ေသလဲဘာမွမျဖစ္ဘူး ၄၄ႏွစ္လူ႔ေလာကမွာေနၿပီးၿပီ ဆုိတဲ့ ဒိန္းေဒါင္


က်န္းမာေရးအေျခအေနေၾကာင့္ ေျမာက္ဥကၠလာပျမိဳ႕နယ္ OSC အထူးကုေဆးရံုႀကီးတြင္ တက္ေရာက္ကုသေနတယ္လုိ႕ သိရပါတယ္။ ဘာျဖစ္လို႕ ေဆးရံုတက္ေနရတယ္ဆုိတာကိုေတာ့ မသိရေသးပါဘူး။ ခင္လိႈင္နဲ႕ ဒိန္းေဒါင္ ဟာသညီေနာင္ ဆုိတဲ့ ေဖ့စ္ဘြတ္အေကာင့္မွာေတာ့ "ေသလဲဘာမွမျဖစ္ဘူး၄၄ႏွစ္လူ႔ေလာကမွာေနၿပီးၿပီ" ဆုိတဲ့ စာသားနဲ႕အတူ ဒိန္းေဒါင္ ေဆးရံုတက္ေနရတဲ့ ပံုကို ေမလ(၇)ရက္ေန႕ ညက တင္ထားပါတယ္။
လူရႊင္ေတာ္ အသိုင္းအဝိုင္းထဲကလည္း ဒိန္းေဒါင္နဲ႕ ဆက္သြယ္လိုု႕ မရေသးတာေၾကာင့္ ဘာေရာဂါျဖစ္လို႕ ေဆးရံုတက္ ေနရမွန္း မသိေသးဘူးလို႕ ဟာသလူရႊင္ေတာ္ ေကာင္းေက်ာ္က ေျပာျပထားပါတယ္။
ဒိန္းေဒါင္ရဲ႕ ပရိသတ္ေတြကေတာ့ ေဆးရံုတက္ေနရတယ္္ဆုိတဲ့ သတင္းကို မယံုတဲ့ သူေတြလည္း ရွိေနသလို တခ်ိဳ႕ ပရိသတ္ေတြကလည္း အျမန္ဆံုး ေနေကာင္းဖို႕ ေျပာထားပါေသးတယ္။
ဒိန္းေဒါင္ဟာ လူရႊင္ေတာ္ပုိင္းမွာသာမက သရုပ္ေဆာင္ပိုင္းမွာလည္း ပရိသတ္အားေပးမႈ ရရွိထားပါတယ္။ အခုေနာက္ပိုင္းမွာလည္း ဒါရုိက္တာ အျဖစ္ ဇာတ္ကားရိုက္ကူးတာေတြလည္း ရွိလာပါတယ္။ သရုပ္ေဆာင္ ဒိန္းေဒါင္ အျမန္ေနေကာင္းပါေစလို႕ မိသားစုနဲ႕ ထပ္တူ  ဆုေတာင္းေပးလိုက္ပါတယ္။
Photo : ခင္လိႈင္နဲ႕ဒိန္းေဒါင္ ဟာသညီေနာင္
Duwun



ကျန်းမာရေးအခြေအနေကြောင့် မြောက်ဥက္ကလာပမြို့နယ် OSC အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့ ဆေးရုံတက်နေရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ခင်လှိုင်နဲ့ ဒိန်းဒေါင် ဟာသညီနောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတော့ "သေလဲဘာမှမဖြစ်ဘူး၄၄နှစ်လူ့လောကမှာနေပြီးပြီ" ဆိုတဲ့ စာသားနဲ့အတူ ဒိန်းဒေါင် ဆေးရုံတက်နေရတဲ့ ပုံကို မေလ(၇)ရက်နေ့ ညက တင်ထားပါတယ်။
လူရွှင်တော် အသိုင်းအဝိုင်းထဲကလည်း ဒိန်းဒေါင်နဲ့ ဆက်သွယ်လို့ မရသေးတာကြောင့် ဘာရောဂါဖြစ်လို့ ဆေးရုံတက် နေရမှန်း မသိသေးဘူးလို့ ဟာသလူရွှင်တော် ကောင်းကျော်က ပြောပြထားပါတယ်။
ဒိန်းဒေါင်ရဲ့ ပရိသတ်တွေကတော့ ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းကို မယုံတဲ့ သူတွေလည်း ရှိနေသလို တချို့ ပရိသတ်တွေကလည်း အမြန်ဆုံး နေကောင်းဖို့ ပြောထားပါသေးတယ်။
ဒိန်းဒေါင်ဟာ လူရွှင်တော်ပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားပါတယ်။ အခုနောက်ပိုင်းမှာလည်း ဒါရိုက်တာ အဖြစ် ဇာတ်ကားရိုက်ကူးတာတွေလည်း ရှိလာပါတယ်။ သရုပ်ဆောင် ဒိန်းဒေါင် အမြန်နေကောင်းပါစေလို့ မိသားစုနဲ့ ထပ်တူ  ဆုတောင်းပေးလိုက်ပါတယ်။
Photo : ခင်လှိုင်နဲ့ဒိန်းဒေါင် ဟာသညီနောင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...