မန်းချောင်းရေ မြင့်တက်မှုကြောင့် မန်းရွှေစက်တော် အောက်စက်တော်ရာ ရင်ပြင်အထက် ရေ ၂ ပေခန့်ကျော်လွန်



ငဖဲမြို့နယ်အတွင်း ဇွန် ၁၂ ရက်နှင့် ၁၃ ရက်နေများတွင် မုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မန်းချောင်းရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရသည်။
ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံမှာ ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန် ရေအမှတ်မှာ ၆၀၁.၃၀ ဖြစ်၍ ရေပိုလွှဲမှရေကျော်ရန် ၂၃. ၇၀ ပေ လိုပါတယ်၊ မိုးရေချိန် ၃.၂၅ လက်မ ဖြစ်သော်လည်း လုံးဝစိုးရိမ်စရာ မရှိပါဘူး တောင်ကျရေများစွာ ထပ်မံသိုလှောင်နိုင် ပါသေးတယ် ငဖဲမန်းချောင်းကူးတံတား ရေများနေခြင်းဟာ ဆတ်သေ ချောင်းရေနှင့် ပဇီချောင်းရေ များနေ၍ ဖြစ်ပါတယ်။ မန်းတမံရေပိုလွှဲမှ ကျော်လွန် စီးဆင်းလာတဲ့ရေ မဟုတ်ပါဘူး မန်းတမံရေပိုလွှဲ သို့ ရေကျော်လွန်ရောက်ရှိသေးခြင်း မရှိသေးပါဘူး ဟု မန်းချောင်းရေလှောင်တမံ ထိန်းသိမ်းရေး တာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။
ငဖဲမြို့နယ် တောင်ဘက်ခြမ်းက ရင်းရှည်ရေလှောင် တမံ ကတော့ ဇွန်လ ၁၃ ရက်နေ့ ညနေ ၆း၄၅ နာရီ အချိန်မှာ ရေပိုလွှဲမှစတင်ရေကျော်ပါတယ် ဇွန်လ ၁၄ ရက် နေ့ နံနက် ၆ နာရီ ရေအမှတ် ၆၀၃.၀၀ ဖြစ်၍ ရေပြည့်မှတ် ၆၀၂.၀၀ အထက် ၁ ပေ ရေကျော်နေပါတယ် တမံများအားလုံး ပုံမှန်အခြေ အနေဖြစ်၍ ကြံ့ခိုင်ကောင်းမွန်ပြီး ၂၄ နာရီ ရေကင်းစောင့်တာဝန်များ ချထားကာ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်ဟု ၄င်းက ဆက်လက် ပြောသည်။
မန်းရွှေစက်တော်သို့ စီးဆင်းတဲ့ ပန်းတိမ်းချောင်းရေနှင့် ငဖဲမန်းချောင်းရေ၊ ၄င်းချောင်းအတွင်းသို့ ဝင်ရောက် စီးဆင်းသော ပဇီချောင်းရေများ စီးဆင်းနေ၍ မန်းရွှေစက်တော် အောက်စက်တော်ရာ ရင်ပြင်အထက် ၂ ပေ ခန့်ရေတက်ခဲ့ပြီး မန်းရွှေစက်တော် (၃)မိုင်လမ်းအဝင် လှေတင်တံတားတည်ဆောက် ရေးအဖွဲ့သို့ ဇွန်လ ၁၂ နေ့ထဲက ကြိုတင်သတင်းပေး ထား၍ စက်ယန္တရား၊ လူ၊ ပစ္စည်း အားလုံး ဆုံးရှုံးမှု မရှိကြောင်းနှင့် ယခုအခါ မိုးသားများ အုံ့ဆိုင်း၍ မိုးဖွဲဖွဲရွာနေသည့် အတွက် မိုးဆက်လက်ရွာသွန်းပါက ထပ်မံ ရေတိုးလာနိုင်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
Ref: MOI Webportal Myanmar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...