လက်ရှိ မင်းသား ဈေးကွက် မှာထိပ်ဆုံးဖြစ်နေပေမယ့် အနုပညာကြေးလျှော့ယူနေရတဲ့ ပြေတီဦး
” လက်ရှိမှာ ကျွန်တော် တို့ ဗီဒီယို ဈေးကွက် က အဆင်မပြေတဲ့ အခြေအနေပေါ့ . အဲ့ဒါကြောင့်လည်း ပရိုဂျူဆာ တွေအကုန်လုံးက ရုပ်ရှင်ရိုက်ဖို့ပဲ စိတ်အားထက်သန်နေကြတာလေ.. ကျွန်တော် တို့လည်း လက်ရှိမှာ ဗီဒီယို တွေ ကို အချိန်ပေးပြီး ပြန်ရိုက်ပေး ဖြစ်တယ် ဗီဒီယို ဇာတ်ကား တစ်လကိုတော့ တစ်ကားလောက် ပုံမှန် ရိုက်ကူး ဖြစ်တယ် ” လို့ပြောပါတယ် ။
လက်ရှိ ဗီဒီယို ရိုက်ကူးတဲ့ အခါ အနုပညာကြေး က အရင်က လို မျိုး ယူ လို့ မရတဲ့ အခါ ဗီဒီယို ရိုက်ကူး မူအပေါ်အားလျော့တာ ရှိလား ဆိုတော့ ” အဲ့ဒိလို မရှိပါဘူး. အခု ဗီဒီယို ရိုက်ကူးတဲ့ အခါ အရင်ကထက် အနုပညာကြေး ကို အများကြီး လျှော့ယူ ပေးရတယ် ဒါကလည်း ရုပ်ရှင်မကြည့်ရတဲ့ နယ်က ပရိသတ်တွေ ရုပ်ရှင်သွားမကြည့်ဖြစ်တဲ့ မြို့ ပေါ်က ပရိသတ်တွေပါ အနုပညာ ကြေးတွေအများကြီး လျော့ယူ ရလို့ ကျွန်တော်တို့အတွက်နစ်နာတာမျိုးတော့ရှိပေမယ့် ဇာတ်ကားရိုက်ကူးမူအပေါ်အားလျော့တာ တော့မရှိပါဘူး ကိုယ်လက်ခံပြီး လုပ်တဲ့ အလုပ်ကို အကောင်းဆုံးလုပ်ပါတယ် ပြီးတော့ ပရိသတ်ပေးလို့ ဒီနေရာ ရောက်လာတာပါ ပရိသတ်အတွက် ရိုက်ပေးတာပါ” လို့ပြောပါတယ် ။
လက်ရှိ မင်းသား ဈေးကွက် မှာတော့ ပြေတီဦး က ရုပ်ရှင် တစ်ကားရိုက်ရင် ကျပ်သိန်း ၂၅၀ ရပြီးတော့ ဦးဆောင်နေသလို နေတိုး က ကျပ်သိန်း ၂၄၀ နဲ့ ဦးဆောင်နေတယ် လို့ ခန့်မှန်းပြောဆိုထားကြတာကို လည်း သိရပါတယ်။
===========
လက်ရှိ မင်းသား စျေးကွက် မှာထိပ်ဆုံးက နေ ရပ်တည်နေတဲ့ မင်းသား ကတော့ အကယ်ဒမီ များရှင် မင်းသား ပြေတီဦး ပါ ။ သူဟာရုပ်ရှင်ဇာတ်ကားတွေ ဆတ်တိုက်ရိုက်ကူးနေသလို မိသားစုအတွက်လည်း အချိန်ပေး နေသူပါ။ မကြာခင်ကမှသမီးကြီး ပြေသုဒြာ ကျောင်းပိတ်ရက်မှာ မော်ဒိုက် ကမ်းခြေ ကို မိသားစု လိုက် ခရီးထွက်ခဲ့ပါသေးတယ်။လက်ရှိမှာ ရုပ်ရှင်စျေးကွက် ဦးမော့ပြီး ဗီဒီယို စျေးကွက် ခေတ်ပျတ်နေတဲ့ အချိန်မှာ နာမည်ကြီးမင်းသား တွေလည်း ဗီဒီယို ရိုက်ကူး မူအပေါ် ပြန်လည်အာရုံစိုက်လာကြတာလည်းတွေရပါတယ်။ ခရီးကပြန်လာပြီး တာနဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးနေတာကြောင့် ဗီဒီယိုဇာတ်ကား ရိုက်ကူးမူနဲ့ပတ်သတ်ပြီးတော့ လည် ပြေတီဦးက Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ်။
” လက်ရှိမှာ ကျွန်တော် တို့ ဗီဒီယို စျေးကွက် က အဆင်မပြေတဲ့ အခြေအနေပေါ့ . အဲ့ဒါကြောင့်လည်း ပရိုဂျူဆာ တွေအကုန်လုံးက ရုပ်ရှင်ရိုက်ဖို့ပဲ စိတ်အားထက်သန်နေကြတာလေ.. ကျွန်တော် တို့လည်း လက်ရှိမှာ ဗီဒီယို တွေ ကို အချိန်ပေးပြီး ပြန်ရိုက်ပေး ဖြစ်တယ် ဗီဒီယို ဇာတ်ကား တစ်လကိုတော့ တစ်ကားလောက် ပုံမှန် ရိုက်ကူး ဖြစ်တယ် ” လို့ပြောပါတယ် ။
ရုပ်ရှင် ရိုတ်ရင် အနုပညာကြေးက ဗီဒီယို ဇာတ်ကား ရိုတ်ကူးမူထက် ပိုမြင့်မားတာကြောင့် ဗီဒီယို ပြန်ရိုတ်ပေးနေတာက ပရိသတ်အတွက်လား ဆိုတော့”ဟုတ်တာပေါ့.. အမှန်တိုင်းပြောရရင် ငွေရေးကြေးရေးအနေနဲ့တွက်မယ်ဆိုရင် ကျွန်တော် တို့က ရုပ်ရှင်ပဲ ရိုက်ချင်တာပေါ့ ဒါပေမယ့် အရာရာ ကို ငွေကြေးနဲ့ တွက် လို့ မရဘူးလေ ကျွန်တော် ဆိုရင်လည်း ဗီဒီယို ဇာတ်ကား တွေနဲ့ ပဲ ပရိသတ်အားပေးမူ ရရှိလာတာလေ။ အဲ့ဒိတော့ ဗီဒီယို ပရိသတ်အပေါ် ကိုလည်း ပြန်ကြည့်ပေးရတယ် နယ်တွေမှာက ရုပ်ရှင်ရုံမရှိဘူး.. အဲ့ဒိအခါ ဗီဒီယိုကိုပဲ အားကိုးကြည့်ရတယ် အဲ့ဒါကြောင့် ဗီဒီယို ဇာတ်ကား တွေ လည်း ရိုက်ပေးဖြစ်တယ် အဓိက က ပရိသတ်ကြောင့်ပါပဲ ပရိသတ်က ထမင်းရှင်ပါ.” လို့ပြောပါတယ် ။
လက်ရှိ ဗီဒီယို ရိုက်ကူးတဲ့ အခါ အနုပညာကြေး က အရင်က လို မျိူး ယူ လို့ မရတဲ့ အခါ ဗီဒီယို ရိုက်ကူး မူအပေါ်အားလျော့တာ ရှိလား ဆိုတော့ ” အဲ့ဒိလို မရှိပါဘူး. အခု ဗီဒီယို ရိုက်ကူးတဲ့ အခါ အရင်ကထက် အနုပညာကြေး ကို အများကြီး လျှော့ယူ ပေးရတယ် ဒါကလည်း ရုပ်ရှင်မကြည့်ရတဲ့ နယ်က ပရိသတ်တွေ ရုပ်ရှင်သွားမကြည့်ဖြစ်တဲ့ မြို့ ပေါ်က ပရိသတ်တွေပါ အနုပညာ ကြေးတွေအများကြီး လျော့ယူ ရလို့ ကျွန်တော်တို့အတွက်နစ်နာတာမျိူးတော့ရှိပေမယ့် ဇာတ်ကားရိုက်ကူးမူအပေါ်အားလျော့တာ တော့မရှိပါဘူး ကိုယ်လက်ခံပြီး လုပ်တဲ့ အလုပ်ကို အကောင်းဆုံးလုပ်ပါတယ် ပြီးတော့ ပရိသတ်ပေးလို့ ဒီနေရာ ရောက်လာတာပါ ပရိသတ်အတွက် ရိုက်ပေးတာပါ” လို့ပြောပါတယ် ။
လက်ရှိ မင်းသား စျေးကွက် မှာတော့ ပြေတီဦး က ရုပ်ရှင် တစ်ကားရိုက်ရင် ကျပ်သိန်း ၂၅၀ ရပြီးတော့ ဦးဆောင်နေသလို နေတိုး က ကျပ်သိန်း ၂၄၀ နဲ့ ဦးဆောင်နေတယ် လို့ ခန့်မှန်းပြောဆိုထားကြတာကို လည်း သိရပါတယ်။
Credit : Myanmar Celebrities
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...