ရင္ကြဲစရာမ်ားစြာနဲ႔ အသိတရားေတြေပးသြားတဲ့ လန္ဒန္မီးေလာင္မႈက ရင္နင့္စရာ အျဖစ္မွန္


ညသန္းေခါင္ေက်ာ္မွာ အသက္ ၂၂ ႏွစ္အရြယ္ တကၠသိုလ္ေက်ာင္းသားဆာဂ်တ္ဟာ ရုပ္ရွင္ၾကည့္ေနတုန္းမွာ သူ႔အေမ ဆီက ဖုန္း၀င္လာတယ္။ သူ႔အေမရဲ႕ စကားေျပာသံဟာ ေၾကာက္ရြံ႕တုန္လွဳပ္မွဳ လႊမ္းမိုးေနတယ္။

“သားေရ အျမန္ျပန္လာခဲ့ပါ။ အေမတို႔အိမ္ မီးေလာင္ေနတယ္” ဆာဂ်တ္ဟာ ရုပ္ရွင္ရံုက ထြက္ျပီး သူ႔အိမ္ကို ခ်က္ျခင္း ထြက္သြားတယ္။ ရုပ္ရွင္ရံုနဲ႔ မေ၀းကြာလွတဲ့ သူ႔အိမ္ကို မိနစ္ပိုင္းအတြင္း ေရာက္သြားတယ္။

သူေနတဲ႔ အထပ္ ၂၇ ထပ္နဲ႔ အခန္းေပါင္း ၁၂၀ ရွိတဲ့ Grenfell Tower ကြန္ဒိုအေဆာက္အဦဟာ ညအေမွာင္ၾကားမွာ ထိန္လင္းေနတဲ့ မီးေတာက္ၾကီး ဖံုးလႊမ္းေနတာကို ဆာဂ်တ္ေတြ႔လုိက္ရတယ္။ မီးေတာက္ၾကီးဟာ ၾကီးမားလြန္းလို႔ အနား မကပ္နုိင္သလို မီးေလာင္ေညာ္နံ႔ေတြ ပတ္၀န္းက်င္တစ္လံုး ပ်ံ႔နွံ႔ေနပါတယ္။

ဆာဂ်တ္ဟာ ဘာမွမတတ္နိုင္လို႔ မီးေလာင္ေနတဲ့ သူ႔အေမေနတဲ့ ကြန္ဒိုၾကီးကို ရပ္ၾကည့္ေနစဥ္မွာပဲ “လူတစ္ေယာက္ ခုန္ခ်ေနျပီ။ လူတစ္ေယာက္ ခုန္ခ်ေနျပီ” ဆိုတဲ့ အသံၾကားရလို႔ ၾကည့္လိုက္ေတာ့ ၁၆ ထပ္လား၊ ၁၇ ထပ္ကလား လူတ စ္ေယာက္ ျပဳတင္းေပါက္က ခုန္ခ်လိုက္တာကို မီးေရာင္ေၾကာင့္ ေတြ႔လိုက္ရတယ္။

ဒီအျမင့္က ခုန္ခ်လို႔ သူ အသက္ရွင္ဖြယ္ရာ မရွိပါဘူး။ ခဏအၾကာမွာ ကေလးတစ္ေယာက္ဟာ ျပဳတင္းေပါက္ကေန ထြ က္က်လာတာကို ေတြ႔လိုက္ရတယ္။ ေအာက္က လူေတြဟာ ဒီကေလးကို ဖမ္းယူလိုက္နိုင္ရင္ သူအသက္ရွင္မယ္လို႔ ေမ်ာ္ လင့္ခ်က္နဲ႔ သူမိဘေတြက ကေလးေတြကို ပစ္ခ်လိုက္ဟန္တူပါတယ္။

ျပဳတင္းေပါက္တစ္ခ်ိဳ႕မွာ ကေလးတစ္ခ်ိဳ႕ဟာ တြယ္ကပ္ေနၾကတာကို ေတြ႔ရတယ္။ ေနာက္ေတာ့ မီးခိုးလံုးၾကီးေ တြၾကား မွာ သူတို႔ကို မျမင္ရေတာ့ဘူး။ မီးေလာင္မွဳေၾကာင့္ လူ ၁၂ ေယာက္ ေသဆံုးျပီး ၆၈ ေယာက္ ဒဏ္ရာရတယ္လို႔ သတင္း ၾကားရပါတယ္။

ဒါဟာ မေန႔က မနက္ပိုင္း ၁ နာရီေလာက္က လန္ဒန္ျမိဳ႕အေနာက္ပိုင္းက ေျမာက္ကင္စတန္ျမိဳ႕မွာ မိုးေမ်ာ္တိုက္ၾကီးတစ္ ခုရဲ႕ မီးေလာင္မွဳရဲ႕ အျဖစ္အပ်က္တစ္ခုပါ၊ လူေပါင္း ၅၀၀ ေလာက္ ေနတဲ့ အဲဒီအေဆာက္အဦရဲ႕ ၉ ထပ္ကေန ၂၄ ထပ္ ကို ၁၀ မိနစ္အတြင္း ကူးစက္ေလာင္ကၽြမ္းသြားလို႔ အေပၚထပ္က လူေတြ ဆင္းေျပးခ်ိန္ မရလုိက္ပဲ မီးခိုးလံုးၾကီးေတြ ၾကား မွာ ပိတ္မိေနၾကရတယ္။

မီးေလာင္ကၽြမ္းမွဳရဲ႕ အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးေရးေတြက အစီရင္ခံစာမထုတ္ျပန္ေသးေပမယ့္ လူေတြက အေၾကာ င္းရင္းကို ခုလိုေျပာေနၾကပါတယ္။ အဲဒီအေဆာက္အဦရဲ႕ အျပင္ဖက္နံရံေတြကို မၾကာခင္က အလွဆင္ပလတ္စတစ္ျပားေ တြနဲ႔ ကာရံလိုက္လို႔ အထပ္ေတြကို မီးကူူးတာ ျမန္တာပါ။

အုတ္နံရံဆိုရင္ ဒီေလာက္မီးျမန္ျမန္ မကူးနိုင္ပါဘူးတဲ့။ ေနာက္တစ္ခုက မီးေလာင္ရင္ ဆင္းေျပးဖို႔ အေဆာက္အအံု အလ ယ္မွာ ေလွကားၾကီးတစ္ခုပဲ ရွိပါတယ္။ မီးေလာင္ရင္ ဆင္းေျပးဖို႔ မီးသတ္ေလွကားမရွိဘူးတဲ့။

ဒီအျဖစ္အပ်က္ကို လူအေတာ္မ်ားမ်ားဟာ သတင္းတစ္ပုဒ္အျဖစ္ အင္တာနက္နဲ႔ ေဖ့စ္ဘုတ္ေတြမွာ ဖတ္လိုက္မိၾကမွာပါ။ ဒါေပမဲ့ အေတာ္မ်ားမ်ားကေတာ့ ဒါဟာ အဂၤလန္မွာ ျဖစ္တာ ငါတို႔နဲ႔ မဆိုင္ပါဘူး။ ငါတို႔ေနတာ ၂၃ ထပ္္မဟုတ္လို႔ ပူစရာ မလိုပါဘူးလို႔ ထင္ၾကမွာပါ။

လူ႔စိတ္သေဘာဟာ ဆန္းၾကယ္တယ္လို႔ ေျပာရမွာလား။ ရယ္စရာေကာင္းတယ္လို႔ပဲ ေျပာရမွာလားပဲ။ သူမ်ားေတြ သိန္း တစ္ေသာင္းဆု ေပါက္ရင္ ငါလည္း ေပါက္နိုင္တယ္လို႔ ထင္ၾကတယ္။ ဒါေပမဲ့ လူတစ္ေယာက္ေယာက္ ကားတိုက္ခံရလို႔ ေသသြားရင္ ငါလည္း ကားတုိက္ခံရနုိင္တယ္လို႔ မေတြးၾကဘူး။

ဒီလိုပါပဲ၊ အဂၤလန္မွာ ျဖစ္တာပါ၊ ငါတို႔ဆီမွာ မျဖစ္နုိင္ဘူးလို႔ ထင္တတ္ၾကပါတယ္။ ေနာက္ျပီး ဒီအျဖစ္အပ်က္ထက္ သာ တာ ကၽြန္ေတာ္တို႔နိုင္ငံမွာ ရွိပါတယ္။ အဲဒါက အထပ္ျမင့္ အေဆာက္အအံုေတြရဲ႕ ေနာက္ဖက္မွာ မီးသတ္ေလွကားေတြ မထားမေနရ ထားေပးထားပါတယ္။

ဒါေပမဲ့ အဲဒီမီးသတ္ေလွကားေတြမွာ အိမ္သံုးပစၥည္းေတြ၊ ျခင္းေတာင္ေတြ၊ ဘီရိုေတြ၊ ေလေအးေပးစက္ေတြနဲ႔ ပိတ္ဆို႔ ထားလို႔ တကယ္မီးေလာင္ရင္ အေပၚထပ္က လူေတြ ဆင္းေျပးမရပါဘူး။ ဒါဆိုရင္ အခုေရးတဲ့ အျဖစ္အပ်က္ထဲကလို အထပ္အျမင့္ေပၚက ခုန္ခ်ျပီး ေသပြဲ၀င္ရသလို အျဖစ္မ်ိဳး၊ မိမိကေလးကို အသက္ရွင္လို ရွင္ျငားဆိုျပီး ျပဳတင္းေပါက္က လႊင့္ပစ္လိုက္ရတဲ့ ၀မ္းနည္းေၾကကြဲစရာ အျဖစ္မ်ိဳး မၾကံဳနိုင္ၾကဘူးလားဆိုတာကို စဥ္းစားၾကပါ။

တစ္ခ်ိဳ႕ကေတာ့ ေျပာၾကပါလိမ့္မယ္။ အစိုးရိမ္ၾကီးရန္ေကာလို႔။ ဒါေပမဲ့ ကၽြန္ေတာ္ေျပာျပခ်င္တာက ကံကို ယံုျပီး ဆူးပံုမန င္းပါနဲ႔။ ငါတို႔တုိက္ကေတာ့ မီးေလာင္မွာ မဟုတ္ဘူးလို႔ ထင္မေနပါနဲ႔။ မီးေဘးအႏၱရာယ္ကို ကာကြယ္တဲ့ေနရာမွာ အလြန္ စည္းကမ္းတင္းၾကပ္တဲ့ စကၤာပူနိုင္ငံမွာ ျပီးခဲ့တဲ့လက ခ်န္ဂီေလဆိပ္အပါအဝင္ မီးအၾကီးအက်ယ္ ႏွစ္ၾကိမ္ေလာင္ခဲ့ပါေသး တယ္။

အမွန္က အထပ္ျမင့္အေဆာက္အဦေတြရဲ႕ မီးသတ္ေလွကားေတြမွာ ပစၥည္းေတြ ပိတ္ဆို႔ေနတာကို ပညာေပးတာ၊ အေရး ယူျပီး ဖယ္ရွားခို္င္းတာကို မီးသတ္ဦးစီးဌာနက ေဆာင္ရြက္ရမွာပါ။ အစိုးရတစ္ရပ္ဟာ လူထုအတြက္ အႏၱရာယ္ရွိတာကို ကာကြယ္ေပးဖို႔ လုပ္သင့္တာကို မလုပ္ရင္ လူထုအားျဖင့္ အေရြ႕တစ္ခုကို ျပဳလုပ္လို႔ ရပါတယ္။

အခ်ိန္မေႏွာင္းေသးခင္ သင္ေနတဲ့တိုက္ရဲ႕ ေနာက္ဖက္က မီးသတ္ေလွကားကို ၾကည့္လိုက္ပါအံုး။ မီးေလာင္ရင္ သင္နဲ႔ သင့္အေမအို၊ ကေလးေတြ လြတ္လြတ္လပ္လပ္ ဆင္းေျပးလို႔ရတယ္ဆိုမွ ဒီည စိတ္ေအးလက္ေအး အိပ္လိုက္ပါ။

Credit – ဗန္းေမာ္သိန္းေဖ/ပရေလာကမွ ရွားပါးမွတ္တမ္းမ်ား | Facebook
Source : goo.gl/N6uzLp
==========

ညသန်းခေါင်ကျော်မှာ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဆာဂျတ်ဟာ ရုပ်ရှင်ကြည့်နေတုန်းမှာ သူ့အမေ ဆီက ဖုန်းဝင်လာတယ်။ သူ့အမေရဲ့ စကားပြောသံဟာ ကြောက်ရွံ့တုန်လှုပ်မှု လွှမ်းမိုးနေတယ်။

“သားရေ အမြန်ပြန်လာခဲ့ပါ။ အမေတို့အိမ် မီးလောင်နေတယ်” ဆာဂျတ်ဟာ ရုပ်ရှင်ရုံက ထွက်ပြီး သူ့အိမ်ကို ချက်ခြင်း ထွက်သွားတယ်။ ရုပ်ရှင်ရုံနဲ့ မဝေးကွာလှတဲ့ သူ့အိမ်ကို မိနစ်ပိုင်းအတွင်း ရောက်သွားတယ်။

သူနေတဲ့ အထပ် ၂၇ ထပ်နဲ့ အခန်းပေါင်း ၁၂၀ ရှိတဲ့ Grenfell Tower ကွန်ဒိုအဆောက်အဦဟာ ညအမှောင်ကြားမှာ ထိန်လင်းနေတဲ့ မီးတောက်ကြီး ဖုံးလွှမ်းနေတာကို ဆာဂျတ်တွေ့လိုက်ရတယ်။ မီးတောက်ကြီးဟာ ကြီးမားလွန်းလို့ အနား မကပ်နိုင်သလို မီးလောင်ညော်နံ့တွေ ပတ်ဝန်းကျင်တစ်လုံး ပျံ့နှံ့နေပါတယ်။

ဆာဂျတ်ဟာ ဘာမှမတတ်နိုင်လို့ မီးလောင်နေတဲ့ သူ့အမေနေတဲ့ ကွန်ဒိုကြီးကို ရပ်ကြည့်နေစဉ်မှာပဲ “လူတစ်ယောက် ခုန်ချနေပြီ။ လူတစ်ယောက် ခုန်ချနေပြီ” ဆိုတဲ့ အသံကြားရလို့ ကြည့်လိုက်တော့ ၁၆ ထပ်လား၊ ၁၇ ထပ်ကလား လူတ စ်ယောက် ပြုတင်းပေါက်က ခုန်ချလိုက်တာကို မီးရောင်ကြောင့် တွေ့လိုက်ရတယ်။

ဒီအမြင့်က ခုန်ချလို့ သူ အသက်ရှင်ဖွယ်ရာ မရှိပါဘူး။ ခဏအကြာမှာ ကလေးတစ်ယောက်ဟာ ပြုတင်းပေါက်ကနေ ထွ က်ကျလာတာကို တွေ့လိုက်ရတယ်။ အောက်က လူတွေဟာ ဒီကလေးကို ဖမ်းယူလိုက်နိုင်ရင် သူအသက်ရှင်မယ်လို့ မျော် လင့်ချက်နဲ့ သူမိဘတွေက ကလေးတွေကို ပစ်ချလိုက်ဟန်တူပါတယ်။

ပြုတင်းပေါက်တစ်ချို့မှာ ကလေးတစ်ချို့ဟာ တွယ်ကပ်နေကြတာကို တွေ့ရတယ်။ နောက်တော့ မီးခိုးလုံးကြီးေ တွကြား မှာ သူတို့ကို မမြင်ရတော့ဘူး။ မီးလောင်မှုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၆၈ ယောက် ဒဏ်ရာရတယ်လို့ သတင်း ကြားရပါတယ်။

ဒါဟာ မနေ့က မနက်ပိုင်း ၁ နာရီလောက်က လန်ဒန်မြို့အနောက်ပိုင်းက မြောက်ကင်စတန်မြို့မှာ မိုးမျော်တိုက်ကြီးတစ် ခုရဲ့ မီးလောင်မှုရဲ့ အဖြစ်အပျက်တစ်ခုပါ၊ လူပေါင်း ၅၀၀ လောက် နေတဲ့ အဲဒီအဆောက်အဦရဲ့ ၉ ထပ်ကနေ ၂၄ ထပ် ကို ၁၀ မိနစ်အတွင်း ကူးစက်လောင်ကျွမ်းသွားလို့ အပေါ်ထပ်က လူတွေ ဆင်းပြေးချိန် မရလိုက်ပဲ မီးခိုးလုံးကြီးတွေ ကြား မှာ ပိတ်မိနေကြရတယ်။

မီးလောင်ကျွမ်းမှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးတွေက အစီရင်ခံစာမထုတ်ပြန်သေးပေမယ့် လူတွေက အကြော င်းရင်းကို ခုလိုပြောနေကြပါတယ်။ အဲဒီအဆောက်အဦရဲ့ အပြင်ဖက်နံရံတွေကို မကြာခင်က အလှဆင်ပလတ်စတစ်ပြားေ တွနဲ့ ကာရံလိုက်လို့ အထပ်တွေကို မီးကူူးတာ မြန်တာပါ။

အုတ်နံရံဆိုရင် ဒီလောက်မီးမြန်မြန် မကူးနိုင်ပါဘူးတဲ့။ နောက်တစ်ခုက မီးလောင်ရင် ဆင်းပြေးဖို့ အဆောက်အအုံ အလ ယ်မှာ လှေကားကြီးတစ်ခုပဲ ရှိပါတယ်။ မီးလောင်ရင် ဆင်းပြေးဖို့ မီးသတ်လှေကားမရှိဘူးတဲ့။

ဒီအဖြစ်အပျက်ကို လူအတော်များများဟာ သတင်းတစ်ပုဒ်အဖြစ် အင်တာနက်နဲ့ ဖေ့စ်ဘုတ်တွေမှာ ဖတ်လိုက်မိကြမှာပါ။ ဒါပေမဲ့ အတော်များများကတော့ ဒါဟာ အင်္ဂလန်မှာ ဖြစ်တာ ငါတို့နဲ့ မဆိုင်ပါဘူး။ ငါတို့နေတာ ၂၃ ထပ််မဟုတ်လို့ ပူစရာ မလိုပါဘူးလို့ ထင်ကြမှာပါ။

လူ့စိတ်သဘောဟာ ဆန်းကြယ်တယ်လို့ ပြောရမှာလား။ ရယ်စရာကောင်းတယ်လို့ပဲ ပြောရမှာလားပဲ။ သူများတွေ သိန်း တစ်သောင်းဆု ပေါက်ရင် ငါလည်း ပေါက်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ လူတစ်ယောက်ယောက် ကားတိုက်ခံရလို့ သေသွားရင် ငါလည်း ကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး။

ဒီလိုပါပဲ၊ အင်္ဂလန်မှာ ဖြစ်တာပါ၊ ငါတို့ဆီမှာ မဖြစ်နိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ နောက်ပြီး ဒီအဖြစ်အပျက်ထက် သာ တာ ကျွန်တော်တို့နိုင်ငံမှာ ရှိပါတယ်။ အဲဒါက အထပ်မြင့် အဆောက်အအုံတွေရဲ့ နောက်ဖက်မှာ မီးသတ်လှေကားတွေ မထားမနေရ ထားပေးထားပါတယ်။

ဒါပေမဲ့ အဲဒီမီးသတ်လှေကားတွေမှာ အိမ်သုံးပစ္စည်းတွေ၊ ခြင်းတောင်တွေ၊ ဘီရိုတွေ၊ လေအေးပေးစက်တွေနဲ့ ပိတ်ဆို့ ထားလို့ တကယ်မီးလောင်ရင် အပေါ်ထပ်က လူတွေ ဆင်းပြေးမရပါဘူး။ ဒါဆိုရင် အခုရေးတဲ့ အဖြစ်အပျက်ထဲကလို အထပ်အမြင့်ပေါ်က ခုန်ချပြီး သေပွဲဝင်ရသလို အဖြစ်မျိုး၊ မိမိကလေးကို အသက်ရှင်လို ရှင်ငြားဆိုပြီး ပြုတင်းပေါက်က လွှင့်ပစ်လိုက်ရတဲ့ ဝမ်းနည်းကြေကွဲစရာ အဖြစ်မျိုး မကြုံနိုင်ကြဘူးလားဆိုတာကို စဉ်းစားကြပါ။

တစ်ချို့ကတော့ ပြောကြပါလိမ့်မယ်။ အစိုးရိမ်ကြီးရန်ကောလို့။ ဒါပေမဲ့ ကျွန်တော်ပြောပြချင်တာက ကံကို ယုံပြီး ဆူးပုံမန င်းပါနဲ့။ ငါတို့တိုက်ကတော့ မီးလောင်မှာ မဟုတ်ဘူးလို့ ထင်မနေပါနဲ့။ မီးဘေးအန္တရာယ်ကို ကာကွယ်တဲ့နေရာမှာ အလွန် စည်းကမ်းတင်းကြပ်တဲ့ စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့လက ချန်ဂီလေဆိပ်အပါအဝင် မီးအကြီးအကျယ် နှစ်ကြိမ်လောင်ခဲ့ပါသေး တယ်။

အမှန်က အထပ်မြင့်အဆောက်အဦတွေရဲ့ မီးသတ်လှေကားတွေမှာ ပစ္စည်းတွေ ပိတ်ဆို့နေတာကို ပညာပေးတာ၊ အရေး ယူပြီး ဖယ်ရှားခို်င်းတာကို မီးသတ်ဦးစီးဌာနက ဆောင်ရွက်ရမှာပါ။ အစိုးရတစ်ရပ်ဟာ လူထုအတွက် အန္တရာယ်ရှိတာကို ကာကွယ်ပေးဖို့ လုပ်သင့်တာကို မလုပ်ရင် လူထုအားဖြင့် အရွေ့တစ်ခုကို ပြုလုပ်လို့ ရပါတယ်။

အချိန်မနှောင်းသေးခင် သင်နေတဲ့တိုက်ရဲ့ နောက်ဖက်က မီးသတ်လှေကားကို ကြည့်လိုက်ပါအုံး။ မီးလောင်ရင် သင်နဲ့ သင့်အမေအို၊ ကလေးတွေ လွတ်လွတ်လပ်လပ် ဆင်းပြေးလို့ရတယ်ဆိုမှ ဒီည စိတ်အေးလက်အေး အိပ်လိုက်ပါ။

Credit – ဗန်းမော်သိန်းဖေ/ပရလောကမှ ရှားပါးမှတ်တမ်းများ | Facebook
Source : goo.gl/N6uzLp

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...