ကမ္ဘာ့ ၉ လုံးမြောက် ဘတ် ၂သိန်းခွဲတန် အဈေးအကြီးဆုံး ဒူးရင်းသီး
Pak Kret ပြည်နယ်အတွင်းမှာရှိတဲ့ မိဘမဲ့များဂေဟာအတွက် ရည်ရွယ်ပြီး ရန်ပုံငွေရှာဖွေခဲ့ကြတဲ့ ဒူးရင်းသီးရောင်းချပွဲတော်မှာ အလှူရှင်တွေဘက်ကနေ ကိုယ်ကြိုက်တဲ့ အသီးပေါ်မူတည်ပြီး အပြိုင်အဆိုင်စိတ်ကြိုက်ဈေးပေးဝယ်ယူအားပေးခဲ့ကြတာပါ။
ဒီလို စိတ်ကြိုက်ဈေးပေးပြီး ဝယ်ယူအားပေးတဲ့ ဒူးရင်းသီးတွေဟာလဲ တကယ်တန်ဖိုးကြီးသလို အနံ့အရသာဟာလဲ အလွန်ကောင်းတယ်လို့ ပြောဆိုကြပါတယ်။
by Myanmar News Plus
============
လွန်ခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံ Nonthaburiမြို့မှာ ကျင်းပပြုလုပ်သွားတဲ့ ဒူးရင်းသီးတွေကို လေလံတင် ရောင်းချစနစ်နဲ့ မိဘမဲ့များဂေဟာအတွက် ရန်ပုံငွေရှာပွဲတော် ပြုလုပ်ခဲ့ကြပါတယ်။
Pak Kret ပြည်နယ်အတွင်းမှာရှိတဲ့ မိဘမဲ့များဂေဟာအတွက် ရည်ရွယ်ပြီး ရန်ပုံငွေရှာဖွေခဲ့ကြတဲ့ ဒူးရင်းသီးရောင်းချပွဲတော်မှာ အလှူရှင်တွေဘက်ကနေ ကိုယ်ကြိုက်တဲ့ အသီးပေါ်မူတည်ပြီး အပြိုင်အဆိုင်စိတ်ကြိုက်စျေးပေးဝယ်ယူအားပေးခဲ့ကြတာပါ။
ဒီလို စိတ်ကြိုက်စျေးပေးပြီး ဝယ်ယူအားပေးတဲ့ ဒူးရင်းသီးတွေဟာလဲ တကယ်တန်ဖိုးကြီးသလို အနံ့အရသာဟာလဲ အလွန်ကောင်းတယ်လို့ ပြောဆိုကြပါတယ်။
ဒီဒူးရင်းသီးတွေကို ဒေသခံတွေက “The King Of Durian”လို့ ခေါ်ပြီး အထူးသဖြင့် အခုလို ရန်ပုံငွေရှာပွဲအတွက်တွေမှာသာ သီးသန့်ရောင်းချပြီး အလှူရှာကြတယ်လို့လဲ ဆိုပါတယ်။
ဒီရန်ပုံငွေပွဲကို Nonthaburiမြို့ ရဲ့ လယ်ယာစိုက်ပျိုးရေး တာဝန်ရှိရုံးကနေ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီနှစ်ရှာနိုင်ခဲ့တဲ့ ဒူးရင်းသီးတစ်လုံးရဲ့ အမြင့်ဆုံးတန်ဖိုးစျေးဟာ ဘတ် ၂သိန်းခွဲ အထိရှိပြီး ဒါဟာ မနှစ်ကထက် ၄သောင်းကျော် ပိုပြီး ရခဲ့တဲ့စျေးလဲဖြစ်ပါတယ်။ မနှစ်က အခုလို ရန်ပုံငွေပွဲမှာ ဒူးရင်းသီး တစ်လုံးကို နောက်ဆုံးစျေးပေးပြီး ဝယ်ယူခဲ့တာကတော့ ဘတ်၂သိန်း ၁သောင်းဖြစ်တယ်လို့ ဘန်ကောက်ပို့ သတင်းမှာ ဖော်ပြထားပါတယ်။
by Myanmar News Plus
from (http://www.bangkokpost.com/news/general/1266327/durian-auction-goers-sniff-out-the-most-pricey-fruit)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...