လိင်အင်္ဂါ ထဲကို မုန်လာဥတောင့်ထိုးထဲခဲ့တဲ့ လူမဆန် လုပ်ရပ်ကြောင့် သေဆုံး


သတ္တုဝါအားလုံးထဲမှာ လူဆိုတဲ့အမျိုးဟာ အသိဥာဏ်ရှိဆုံး၊ ယဉ်ကျေးမှုရှိဆုံး မျိုးနွယ်တစ်ခုလို့ သတ်မှတ်ထားကြပေမယ့် အချို့လူတွေရဲ့လုပ်ရပ်ကတော့ အလွန်စက်ဆုပ်ရွှံ့ရှာဖို့ကောင်းလှပါတယ်။ တူရကီနိုင်ငံ၊ Gulcမြို့က ချစ်စရာကောင်းတဲ့
ခွေးမလေးတစ်ကောင်သေဆုံးမှုဟာ လူသားတစ်ဦးရဲ့အောက်တန်းကျမှုကို မီးမောင်းထိုးပြလိုက်တာပါပဲ။

အဲဒီခွေးဖြူမလေးရဲ့အမည်က Pamukလို့ခေါ်ပြီး သူမဟာ ကိုယ်ဝန်လည်းရှိသူပါ။ ဒါပေမယ့် တစ်ဦးတစ်ယောက်က သူမရဲ့လိင်အင်္ဂါထဲကို ခြေထောက်လောက်ရှည်တဲ့ မုန်လာဥတောင့်ကို ထိုးထည့်ထားခဲ့ပါတယ်။ ပြုလုပ်ခံရပြီးနောက်မှာ သူမဟာ နာကျင်ပြီး သွေးတွေလည်းစီးကျနေတာကြောင့် သူမရဲ့သခင်ဖြစ်သူ Cetin Duyarက ဆေးခန်းကို ခေါ်သွားခဲ့ ပါတယ်။

မုန်လာဥကိုလည်းဖယ်ထုတ်ပြီး ဆေးကုသမှုတွေပြုလုပ်ခဲ့ပေမယ့် Pamukခွေးမလေးရဲ့ဒဏ်ရာဟာ မသက်သာတော့ဘဲ
(၆)ပတ်အကြာမှာသေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ Mr Duyar က”ကျွန်တော်တို့လူသားမျိုးနွယ် ရဲ့လုပ်ရပ်ကြောင့် အရှက်ရမိပါတယ်။ ဒါလား ယောကျာ်းပီသာတာ။ ဒီလိုယောကျာ်းပီသမှုမျိုးကို ဘယ်သူမှမမြင်ချင်ကြပါ
ဘူး။ မုန်လာဥက လိင်အင်္ဂါထဲကနေ အစာအိမ်ကိုပါ သွားထိတာကြောင့် ခွေးမလေးသေဆုံးခဲ့ရတာပါ”လို့ ပြောဆိုခဲ့ပါ တယ်။
Source; Metro

Credit: M2T(Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...