ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သားႀကီး ဦးေအာင္ဆန္းဦး အေၾကာင္း



ဗုိလ္ခ်ဳပ္က သားသမီးေတြကို တႏွစ္တေယာက္ေမြးတာ ။ ေဒၚေအာင္ဆန္းစုၾကည္ အထက္မွာ ဦးေအာင္ဆန္းလင္း (ေရနစ္ေသသြားရွာတယ္) ၊ သူ႕အထက္ အကုိအႀကီးဆုံး ဦးေအာင္ဆန္းဦး ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အထက္/ေအာက္ ညီမေလးက ေမြးၿပီးၿပီးခ်င္း ဆုံးခဲ႔ရတယ္ ။ ဗုိလ္ခ်ဳပ္ခမ်ာ သမီးငယ္ေလးအတြက္ မ်က္ရည္ကုိခ်ဳပ္လုိ႔ နုိင္ငံ႔အေရးအတြက္ အစည္းအေ၀းတက္ခဲ႔ရရွာတယ္ ။
ဒီေတာ႔ ဗုိလ္ခ်ဳပ္ကြယ္လြန္ခ်ိန္ ဦးေအာင္ဆန္းဦး (၄)ႏွစ္/(၅)ႏွစ္သား ေလာက္ပဲရွိေသး ။ ဗုိလ္ခ်ဳပ္သားအႀကီးဆုံး ၊ ရန္သူေတြ၀ုိင္းေနတာ ၊ အာရွၾကယ္ပြင္႔ႀကီး မ်ဳိးဆက္ေတာ႔ အျပတ္မခံနုိင္ ဘူးဟဲ႔ ဆုိၿပီး ေတာင္အာရွ (အင္ဒုိခ်ဳိင္းနားကၽြန္းဆြယ္) မဟာမိတ္တပ္ေပါင္းစု ဗုိလ္ခ်ဳပ္ႀကီး ေလာ႔ဒ္ေမာင္႔ဘက္တန္ – ( ျမန္မာျပည္ လြတ္လပ္ေရးအတြက္ ေအာင္ဆန္းကုိယုံၾကည္စြာ လုံး၀လြတ္လပ္ေရးေပးဖုိ႔ ပါလီမန္နဲ႔ နန္းရင္း၀န္အက္တလီကုိ တုိက္တြန္းခဲ႔သူ) အဲဒီဗုိလ္ခ်ဳပ္ႀကီးက ဦးေအာင္ဆန္းဦးကုိ အၿပီးအပုိင္ ေမြးစားခဲ႔တာ ။
ေဒၚေအာင္ဆန္းစုၾကည္ထက္အရင္ အဂၤလန္ကုိေရာက္တာ ၊ ေနာက္ ေမာင္႔ဘက္တန္ေထာက္ခံခ်က္ ၊ သူ႕ကုိယ္ပုိင္စြမ္းေဆာင္ခ်က္နဲ႔ အေမရိကန္ မရိန္းတပ္ ဗုိလ္မႈးအဆင္႔ထိ ျဖစ္ခဲ႔တာ အဲဒါ(၁၉၈၈)မွာ ျဖစ္ေနၿပီ ။ လူပ်ဳိေပါက္ဘ၀ ေလာ႔ဒ္ တစ္ေယာက္ရဲ႕ေမြးစားသား ၊ လူလားေျမာက္ေတာ႔ အေမရိကန္ မရိန္းတပ္ဗုိလ္မႈး ၊ အဂၤလန္သူ ၊ အေမရိကန္သူ နာမည္ေက်ာ္မိန္းမေခ်ာေတြ ၀ုိင္း၀ုိင္းလည္ေနခ်ိန္မွာ လူပ်ဳိႀကီးဂုဏ္ကုိထိန္းလုိ႔ မ်ဳိးႏြယ္ ေစာင္႔ခဲ႔ရွာတယ္ ။
ဒီအခ်ိန္ – သူ႕ညီမ အဂၤလန္သားနဲ႔ မ်ဳိးႏြယ္တုိက္ပြဲက်သြားၿပီ ၊ ဗုိလ္ခ်ဳပ္ေျမးေတြ ကျပားျဖစ္ရၿပီဆုိတဲ႔ အခ်ိန္မွာ သူနဲ႔ အဆက္အသြယ္မျပတ္တဲ႔ သူ႕ငယ္သူငယ္ခ်င္းေတြက အဂၤလိပ္စာျပဆရာမ ၊ မႏၲေလး “ဖဆပလ”အမတ္ရဲ႕သမီး ျမန္မာအမ်ဳိးသမီးတေယာက္နဲ႔ ေတြ႕ေပးခဲ႔တယ္ ။ သူက အာဏာေတြ ၊ ေရရွည္အေမြေတြ ဘာမွေတြးတာမဟုတ္ဘူး ၊ ႐ုိး႐ုိးေလးပဲ အေဖ႔ေခၽြးမ ျမန္မာျဖစ္ရမယ္ – ဒီအေတြးနဲ႔ သူတုိ႔လက္ထပ္ခဲ႔ၾကတယ္ ။
အခု အၿငိမ္းစား အေမရိကန္ေရတပ္ ဗုိလ္မႈးႀကီးဘ၀နဲ႔ ဘယ္မွာ ေနတယ္ထင္သလဲ ။ ႀကီးပြားရာႀကီးပြားေၾကာင္း ရန္ကုန္လဲ သူမေရြးခဲ႔ ၊ တုိးတက္ရာတုိးတက္ေၾကာင္း ေနျပည္ေတာ္လဲ သူေျခမခ်ခဲ႔ ၊ ျမန္မာတုိ႔ရဲ႕အစ မဟာပုဂံက ရြာေလးတရြာမွာ သူ႕အေဖစကားအတုိင္း ႐ုိးသားစြာ ၿခံစုိက္စားေနေလရဲ႕ ။သူကေကာ နိုင္ငံေရးစိတ္မဝင္စားလို႔လား ???သူကေကာ ပညာမတတ္လို႔လား ???သမိုင္းဆိုတာ သကၠရာဇ္ မွတ္တမ္းေတြနဲ႔ ရဲဝံ႔သူတို႔ဆီက သက္ေသတည္ပါတယ္။မိတ္ေဆြတို႔ကို သိထားေစခ်င္တာတစ္ခုက နတ္ေမာက္သား ဗိုလ္ခ်ဳပ္ေအာင္ဆန္းသမိုင္း မရိုင္းရေလေအာင္ သားႀကီးျဖစ္သူ ဦးေအာင္ဆန္းဦးဟာ နာမည္တစ္လံုးနဲ႔ ဘဝကို ရပ္တည္ေနတယ္ ဆိုတာပါပဲ ။
​ေလးစားရ​ေသာ
( အညၾတကပိၸယ )
#မိုက္ကယ္ မင္းထြန္းထံမွကူးယူတင္​ျပအပ္​ပါသည္​။
Kaung Hsatt
Unicode
ဗိုလ်ချုပ်က သားသမီးတွေကို တနှစ်တယောက်မွေးတာ ။ ဒေါ်အောင်ဆန်းစုကြည် အထက်မှာ ဦးအောင်ဆန်းလင်း (ရေနစ်သေသွားရှာတယ်) ၊ သူ့အထက် အကိုအကြီးဆုံး ဦးအောင်ဆန်းဦး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်/အောက် ညီမလေးက မွေးပြီးပြီးချင်း ဆုံးခဲ့ရတယ် ။ ဗိုလ်ချုပ်ခမျာ သမီးငယ်လေးအတွက် မျက်ရည်ကိုချုပ်လို့ နိုင်ငံ့အရေးအတွက် အစည်းအဝေးတက်ခဲ့ရရှာတယ် ။
ဒီတော့ ဗိုလ်ချုပ်ကွယ်လွန်ချိန် ဦးအောင်ဆန်းဦး (၄)နှစ်/(၅)နှစ်သား လောက်ပဲရှိသေး ။ ဗိုလ်ချုပ်သားအကြီးဆုံး ၊ ရန်သူတွေဝိုင်းနေတာ ၊ အာရှကြယ်ပွင့်ကြီး မျိုးဆက်တော့ အပြတ်မခံနိုင် ဘူးဟဲ့ ဆိုပြီး တောင်အာရှ (အင်ဒိုချိုင်းနားကျွန်းဆွယ်) မဟာမိတ်တပ်ပေါင်းစု ဗိုလ်ချုပ်ကြီး လော့ဒ်မောင့်ဘက်တန် – ( မြန်မာပြည် လွတ်လပ်ရေးအတွက် အောင်ဆန်းကိုယုံကြည်စွာ လုံးဝလွတ်လပ်ရေးပေးဖို့ ပါလီမန်နဲ့ နန်းရင်းဝန်အက်တလီကို တိုက်တွန်းခဲ့သူ) အဲဒီဗိုလ်ချုပ်ကြီးက ဦးအောင်ဆန်းဦးကို အပြီးအပိုင် မွေးစားခဲ့တာ ။
ဒေါ်အောင်ဆန်းစုကြည်ထက်အရင် အင်္ဂလန်ကိုရောက်တာ ၊ နောက် မောင့်ဘက်တန်ထောက်ခံချက် ၊ သူ့ကိုယ်ပိုင်စွမ်းဆောင်ချက်နဲ့ အမေရိကန် မရိန်းတပ် ဗိုလ်မှုးအဆင့်ထိ ဖြစ်ခဲ့တာ အဲဒါ(၁၉၈၈)မှာ ဖြစ်နေပြီ ။ လူပျိုပေါက်ဘဝ လော့ဒ် တစ်ယောက်ရဲ့မွေးစားသား ၊ လူလားမြောက်တော့ အမေရိကန် မရိန်းတပ်ဗိုလ်မှုး ၊ အင်္ဂလန်သူ ၊ အမေရိကန်သူ နာမည်ကျော်မိန်းမချောတွေ ဝိုင်းဝိုင်းလည်နေချိန်မှာ လူပျိုကြီးဂုဏ်ကိုထိန်းလို့ မျိုးနွယ် စောင့်ခဲ့ရှာတယ် ။
ဒီအချိန် – သူ့ညီမ အင်္ဂလန်သားနဲ့ မျိုးနွယ်တိုက်ပွဲကျသွားပြီ ၊ ဗိုလ်ချုပ်မြေးတွေ ကပြားဖြစ်ရပြီဆိုတဲ့ အချိန်မှာ သူနဲ့ အဆက်အသွယ်မပြတ်တဲ့ သူ့ငယ်သူငယ်ချင်းတွေက အင်္ဂလိပ်စာပြဆရာမ ၊ မန္တလေး “ဖဆပလ”အမတ်ရဲ့သမီး မြန်မာအမျိုးသမီးတယောက်နဲ့ တွေ့ပေးခဲ့တယ် ။ သူက အာဏာတွေ ၊ ရေရှည်အမွေတွေ ဘာမှတွေးတာမဟုတ်ဘူး ၊ ရိုးရိုးလေးပဲ အဖေ့ချွေးမ မြန်မာဖြစ်ရမယ် – ဒီအတွေးနဲ့ သူတို့လက်ထပ်ခဲ့ကြတယ် ။
အခု အငြိမ်းစား အမေရိကန်ရေတပ် ဗိုလ်မှုးကြီးဘဝနဲ့ ဘယ်မှာ နေတယ်ထင်သလဲ ။ ကြီးပွားရာကြီးပွားကြောင်း ရန်ကုန်လဲ သူမရွေးခဲ့ ၊ တိုးတက်ရာတိုးတက်ကြောင်း နေပြည်တော်လဲ သူခြေမချခဲ့ ၊ မြန်မာတို့ရဲ့အစ မဟာပုဂံက ရွာလေးတရွာမှာ သူ့အဖေစကားအတိုင်း ရိုးသားစွာ ခြံစိုက်စားနေလေရဲ့ ။သူကကော နိုင်ငံရေးစိတ်မဝင်စားလို့လား ???သူကကော ပညာမတတ်လို့လား ???သမိုင်းဆိုတာ သက္ကရာဇ် မှတ်တမ်းတွေနဲ့ ရဲဝံ့သူတို့ဆီက သက်သေတည်ပါတယ်။မိတ်ဆွေတို့ကို သိထားစေချင်တာတစ်ခုက နတ်မောက်သား ဗိုလ်ချုပ်အောင်ဆန်းသမိုင်း မရိုင်းရလေအောင် သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးဟာ နာမည်တစ်လုံးနဲ့ ဘဝကို ရပ်တည်နေတယ် ဆိုတာပါပဲ ။
​လေးစားရ​သော
( အညတြကပ္ပိယ )
#မိုက်ကယ် မင်းထွန်းထံမှကူးယူတင်​ပြအပ်​ပါသည်​။
Kaung Hsatt

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...