တိုက်ပေါ်က ခုန်ချသွားတဲ့ ညီမလေးဇင်မာဦး ဗွီဒီယို နဲ့ သူရေးခဲ့သော စာအပြည့်အစုံကြည့်ရန်

မနေ့က စင်ကာပူမှာ မြန်မာ အိမ်ဖော်မိန်းခလေး ၁၉ ထပ်တိုက်ပေါ်ကနေ ခုန်ချသေသွားတဲ့ ဗီဒီယို ဖိုင်ဟာ share သူတွေ များလွန်းလှပြီး
ဘာကြောင့်လဲ ဘာအတွက် အဲ့လို သေကြောင်းကြံသွားရလဲဆိုတာ လူတိုင်း သိချင်နေကြပါတယ်...
သတင်းအစအန အရ...
••• သေသွားသူလေးရဲ့ အမည်ဟာ ဇင်မာဦး လို့ သိရ...
••• ရခိုပြည်နယ် မြောက်ဦးဘက်ကလာသူ
••• ဇင်မာဦးဆိုတာ မြန်မာအမည် စစ်စစ်ဆိုပေမယ့် ကလေးမလေးဟာ ချင်းအမျိုးသမီးလို့လည်း သိရတယ်...
••• ဒီနေရာမှာ Agent နဲ့ ပတ်စ်ပို့စ်ရုံးကြား တခုခုလွဲချော်နေသလားလို့...
••• ကလေးမလေး တိုက်ပေါ်က ခုန်ချ မသေခင်မှာ အရမ်းတွေ့ချင်တယ် ခေါ်ပေးပါလို့ ပြောတဲ့ အိမ်နီးချင်း အိမ်အကူ အင်ဒိုမလေး Facebook social Media မှာတင်ထားတဲ့ စာအုပ် နဲ့ စာအပိုင်းအစလေးတွေအရ...
ရသလောက်ကို အနီးစပ်ဆုံး ဘာသာပြန်ရရင်...
အင်ဒို အိမ်နီးချင် အိမ်ဖော်လေးသို့ ရေးထားတဲ့စာပါ...
•••••••••••••••••••••
အစ်မရေ...
ညီမနာမည် ဇင်မာဦးပါ...
ညီမလေးကို တခုထပ်ကူညီပါဦး...
ညီမလေး နောက်တော့ အစ်မနဲ့တွေ့ရင် ပြောပြပါမယ်
ညီမလေးရဲ့ မနက်စာက အများအားဖြင့် နံနက် ၉:၃၀ မှာ စားရပါတယ်...
တခါတရံမှာတော့ ၁၀ နာရီ၊ ၁၀ ခွဲ၊ ၉ နာရီ၊ ၈ ခွဲ၊ ၈ နာရီ နဲ့ ၁၁ နာရီခွဲမှ စားရတဲ့ နံနက်စာလည်း ရှိခဲ့ပါတယ်...
နေ့လည်စာချိန်တော့ နည်းနည်းကောင်းလာတယ်လို့ ပြောရမယ် အစ်မရယ်...
နေ့လည် ၂ ခွဲ၊ ၁ နာရီ၊ ၁ ခွဲ၊ ၂ ခွဲ၊ ၃ နာရီ၊ ၃ ခွဲ၊ ၄ နာရီ၊ ၄ ခွဲ၊ ၅ နာရီ၊ ၅ ခွဲ တွေမှာ စားရတတ်ပါတယ်...
တခါတရံတော့ နေ့လည်စာ မစားရဘူး အစ်မရယ်
ပေါင်မုန့် ၂ ချပ်နဲ့ ရေနဲ့ပဲ နေလည်စာ ပြီးရတယ်...
ညစာကိုတော့
အမြဲတမ်းလိုလို အစောဆုံး ၉ နာရီခွဲအချိန်လောက်မှ စားရတယ်
တခါတရံ ၉ နာရီ ၈ခွဲ၊ ၈ နာရီ၊ ၁၀ နာရီ၊ ၁၀ ခွဲ၊ ၁၁ နာရီ၊ ၁၁ ခွဲ လောက်မှ စားရတာတွေ ရှိတယ်...
ညီမလေးကို ကူညီပါ အစ်မရယ်...
ညီမရဲ့ အေးဂျင့် ဖုန်း ၉၅၀၅၁၁၄၉
••••••••••••••••••
အဖြစ်အပျက်အချို့ ဆက်ဖတ်ရန်
==========
စင်ကာပူမှာ
အလုပ်လုပ်နေသော မြန်မာအိမ်အကူလေးတစ်ဦး
ဇွန် ၁၂ ရက် ၂၀၁၇ ညနေတွင် က ၁၉ လွှာကနေ
ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဗီဒီယို...
နေရာ - 180 Depot Road ရှိ Interlace Condo
ခုန်ချ မသေမှီမှာ အခြားမြန်မာ ၁ ယောက်နဲ့ စကားပြောခဲ့သေးတယ်လို့လဲ သိရတယ်...
SCDF (Singapore Civil Defence Force) rescue team မလာခင်မှာ နီးစပ်ရာလူတွေနဲ့ ခုန်မချဖို့ ညှိနှိုင်းခဲ့ကြတာ ဖြစ်မှာပါ...
စင်ကာပူ သတင်းစာကြီးများမှာ ပါလာခြင်း မရှိသေးလို့ တိကျတဲ့ သတင်းမရသေးပါဘူး ခင်ဗျာ...
အဲ့ဒီကွန်ဒိုမှာ အခန်းပေါင်း ၁၀၄၀ ရှိပြီး
၂၀၁၅ ခုနှစ်က World Architecture Festival မှာ the World Building of the year ဆု ရရှိထားတဲ့ အဆောက်အဦးပါ...
Update သတင်းအရ ၁၃/၀၆/၂၀၁၇ (12:05pm)
၁၉ ထပ်မှ ခုန်ချသေဆုံးသွားသော ညီမလေးဟာ မြန်မာ မိန်းကလေး ဖြစ်ကြောင်း confirm ပါ...
စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အကယ်၍ တိုက်ပေါ်မှ ခုန်ချခဲ့လျှင် မသေနိုင်အောင်
ပိုက်ကွန်၊ ရေမြှုပ်မွေ့ရာလိုမျိုး အရာတွေ အောက်မှ နေရာအနှံ ခံထားပေမယ့် ညီမလေး ပြုတ်ကျသွားတဲ့ နေရာမှာ ထိုအရာများ ခံထားလို့ မရသောကြောင့် ညီမလေး ကံဆိုးသွာရှာ...
စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့မှာ မြန်မာစကားပြန်ပါရှိပြီး ခုန်မချဖို့ ၁ နာရီခွဲလောက် ညှိနှိုင်းခဲ့ပေမယ့် သေသွားသူညီမလေးက လက်မခံပဲ...
သူနဲ့ရင်းနှီးတဲ့ အင်ဒိုအိမ်အကူလေးကိုပဲ အတင်းခေါ်ခိုင်းဟုဆို...
(သေးဆုံးသူလေးဟာ မြန်မာအမည်ဖြစ်ပေမယ့် မြန်မာစကား နားလည်ဟန်မတူ)
ထို အင်ဒို အိမ်အကူလေးမှာလည်း အဖြစ်အပျက်ကိုသိပြီး shock ရကာ ခု ဆေးရုံတင်ထားရ...
အိမ်အကူလေးများ ကိစ္စတိုင်းကို လိုက်လံကူညီနေသော HOME အဖွဲ့အစည်းမှ အစ်မ ၁ ယောက် ယနေ့မနက် ရင်ခွဲရုံက အပြန်မှာ သိလာခဲ့ရသော သတင်းအချို့ကို ထပ်မံ Update ပေးလိုက်ပါတယ်...
RIP

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...