မိမိရဲ့ မျက်လုံး ရဲ့ ပုံစံအလိုက် Eyeliner ဆွဲနည်း




မျက်လုံး ဟာ အမျိုးသမီး တစ်ယောက် အဖို့တော့ တကယ့်ကို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ မျက်လုံးပုံစံ က ဘယ်လိုမှ မတူပါဘူး။ဒါကြောင့် မျက်လုံး ကို လှအောင် ပြင်တဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် သုံးတဲ့ နည်းလမ်းချင်း တူလို့ မရပါဘူး။ဒီတစ်ခါမှာ ပြောပြပေးချင်တာကတော့ မျက်လုံးရဲ့ ပုံစံအလိုက် Eyeliner ဆွဲနည်းပါ။ပုံလေး တွေနဲ့အတူ ပြထားတဲ့ အတွက် လိုက်ဆွဲကြည့်ဖို့ မခက်လောက် ပါဘူး။
#မက်မွန်သီးလို မျက်လုံး

မျက်လုံး ရဲ့ အတွင်းနဲ့အပြင်ထောင့်ဟာ အတူတူလောက် သွားကျပြီး မျက်လုံးရဲ့ အတွင်းပိုင်းထောင့်ဟာ မျက်လုံးအရှည်နဲ့ သွားတူရင် မက်မွန်သီး လို မျက်လုံး လို့ သတ်မှတ်နိုင်ပါတယ်။အရင်ဆုံး အတွင်းထောင်ကနေ မျက်ခွံအပေါ်ပိုင်းကို လိုင်း အသေးလေးဆွဲပါ။အပြင်ထောင့်ကနေ လိုင်းကို ထပ်ပြီး ရှည်ရှည်ဆွဲပါ။ဒီနည်းကို သုံးခြင်းအားဖြင့် မျက်လုံးကို ပိုကျယ်သွားသယောင် ထင်ရစေပါတယ်။
#မျက်ခွံတွဲတဲ့ မျက်လုံး

အပေါ် မျက်ခွံတွဲတဲ့ မျက်လုံး မျိုးအတွက်ကတော့ အပေါ်ပိုင်းမှာ လိုင်းထူထူ ပုံဖော်ပေးဖို့ လိုပါတယ်။ဒီလို မျက်လုံးပိုင်ရှင်တွေအနေနဲ့ အရောင်ရင့်၊အနက်ေ ရာင်ရင့်ရင့် eyeliner မျိုးကို ရွေးချယ်အသုံးပြုပါ။
#ကျယ်တဲ့ မျက်လုံး

မျက်လုံး က တခြားသူတွေရဲ့ မျက်လုံးနဲ့ယှဉ်ရင် ပိုကျယ်နေတဲ့ မျက်လုံး ပိုင်ရှင် ဆိုရင်တော့ မျက်လုံးရဲ့ အတွင်းထောင့်ကနေ အပြင်ထောင့်တို့ကို ဆွဲပေးပါ။အောက် မျက်ခွံကနေ လိုင်းဆွဲပြီး မျက်လုံးအလယ်လောက် အထိ ဆွဲပေးပါ။
#မျက်လုံးကြီး

မျက်လုံးကြီးတဲ့ သူဆိုရင်တော့ အပေါ် မျက်ခွံကို ထူထူလေးဆွဲပါ။အပေါ်မှာ ပြထားတဲ့အတိုင်း မြားပုံစံလိုမျိုးလေး ဆွဲရမှာပါ။အောက်ဘက်ကိုတော့ နည်းနည်း ပါးပါးလေးပဲ ဆွဲရင် ရပါပြီ။
#ရှည်မျောမျောမျက်လုံး

တေလာလို ရှည်မျောမျော မျက်လုံး ပိုင်ရှင် ဆိုရင်တော့ အပြင် outline မှာ အဖြူရောင်Pencil နဲ့ဆွဲပါ။ပြီးရင်တော့အနက်ရောင်ကို အပေါ်မျက်ခွံမှာ ဆွဲပါ။
#မျက်လုံးပေါက်ကျဉ်းသူ

မျက်လုံးပေါက်ကျဉ်းသူ တွေ အနေနဲ့ကတော့ အဖျော့ကနေ မှောင်တဲ့ ဘက်ကို သွားတဲ့ ပုံမျိုးဆွဲပေးရမှာပါ။အတွင်းထောင့်ကို မြားဆွဲပါ။အဆုံးသတ် မြားကိုေ တာ့ အပြင် ထောင့်မှာ ဆွဲပေးပါ။အပေါ်ကို နည်းနည်းချင်းစီမြင့်တက် သွားတဲ့ ပုံမျိုး ဆွဲပေးရမှာပါ။
Ref;brightside
Credit : Aunty may

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...