တိုက္ရဲ႕ အစြန္းတစ္ဘက္ မွာ ညီမေလး တစ္ေယာက္ အေဝးႀကီးကို ေငးေနတယ္

ကြန္ကရစ္သား ထုထည္ႀကီးေတြနဲ႔ ေတာက္ပေျပာင္လက္ အေဆာက္ဦႀကီး ေတြဟာ သူ႔ကို မွီတြယ္မႈ မေပးစြမ္းႏိုင္ၿပီ လင္းေနတဲ့ အေမွာင္ ထဲမွာ သူဟာ ေပ်ာက္ဆံုးသြားတဲ့ အနာဂတ္ကိုေဖြရွာရင္း ညီမေလး ဟာ မီးျခစ္ဆံေလးနဲ႔တူတယ္ ။ တစ္ခ်ဳိ႕ရဲ႕ တခဏတာအလင္းအတြက္ ရွဲကနဲ တျခစ္ခတ္စာေလးအတြက္ သူ႔ဘဝတစ္ခုလံုး ေလာင္ကၽြမ္းေပးလိုက္ရတာ။

ေပ်ာ္ရြင္မႈ ဆိုတာ ဘာမ်ားလဲရွင္ ေလာကထဲမွာ ရွိမ်ားရွိပါ့မလားလို႔ သံသယႀကီးစြာ သူေမးတယ္။ ႏွနယ္တဲ့ႏွလံုး သားေ လးဟာ ၾကမ္းတမ္းခက္သေရာ္လြန္းတဲ့ ေလာကကို ရင္ဆိုင္ဖို႔ အားအင္မျပည့္စံုရွာ အေဝးႀကီး ကို ေငးရင္း ရွာရင္း ေမွ်ာ္လ င့္ခ်က္ဆိုတာ လိုက္ေလေဝးရင္း ညီမေလး ကိုႏွစ္သိမ့္ဖို႔ လက္တစ္ဘက္မွ မရွိေတာ့ေအာင္ ရွားပါးလြန္းတဲ့ဘဝ ညီမေလး မ်က္ရည္ ေတြအတြက္ မွီတြယ္ငိုေႂကြးစရာ ပခံုးတစ္ဘက္မွ မရွိေတာ့တဲ့ ေလာက။

ေႏြးေထြးမႈ ငတ္တယ္ ယံုၾကည္မႈ ငတ္တယ္ ကိုယ္ခ်င္းစာစိတ္နဲ႔ ၫွာတာမႈ ငတ္တယ္။ လူအျဖစ္နဲ႔ အသက္ရွင္ရတာ ေမာတယ္။

မနက္ဖန္ခါဆိုတာ ေသျခင္းတရားထက္ေတာင္ ေၾကာက္စရာ ေကာင္းေသးခဲ့ ညီ္ေလး အတြက္ …. အသက္ကိုေပး လိုက္ရတဲ့ အဆံုးစြန္နာက်င္မႈကို ရင္ဆိုင္ဝံ့ေပမယ့္ မနက္ဖန္ေတြကို ရင္ဆိုင္ဖို႔  ညီမေလး ခမ်ာ ပိုခက္ခဲ့။

မ်က္လံုး  ေတြ လက္ညွိဳးေတြ ဖိႏွိပ္ျခင္းေတြ ဥေပကၡာတရားေတြ ေအာက္ႏႈတ္ခမ္းကိုက္ထားတဲ့ဒါဏ္ရာထက္
ရင္ဘတ္ထဲက နာက်င္မႈဟာ ပိုကဲတဲ့အခါ သူရွိေနတာ တိုက္တစ္ဘက္စြန္းမဟုတ္ပဲ လူ႔အသိုင္းအဝိုင္းရိပ္ျမံဳရဲ႕ အစြန္ဘက္ျဖစ္ေၾကာင္း ညီမေလး သိသြားလိုက္တဲ့အခါ လူ႔ဘဝကို ညီမေလးေခါင္းခါခဲ့ေတာ့ရဲ႕။

အေဝးဆံုးနဲ႔ အ႐ွိဳင္းဆံုးဆီ ညီမေလး ခုန္ခ်လိုက္တယ္။ အေမွာင္ဟာ ဝုန္းကနဲေျပးဝင္လာ ေျမႀကီးကလာသူဟာ ေျမႀကီးဆီပဲ ျပန္ခဲ့တယ္။ အေမွာင္ထဲ ခုန္ခ်တဲ့ညီမေလးဟာ ကိုယ္တိုင္ အေမွာင္ ထုတစ္ခုအျဖစ္ ေပ်ာက္ဆံုး သြားေ တာ့တယ္။

Thorn Nay Soe သြန္းေန စိုး
Source : goo.gl/vwtIis
============

ကွန်ကရစ်သား ထုထည်ကြီးတွေနဲ့ တောက်ပပြောင်လက် အဆောက်ဦကြီး တွေဟာ သူ့ကို မှီတွယ်မှု မပေးစွမ်းနိုင်ပြီ လင်းနေတဲ့ အမှောင် ထဲမှာ သူဟာ ပျောက်ဆုံးသွားတဲ့ အနာဂတ်ကိုဖွေရှာရင်း ညီမလေး ဟာ မီးခြစ်ဆံလေးနဲ့တူတယ် ။ တစ်ချို့ရဲ့ တခဏတာအလင်းအတွက် ရှဲကနဲ တခြစ်ခတ်စာလေးအတွက် သူ့ဘဝတစ်ခုလုံး လောင်ကျွမ်းပေးလိုက်ရတာ။

ပျော်ရွင်မှု ဆိုတာ ဘာများလဲရှင် လောကထဲမှာ ရှိများရှိပါ့မလားလို့ သံသယကြီးစွာ သူမေးတယ်။ နှနယ်တဲ့နှလုံး သားေ လးဟာ ကြမ်းတမ်းခက်သရော်လွန်းတဲ့ လောကကို ရင်ဆိုင်ဖို့ အားအင်မပြည့်စုံရှာ အဝေးကြီး ကို ငေးရင်း ရှာရင်း မျှော်လ င့်ချက်ဆိုတာ လိုက်လေဝေးရင်း ညီမလေး ကိုနှစ်သိမ့်ဖို့ လက်တစ်ဘက်မှ မရှိတော့အောင် ရှားပါးလွန်းတဲ့ဘဝ ညီမလေး မျက်ရည် တွေအတွက် မှီတွယ်ငိုကြွေးစရာ ပခုံးတစ်ဘက်မှ မရှိတော့တဲ့ လောက။

နွေးထွေးမှု ငတ်တယ် ယုံကြည်မှု ငတ်တယ် ကိုယ်ချင်းစာစိတ်နဲ့ ညှာတာမှု ငတ်တယ်။ လူအဖြစ်နဲ့ အသက်ရှင်ရတာ မောတယ်။

မနက်ဖန်ခါဆိုတာ သေခြင်းတရားထက်တောင် ကြောက်စရာ ကောင်းသေးခဲ့ ညီ်လေး အတွက် …. အသက်ကိုပေး လိုက်ရတဲ့ အဆုံးစွန်နာကျင်မှုကို ရင်ဆိုင်ဝံ့ပေမယ့် မနက်ဖန်တွေကို ရင်ဆိုင်ဖို့  ညီမလေး ခမျာ ပိုခက်ခဲ့။

မျက်လုံး  တွေ လက်ညှိုးတွေ ဖိနှိပ်ခြင်းတွေ ဥပေက္ခာတရားတွေ အောက်နှုတ်ခမ်းကိုက်ထားတဲ့ဒါဏ်ရာထက်
ရင်ဘတ်ထဲက နာကျင်မှုဟာ ပိုကဲတဲ့အခါ သူရှိနေတာ တိုက်တစ်ဘက်စွန်းမဟုတ်ပဲ လူ့အသိုင်းအဝိုင်းရိပ်မြုံရဲ့ အစွန်ဘက်ဖြစ်ကြောင်း ညီမလေး သိသွားလိုက်တဲ့အခါ လူ့ဘဝကို ညီမလေးခေါင်းခါခဲ့တော့ရဲ့။

အဝေးဆုံးနဲ့ အရှိုင်းဆုံးဆီ ညီမလေး ခုန်ချလိုက်တယ်။ အမှောင်ဟာ ဝုန်းကနဲပြေးဝင်လာ မြေကြီးကလာသူဟာ မြေကြီးဆီပဲ ပြန်ခဲ့တယ်။ အမှောင်ထဲ ခုန်ချတဲ့ညီမလေးဟာ ကိုယ်တိုင် အမှောင် ထုတစ်ခုအဖြစ် ပျောက်ဆုံး သွားေ တာ့တယ်။

Thorn Nay Soe သွန်းနေ စိုး
Source : goo.gl/vwtIis

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...