လူမႈကြန္ရက္တြင္ပ်ံ႕ေနေသာ ဗီဒီယိုဖိုင္ႏွင့္ပတ္သက္၍ ေဒၚတင္ၫြန္႔၏ခင္ပြန္းက ျပန္လည္အမႈဖြင့္

လူမႈကြန္ရက္တြင္ပ်ံ႕ေနေသာ ဗီဒီယိုဖိုင္ႏွင့္ပတ္သက္၍ ေဒၚတင္ၫြန္႔၏ခင္ပြန္းက ျပန္လည္အမႈဖြင့္
ျဖဴး ဇြန္ ၁၅
လူမႈကြန္ရက္တြင္ နာမည္ေက်ာ္လ်က္ရွိေသာ ႐ုပ္သံဗီဒီယိုဖိုင္၊ ဓာတ္ပုံမ်ား ႏွင့္ပတ္သက္၍ ေဒၚတင္ၫြန္႔၏ခင္ပြန္း ဦးရဲဝင္းက ဗီဒီယို႐ိုက္ခဲ့သူႏွင့္ လူမႈ ကြန္ရက္တြင္ စတင္ခဲ့သူမ်ားကို ဆက္သြယ္ေရးပုဒ္မမ်ားျဖင့္ ဇြန္ ၁၅ ရက္က အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။
ေဒၚတင္ၫြန္႔ (၆ဝ)ႏွစ္ႏွင့္ တစ္ရြာတည္းေနသူမ်ားသည္ ဇြန္ ၁ဝ ရက္ မြန္းလြဲ ၂ နာရီက လယ္ထဲတြင္အတူရွိေနစဥ္ ကိုဝင္းေအးမွာ ၎ပိုင္ဆိုင္ေသာ ႏြားမ်ားကို ေဒၚတင္ၫြန္႔မိသားစုပိုင္ စိုက္ပ်ဳိးထားေသာ စပါးခင္းအတြင္းသို႔ ေမာင္းထည့္သျဖင့္ ေဒၚတင္ၫြန္႔က ႏြားမ်ားကို လိုက္လံေမာင္းထုတ္ရာ ကိုဝင္းေအးက ၎ပိုင္ဖုန္းျဖင့္ ဗီဒီယို႐ိုက္ေနသျဖင့္ သြားေရာက္ေျပာဆိုစဥ္ ေခ်ာ္လဲသြားသည့္ပုံကို ဗီဒီယို႐ိုက္၍ တင္ထြဋ္ (၄ဝ)ႏွစ္ ရြာမႀကီးရြာေနသူကို ေပးၿပီးေနာက္ "Tin Htut Added Photos and Video 2 days ago" တြင္ ျဖဴးၿမိဳ႕နယ္ သေျပလဟာေက်းရြာအုပ္စု စားက်က္ေျမက်ဴးေက်ာ္ စိုက္ပ်ဳိးသူ ကိုရဲဝင္းမိန္းမ မတင္ၫြန္႔ရဲ႕ မိုက္႐ိုင္းယုတ္မာေနပုံဟု လူမႈကြန္ရက္ ေဖ့စ္ဘြတ္ စာမ်က္ႏွာတြင္ Post တင္ခဲ့သျဖင့္ ခင္ပြန္းျဖစ္သူ ဦးရဲဝင္းက ကၫြတ္ကြင္း နယ္ေျမရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာတြင္တင္ခဲ့ေသာ ဝင္းေအး ႏွင့္ တင္ထြဋ္တို႔အား အေရးယူေပးရန္ တိုင္တန္းသျဖင့္ ကၫြတ္ကြင္းနယ္ေျမ ရဲစခန္းက စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
ၿဖိဳးကိုလင္း(ေညာင္ဝိုင္း)
ေၾကးမံု
===========

လူမှုကွန်ရက်တွင်ပျံ့နေသော ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဒေါ်တင်ညွန့်၏ခင်ပွန်းက ပြန်လည်အမှုဖွင့်
ဖြူး ဇွန် ၁၅
လူမှုကွန်ရက်တွင် နာမည်ကျော်လျက်ရှိသော ရုပ်သံဗီဒီယိုဖိုင်၊ ဓာတ်ပုံများ နှင့်ပတ်သက်၍ ဒေါ်တင်ညွန့်၏ခင်ပွန်း ဦးရဲဝင်းက ဗီဒီယိုရိုက်ခဲ့သူနှင့် လူမှု ကွန်ရက်တွင် စတင်ခဲ့သူများကို ဆက်သွယ်ရေးပုဒ်မများဖြင့် ဇွန် ၁၅ ရက်က အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ဒေါ်တင်ညွန့် (၆ဝ)နှစ်နှင့် တစ်ရွာတည်းနေသူများသည် ဇွန် ၁ဝ ရက် မွန်းလွဲ ၂ နာရီက လယ်ထဲတွင်အတူရှိနေစဉ် ကိုဝင်းအေးမှာ ၎င်းပိုင်ဆိုင်သော နွားများကို ဒေါ်တင်ညွန့်မိသားစုပိုင် စိုက်ပျိုးထားသော စပါးခင်းအတွင်းသို့ မောင်းထည့်သဖြင့် ဒေါ်တင်ညွန့်က နွားများကို လိုက်လံမောင်းထုတ်ရာ ကိုဝင်းအေးက ၎င်းပိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်နေသဖြင့် သွားရောက်ပြောဆိုစဉ် ချော်လဲသွားသည့်ပုံကို ဗီဒီယိုရိုက်၍ တင်ထွဋ် (၄ဝ)နှစ် ရွာမကြီးရွာနေသူကို ပေးပြီးနောက် "Tin Htut Added Photos and Video 2 days ago" တွင် ဖြူးမြို့နယ် သပြေလဟာကျေးရွာအုပ်စု စားကျက်မြေကျူးကျော် စိုက်ပျိုးသူ ကိုရဲဝင်းမိန်းမ မတင်ညွန့်ရဲ့ မိုက်ရိုင်းယုတ်မာနေပုံဟု လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာတွင် Post တင်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူ ဦးရဲဝင်းက ကညွတ်ကွင်း နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင်တင်ခဲ့သော ဝင်းအေး နှင့် တင်ထွဋ်တို့အား အရေးယူပေးရန် တိုင်တန်းသဖြင့် ကညွတ်ကွင်းနယ်မြေ ရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
ကြေးမုံ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...