေတာ့လည္း တစ္ခ်က္တည္းပါ့လားေနာ္။ အခုေတာ့ ဒီနံမည္ မသိတဲ့သူေတြက ေခတ္မမွီလြန္းလို႔ သိတဲ့သူေတြကို messenger Viber ဖုန္း စသည္ျဖင့္ တိုးတိုး တိတ္တိတ္ ေမးေနၾကေလရဲ႕။

သူက သိပ္စကား အမ်ားႀကီးေျပာတက္သူ မဟုတ္။ စကားနည္းလြန္းတယ္။ သူေျပာခ်င္မွ ေျပာတာ။ အလြန္ဆံုး ေျပာလွ တစ္ခြန္း ႏွစ္ခြန္း။
ဓါတ္ပံု ႐ိုက္မယ္လို႔ ေျပာလိုက္မွ "႐ိုက္ ႐ိုက္" ဒီေလာက္ဘဲ တစ္ခြန္းတစ္ေလ ေျပာတက္သူ။

ေမြးတာလဲ ၾကည့္အံုးေလ။ စေနသမီး။စေနသမီး စိတ္ႀကီးတယ္။ သူ႔အေမကအစ ဗုဒၶဟူးေန႔ကတည္းက ဗိုက္နာၿပီး ေမြးခ်င္ေနတာ စေနျဖစ္ေအာင္ (၃)ရက္ေလာက္ ဇြတ္ပိတ္ၿပီး စေနမွ စေန ရေအာင္ေမြးခဲ့သူ။ မေအတူတယ္လို႔ဘဲ ေျပာရေလမလား။ ေနတက္ ေရတက္ၾကမွ ေမြးလာသူေလးမို႔ အေျပာထက္ လက္ေတြ႕ဘဝမွာ ေအာင္ျမင္သူျဖစ္တာေပါ့ေလ။

ရြာမွာဆိုေတာ့ ဘယ္သြားသြား ေနပူပူ မိုးရြာရြာ အဆင္ေျပေအာင္ ဗီယက္နမ္ ခေမာက္နဲ႔တူတဲ့ ဝါး ခေမာက္ကေလးေတာ့ အၿမဲေဆာင္ေနၾက။
ျမင္တဲ့သူတိုင္းကေတာ့ မတင္ၫြန္႔ကို နန္းဆန္လိုက္တာႀကီး ေျပာေနၾကတာဘဲ။

မတင္ၫြန္႔ကိုလား သိတဲ့သူက အမ်ားသား ခ်စ္တဲ့သူကအမ်ားသား ဆိုေတာ့လဲ ထိကပါးရိကပါး လုပ္ဖို႔ မေျပာနဲ႔ ေစ့ေစ့ ၾကည့္ဝင့္တဲ့သူေတာင္ သိပ္မရွိ။ မတင္​ၫြန္႔ကိုမထိနဲ႔​ မိုက္​ရင္​ထြက္​ခ့ဲ ဆိုၿပီး ကာကြယ္မဲ့သူကလဲ ဒုနဲ႔ေဒး။

အေနအထိုင္တက္သူမို႔ ဆဲဆိုၿပီး ေျပာတာလဲမရွိ။လုပ္ရပ္နဲ႔ အႏိုင္ယူတက္တာေလးေတာ့ ေတာသူမို႔ ခြင့္လႊတ္ရတာေပါ့။

အခုေခတ္စားေနတဲ့ ဇြန္ႀကီးတို႔ ဇာႀကီးတို႔ လုလု တို႔ ေနခဲ့လိုက္ေတာ့။ မတင္ၫြန္႔က သနားတယ္။
ေခ်ာ္လဲတာေတာင္ အိုက္တင္ေလး အျပည့္နဲ႔ လဲတာရယ္။ မင္းသမီး ေတြကေတာင္ ဘယ္လိုေခ်ာ္လဲလိုက္တာလဲ မတင္ၫြန္႔ရယ္လို႔ ေမးယူရတဲ့အထိ လဲတဲ့အိုက္တင္ေလးက အျပည့္။

ေတာဆိုေတာ့ ဟို႐ိုက္ဒီ႐ိုက္ ႐ိုက္ရေအာင္ ကင္မရာ အစုတ္ေလးတစ္လံုးေတာ့ သြားေလရာ ေဆာင္ထားတက္တဲ့ မတင္ၫြန္႔။ ကင္မရာ အစုတ္ဆိုေပမယ့္ ႐ုပ္ထြက္ ၾကည္သားေနာ္။ mega pixel ျမင့္တယ္ဘဲ ေျပာရမွာေပါ့။ သူမထင္တဲ့သူ သိပ္သေဘာမက်တဲ့သူကိုေတာ့ အျဖဴအမဲဘဲရမယ္ဆိုၿပီး ႐ိုက္ေပးတယ္။ တစ္ခ်ိဳ႕ အ႐ိုက္ခံၿပီးသူေတြရဲ႕ပံုေတြ အျဖဴအမဲနဲ႔ လိုင္းေပၚတက္ေနၿပီ။

အခုေတာ့ ဓါတ္ပံုသမား ေတာ္ေတာ္မ်ားမ်ားကလဲ ဓါတ္ပံု႐ိုက္မယ္ဆို ေမာ္ဒယ္က ႐ိုက္ ႐ိုက္ ဆိုပီးေျပားလိုက္တိုင္း မတင္ၫြန္႔ မ်က္ႏွာႀကီး ေျပးေျပးျမင္ေနၾကတယ္ဆိုတယ္။ အဲဒီေလာက္ထိ လႊမ္းမိုးတဲ့ မတင္ၫြန္႔။

ခ်စ္သူခ်င္းဆိုရင္လဲ
"စိုးရိမ္တယ္ မင္းေလးကို မိုးရာသီရဲ႕ လမ္းေခ်ာတယ့္ ေျမသားေတြကို မနင္းပါနဲ႔
မတင္ၫြန္႔ ျဖစ္ေနအံုးမယ္ လို႔"
ေျပာၿပီး စိုးရိမ္တက္တဲ့ အတြဲေတြ မ်ားလာၿပီ။
ဟုတ္တယ္ေလ ဘယ္ခ်စ္သူကမွ ကိုယ့္ေစာ္ကို ခ်ာ္လဲ ေရာၿဖဲျဖစ္ေစခ်င္ အဲေလ ေရာင္လို႔ ေခ်ာ္လဲ ေရာထိုင္ ျဖစ္ေစခ်င္ပါ့မလဲ ေနာ့္။

ကိုယ္မေက်နပ္တဲ့သူက ကိုယ္ post မွာ မဟုတ္မဟတ္ လာေရးလို႔ကေတာ့ လာထားဘဲ။ ေခတ္မွီမွီျပန္ေရးလိုက္မယ္
"Ha Ha ေတာ့မရဘူး မတင္ၫြန္႔ပဲရမယ္"
ဒါမ်ိဳး
ေခတ္လဲမွီေရာ ကိုယ္ေျပာခ်င္တာေလးလဲ ေျပာထည့္လိုက္ရေရာေအ မေကာင္းဘူးလား ဟီးးးး

မနက္က အလႉမွာ ဆံုလို႔ မတင္ၫြန္႔က ခပ္ေအးေအး နဲ႔ တိုးတိုးေလး လာေမးသြားတယ္
ဘာတဲ့....

ကြၽန္​မ ​​ေခ်ာလားဟင္​ 😨

ကိုၿဖိဳး (ပြင့္ေသာပန္းတိုင္း ေမႊးရမည္)
===========

#လက်တလော လိုင်းပေါ်မှာ ဟော့နေသော မတင်ညွန့် အကြောင်း သိကောင်းဖွယ်ရာ

မတင်ညွန့် မတင်ညွန့် အသက် ၅၀ ကျော်မှ ကံပေါ်ရှာတယ်။ ရွာမှာတော့ အနေကျုံ့သူတစ်ဦး။ ရွာမှာဆိုရင်တော့ ငယ်ငယ်ကတည်းက သိကြတဲ့သူတွေက သူ့ကို ချစ်စနိုးနဲ့ ဖြူသဲ လို့ ခေါ်ကြတယ်။ ဘာကြောင့် ဖြူသဲလို့ ခေါ်တာလဲ ဆိုတာတော့ သိတဲ့သူက ခပ်ရှားရှား။(သိတဲ့သူက ဘာသာပြန်တက်တယ်)

နာမည်ကြီးချင်တော့လည်း တစ်ချက်တည်းပါ့လားနော်။ အခုတော့ ဒီနံမည် မသိတဲ့သူတွေက ခေတ်မမှီလွန်းလို့ သိတဲ့သူတွေကို messenger Viber ဖုန်း စသည်ဖြင့် တိုးတိုး တိတ်တိတ် မေးနေကြလေရဲ့။

သူက သိပ်စကား အများကြီးပြောတက်သူ မဟုတ်။ စကားနည်းလွန်းတယ်။ သူပြောချင်မှ ပြောတာ။ အလွန်ဆုံး ပြောလှ တစ်ခွန်း နှစ်ခွန်း။
ဓါတ်ပုံ ရိုက်မယ်လို့ ပြောလိုက်မှ "ရိုက် ရိုက်" ဒီလောက်ဘဲ တစ်ခွန်းတစ်လေ ပြောတက်သူ။

မွေးတာလဲ ကြည့်အုံးလေ။ စနေသမီး။စနေသမီး စိတ်ကြီးတယ်။ သူ့အမေကအစ ဗုဒ္ဓဟူးနေ့ကတည်းက ဗိုက်နာပြီး မွေးချင်နေတာ စနေဖြစ်အောင် (၃)ရက်လောက် ဇွတ်ပိတ်ပြီး စနေမှ စနေ ရအောင်မွေးခဲ့သူ။ မအေတူတယ်လို့ဘဲ ပြောရလေမလား။ နေတက် ရေတက်ကြမှ မွေးလာသူလေးမို့ အပြောထက် လက်တွေ့ဘဝမှာ အောင်မြင်သူဖြစ်တာပေါ့လေ။

ရွာမှာဆိုတော့ ဘယ်သွားသွား နေပူပူ မိုးရွာရွာ အဆင်ပြေအောင် ဗီယက်နမ် ခမောက်နဲ့တူတဲ့ ဝါး ခမောက်ကလေးတော့ အမြဲဆောင်နေကြ။
မြင်တဲ့သူတိုင်းကတော့ မတင်ညွန့်ကို နန်းဆန်လိုက်တာကြီး ပြောနေကြတာဘဲ။

မတင်ညွန့်ကိုလား သိတဲ့သူက အများသား ချစ်တဲ့သူကအများသား ဆိုတော့လဲ ထိကပါးရိကပါး လုပ်ဖို့ မပြောနဲ့ စေ့စေ့ ကြည့်ဝင့်တဲ့သူတောင် သိပ်မရှိ။ မတင်​ညွန့်ကိုမထိနဲ့​ မိုက်​ရင်​ထွက်​ခဲ့ ဆိုပြီး ကာကွယ်မဲ့သူကလဲ ဒုနဲ့ဒေး။

အနေအထိုင်တက်သူမို့ ဆဲဆိုပြီး ပြောတာလဲမရှိ။လုပ်ရပ်နဲ့ အနိုင်ယူတက်တာလေးတော့ တောသူမို့ ခွင့်လွှတ်ရတာပေါ့။

အခုခေတ်စားနေတဲ့ ဇွန်ကြီးတို့ ဇာကြီးတို့ လုလု တို့ နေခဲ့လိုက်တော့။ မတင်ညွန့်က သနားတယ်။
ချော်လဲတာတောင် အိုက်တင်လေး အပြည့်နဲ့ လဲတာရယ်။ မင်းသမီး တွေကတောင် ဘယ်လိုချော်လဲလိုက်တာလဲ မတင်ညွန့်ရယ်လို့ မေးယူရတဲ့အထိ လဲတဲ့အိုက်တင်လေးက အပြည့်။

တောဆိုတော့ ဟိုရိုက်ဒီရိုက် ရိုက်ရအောင် ကင်မရာ အစုတ်လေးတစ်လုံးတော့ သွားလေရာ ဆောင်ထားတက်တဲ့ မတင်ညွန့်။ ကင်မရာ အစုတ်ဆိုပေမယ့် ရုပ်ထွက် ကြည်သားနော်။ mega pixel မြင့်တယ်ဘဲ ပြောရမှာပေါ့။ သူမထင်တဲ့သူ သိပ်သဘောမကျတဲ့သူကိုတော့ အဖြူအမဲဘဲရမယ်ဆိုပြီး ရိုက်ပေးတယ်။ တစ်ချို့ အရိုက်ခံပြီးသူတွေရဲ့ပုံတွေ အဖြူအမဲနဲ့ လိုင်းပေါ်တက်နေပြီ။

အခုတော့ ဓါတ်ပုံသမား တော်တော်များများကလဲ ဓါတ်ပုံရိုက်မယ်ဆို မော်ဒယ်က ရိုက် ရိုက် ဆိုပီးပြေားလိုက်တိုင်း မတင်ညွန့် မျက်နှာကြီး ပြေးပြေးမြင်နေကြတယ်ဆိုတယ်။ အဲဒီလောက်ထိ လွှမ်းမိုးတဲ့ မတင်ညွန့်။

ချစ်သူချင်းဆိုရင်လဲ
"စိုးရိမ်တယ် မင်းလေးကို မိုးရာသီရဲ့ လမ်းချောတယ့် မြေသားတွေကို မနင်းပါနဲ့
မတင်ညွန့် ဖြစ်နေအုံးမယ် လို့"
ပြောပြီး စိုးရိမ်တက်တဲ့ အတွဲတွေ များလာပြီ။
ဟုတ်တယ်လေ ဘယ်ချစ်သူကမှ ကိုယ့်စော်ကို ချာ်လဲ ရောဖြဲဖြစ်စေချင် အဲလေ ရောင်လို့ ချော်လဲ ရောထိုင် ဖြစ်စေချင်ပါ့မလဲ နော့်။

ကိုယ်မကျေနပ်တဲ့သူက ကိုယ် post မှာ မဟုတ်မဟတ် လာရေးလို့ကတော့ လာထားဘဲ။ ခေတ်မှီမှီပြန်ရေးလိုက်မယ်
"Ha Ha တော့မရဘူး မတင်ညွန့်ပဲရမယ်"
ဒါမျိုး
ခေတ်လဲမှီရော ကိုယ်ပြောချင်တာလေးလဲ ပြောထည့်လိုက်ရရောအေ မကောင်းဘူးလား ဟီးးးး

မနက်က အလှူမှာ ဆုံလို့ မတင်ညွန့်က ခပ်အေးအေး နဲ့ တိုးတိုးလေး လာမေးသွားတယ်
ဘာတဲ့....

ကျွန်​မ ​​ချောလားဟင်​ 😨

ကိုဖြိုး (ပွင့်သောပန်းတိုင်း မွှေးရမည်)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...