လင်ရှိပြီး မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြတာလဲ... နှိပ်ကြည့်လိုက်..။
၂။ ပြဿနာရှာချင်လို့ ..
Credit : မဒီလေး (Shwemom)
============
Unicode>>>
ဒီဆောင်းပါးလေးကတော့ အိမ်ထောင်သည်အမျိုးသမီးတွေ ဘာကြောင့်ဖောက်ပြန်ကြ သလဲဆိုတာကို အကြောင်းပြချက် ၄ မျိုး ပေးထားတဲ့ဆောင်းပါး ဖြစ်ပါတယ်။
၁။ ဆိုးဝါးတဲ့ အိမ်ထောင်ရေးအကြပ်အတည်းမှ ရုန်းထွက်ချင်လို့ ..
အချို့အကြောင်းအရာတွေကြောင့်အိမ်ထောင်ရေးမှာရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာတိုင်း အမျိုးသမီးတော်တော်များများဟာ အများကြီး ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့ပဲထွက်ပေါက်အနေနဲ့တပါးသောယောက်ျားနဲ့ ဖောက်ပြန်လေ့ရှိပါတယ်။
တစ်ခါတလေ ဆိုးဝါးလှတဲ့ အိမ်ထောင်ရေး အကြပ်အတည်းပြဿနာတွေကြားမှာ ဒီလို ဖောက်ပြန်မိလိုက်ခြင်းဟာ ကြီးလေးတဲ့ အပြစ်တစ်ခုကို ကျူးလွန်မိစေတဲ့ အထိ တွန်းအားပေးတတ်ပါတယ်။
၂။ ပြဿနာရှာချင်လို့ ..
အမျိုးသမီးတွေဟာ အရွဲ့တိုက်တတ်တဲ့ သဘာဝရှိပါတယ်။ တစ်ခါတလေ မိမိရဲ့ခင်ပွန်းက လူမှုရေးပြဿနာတွေနဲ့ ရှုပ်ထွေးနေတဲ့ အခါမျိုးမှာ ငါလည်း ဒီလိုလုပ်တယ်ဆိုပြီး ရွဲ့တဲ့သဘောနဲ့၊ ဒါမှမဟုတ် ပတ်ဝန်းကျင်အသစ်မှာ ခဏာတာနေထိုင်လိုတဲ့ သဘောနဲ့ ဖောက်ပြန်မိတာလည်း ဖြစ်တတ်ပါတယ်။
(၃) စိတ်ကျေနပ်မှုအပြည့်အဝမရတဲ့ လိင်ကိစ္စကြောင့် ..
တတိယအချက်ကတော့ အိမ်ထောင်ရေးသုခမှာ အမျိုးသားဟာ အရမ်း ဆန္ဒစောလွန်းနေတဲ့အခါ အမျိုးသမီးအတွက်တော့ စိတ်ကျေနပ်မှု အထွဋ်အထိပ် ရောက်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ဒါကလည်း အမျိုးသမီးတွေ တော်တော် များများ ကြုံရတတ်ပြီး ဒီလို ဖြစ်လာတဲ့အခါ အခြားအမျိုးသားတစ်ယောက်ကို စိတ်တိမ်းညွှတ်မိတာမျိုးလည်း အမျိုးသမီး
တော်တော်များများ ဖွင့်ဟဝန်ခံဖို့ခက်ပေမယ့် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါဟာ တော်တော့်ကို အရေးကြီးပြီး ညှိနှိုင်းဖို့ လိုတဲ့ ကိစ္စဖြစ်ပါတယ်..
၄။ လက်စားချေလိုခြင်းနဲ့ တစ်စုံတစ်ခုသော တုန့်ြ့ပန်မှုကို မျှော်လင့်လို့ ..
နောက်ဆုံးတစ်ခုကတော့ အမျိုးသမီးတွေစိတ်မှာ အရမ်းကို ခံစားချက် ပြင်းထန်တဲ့အချိန် ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်နေ သဘာဝဟာ အရမ်းပျော့ပြောင်းလွန်းပြီး၊ ဘယ်လိုမှ မခံစားနိုင်တော့တဲ့အခါမျိုးမှာ လက်စားချေလိုစိတ်ဖြစ်ကာ လိမ်တတ်ပါတယ်။ ဒါကတော့ နံပတ်(၂)အချက်နဲ့ အနည်းငယ် ဆင်တူသယောင်ရှိပြီး … ဒီကိစ္စမျိုးမှာကျတော့ ဖောက်ပြန်မိတဲ့
ယောက်ျားနဲ့ ပူးပေါင်းပြီး ခင်ပွန်းအပေါ်ကို အခြားရာဇဝတ်မှုတွေကိုပါ ကျူးလွန်နိုင်သည်အထိ ဖြစ်စေပါတယ်။
Credit : မဒီလေး (Shwemom)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...