တိမ္ျမႇဳပ္ေနေသာ အစြမ္းထက္ေဆး ..!

" ဗ်ဳိ႕ ဆရာ ... ဗ်ဳိ႕ ဆရာ...."
ညႀကီးမင္းႀကီး ဘယ္လူနာပါလိမ့္။
" ဗ်ာ....ဘယ္သူလဲဗ်...."
"ကြၽန္ေတာ္ပါ ...ေန႔လယ္က ေဆးခန္းလာျပတဲ့
လူနာပါ ဆရာ...ထြက္လာပါဦးဆရာရဲ႕...ဝမ္းေလွ်ာတာမသက္သာလို႔
ဆရာ့ကိုျပန္လာျပတာ..."
" ေအာ္...ေအး ေအး လာၿပီ..."
ေဆးခန္းတံခါးကိုဖြင့္၊မီးကိုဖြင့္ၿပီး လူနာ့မ်က္ႏွာကို
ေသေသခ်ာခ်ာၾကည့္လိုက္သည္။အားကုန္ခန္းေနတဲ့ အမူအရာကို
သူ႕မ်က္ႏွာေပၚမွာ ျမင္ရတယ္။
" ဘယ္လိုလဲ မသက္သာဘူးလား..."
" ဟုတ္တယ္ဆရာ...မသက္သာဘူး...အခုညတြင္ပဲ ေလးငါးခါထပ္သြား
ေသးတယ္...လူလည္းတစ္ကိုယ္လံုး ႏံုးခ်ိေနၿပီ..."
ဘာမွျပန္ေျပာမေနပဲ လူနာကိုေသြးေပါင္ခ်ိန္လိုက္သည္။
ေပးထားေသာဓာတ္ဆားေၾကာင့္ ေသြးေဘာင္က ပံုမွန္အေနအထားမွာရိွေနသည္။ဒီအတိုင္းသာ ဝမ္းဆက္သြားေနရင္
လူနာအတြက္စိုးရိမ္ရတယ္။ဝမ္းေရာဂါ ႀကီးႀကီးမားမားေတြမွာ
ကြၽန္ေတာ့္ရဲ႕ လွ်ဳိ႕ဝွက္ အစြမ္းထက္လက္နက္ကို ကြၽန္ေတာ္ ထုတ္သံုးေလ့ရွိသည္။
" ေသြးေပါင္က ေကာင္းတယ္...ဓာတ္ဆားဆက္ေသာက္...
အိမ္မွာ မီးဖိုရိွလား...."
" ဟုတ္ကဲ့...ရိွတယ္ဆရာ..."
" ရိွရင္ မီးဖိုထဲကို မီးေသြးထည့္ၿပီး မီးေမႊး...
ၿပီးရင္ ထမင္းကို လက္တစ္ဖက္နဲ႔ က်စ္ေနေအာင္ဆုပ္....ရလာတဲ့ ထမင္းဆုပ္ကို မီးေသြးမီးဖိုထဲ ထည့္ဖုတ္....ထမင္းစုပ္ နီရဲလာရင္ ဆယ္ယူၿပီး
လက္ဖက္ေျခာက္ခပ္ထားတဲ့ လက္ဖက္ရည္ၾကမ္း (ငါးၾကင္းဖန္ခြက္) ထဲ
ထည့္လိုက္...ေရနဲ႔မီးထိေတြ႕သံ 'ရွဲ 'ဆိုတဲ့အသံ ျမည္လိမ့္မယ္....
အဲဒီ ထမင္းဆုပ္ထည့္ထားတဲ့ လက္ဖက္ရည္ကို ခဏခဏေသာက္ေပး....
မွတ္မိတယ္ေနာ္....."
" ဟုတ္ကဲ့....မွတ္မိပါတယ္ဆရာ...."

@@@@@@@@@@@

ေနာက္တစ္ေန႔ ၾကက္ဥဝယ္ေတာ့ ၾကက္ဥဆိုင္နားက
ဝက္သားတုတ္ထိုးဆိုင္မွာေတြ႕တယ္။ကြၽန္ေတာ္က ထိုလူနာကို
" ေကာင္းသြားၿပီလား ... "
လို႔ေမးေတာ့ သူက
" ေကာင္းသြားၿပီဆရာ...ဖန္ခြက္တစ္ခြက္ကုန္တာနဲ႔ ဝမ္းထပ္မသြား
ေတာ့ဘူး......ဆရာကလည္း အေစာကတည္းက အဲဒီေဆးနည္း
ေပးလိုက္တာမဟုတ္ဘူး....ကြၽန္ေတာ့္မွာေတာ္ေတာ္ခံလိုက္ရတယ္..."
လူနာက အျပစ္တင္တဲ့ေလသံအနည္းငယ္ေရာယွက္ၿပီး
ကြၽန္ေတာ့္ကို ေျပာလာတယ္။
" ကြၽန္ေတာ္က အေနာက္တိုင္းေဆးပညာနဲ႔ ဘြဲ႕ရထားတာေလ....တိုင္းရင္းေဆးပညာနဲ႔ ဘြဲ႕ရထားတာမွ မဟုတ္တာ
...ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕အဓိက အေနာက္တိုင္းေဆးပညာနဲ႔ အရင္ဦးစားေပးကုရမွာေပါ့....ကြၽန္ေတာ့္ေဆးခန္းနာမည္က
'.............' ေဆးခန္းလို႔ တပ္ထားတာေလ....'_________'တိုင္းရင္းေဆးကုခန္းလို႔
တပ္ထားတာမွ မဟုတ္တာ...ေပးထားတဲ့ေဆးေတြ ေဆးပတ္လည္ေအာင္ ကုန္ေအာင္ေသာက္ဦးေနာ္...."လို႔ လူနာ နားလည္ေအာင္ ရွင္းျပလိုက္ပါသည္။

@@@@@@@@@@@

ဤနည္းသည္ ဝမ္းေလွ်ာလူနာမ်ားအတြက္ အေနာက္တိုင္း
ေဆးႏွင့္တြဲဖက္ကုသလွ်င္ မ်ားစြာအက်ဳိးရိွမည္ဟု ယံုၾကည္မိပါသည္။ဤနည္းသည္ ဝမ္းေလွ်ာျခင္းေၾကာင့္ ေသဆံုးမႈႏႈန္းကို ေလ်ာ့ခ်ေပးႏိုင္မည္ဟု ယံုၾကည္မိပါသည္။
ဤစာကိုေရးသားရျခင္းအေၾကာင္းေၾကာင့္
ႏွစ္စဥ္ ဝမ္းေလွ်ာျခင္းေၾကာင့္ လူေသဆံုးမႈႏႈန္း
က်ဆင္းေသာ အက်ဳိးကိုရပါေစသား အရွင္ဘုရား။

Credit: ဦးတိုးေအာင္

#Unicode Version
" ဗျို့ ဆရာ ... ဗျို့ ဆရာ...."
ညကြီးမင်းကြီး ဘယ်လူနာပါလိမ့်။
" ဗျာ....ဘယ်သူလဲဗျ...."
"ကျွန်တော်ပါ ...နေ့လယ်က ဆေးခန်းလာပြတဲ့
လူနာပါ ဆရာ...ထွက်လာပါဦးဆရာရဲ့...ဝမ်းလျှောတာမသက်သာလို့
ဆရာ့ကိုပြန်လာပြတာ..."
" အော်...အေး အေး လာပြီ..."
ဆေးခန်းတံခါးကိုဖွင့်၊မီးကိုဖွင့်ပြီး လူနာ့မျက်နှာကို
သေသေချာချာကြည့်လိုက်သည်။အားကုန်ခန်းနေတဲ့ အမူအရာကို
သူ့မျက်နှာပေါ်မှာ မြင်ရတယ်။
" ဘယ်လိုလဲ မသက်သာဘူးလား..."
" ဟုတ်တယ်ဆရာ...မသက်သာဘူး...အခုညတွင်ပဲ လေးငါးခါထပ်သွား
သေးတယ်...လူလည်းတစ်ကိုယ်လုံး နုံးချိနေပြီ..."
ဘာမှပြန်ပြောမနေပဲ လူနာကိုသွေးပေါင်ချိန်လိုက်သည်။
ပေးထားသောဓာတ်ဆားကြောင့် သွေးဘောင်က ပုံမှန်အနေအထားမှာရှိနေသည်။ဒီအတိုင်းသာ ဝမ်းဆက်သွားနေရင်
လူနာအတွက်စိုးရိမ်ရတယ်။ဝမ်းရောဂါ ကြီးကြီးမားမားတွေမှာ
ကျွန်တော့်ရဲ့ လျှို့ဝှက် အစွမ်းထက်လက်နက်ကို ကျွန်တော် ထုတ်သုံးလေ့ရှိသည်။
" သွေးပေါင်က ကောင်းတယ်...ဓာတ်ဆားဆက်သောက်...
အိမ်မှာ မီးဖိုရှိလား...."
" ဟုတ်ကဲ့...ရှိတယ်ဆရာ..."
" ရှိရင် မီးဖိုထဲကို မီးသွေးထည့်ပြီး မီးမွှေး...
ပြီးရင် ထမင်းကို လက်တစ်ဖက်နဲ့ ကျစ်နေအောင်ဆုပ်....ရလာတဲ့ ထမင်းဆုပ်ကို မီးသွေးမီးဖိုထဲ ထည့်ဖုတ်....ထမင်းစုပ် နီရဲလာရင် ဆယ်ယူပြီး
လက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်ကြမ်း (ငါးကြင်းဖန်ခွက်) ထဲ
ထည့်လိုက်...ရေနဲ့မီးထိတွေ့သံ 'ရှဲ 'ဆိုတဲ့အသံ မြည်လိမ့်မယ်....
အဲဒီ ထမင်းဆုပ်ထည့်ထားတဲ့ လက်ဖက်ရည်ကို ခဏခဏသောက်ပေး....
မှတ်မိတယ်နော်....."
" ဟုတ်ကဲ့....မှတ်မိပါတယ်ဆရာ...."

@@@@@@@@@@@

နောက်တစ်နေ့ ကြက်ဥဝယ်တော့ ကြက်ဥဆိုင်နားက
ဝက်သားတုတ်ထိုးဆိုင်မှာတွေ့တယ်။ကျွန်တော်က ထိုလူနာကို
" ကောင်းသွားပြီလား ... "
လို့မေးတော့ သူက
" ကောင်းသွားပြီဆရာ...ဖန်ခွက်တစ်ခွက်ကုန်တာနဲ့ ဝမ်းထပ်မသွား
တော့ဘူး......ဆရာကလည်း အစောကတည်းက အဲဒီဆေးနည်း
ပေးလိုက်တာမဟုတ်ဘူး....ကျွန်တော့်မှာတော်တော်ခံလိုက်ရတယ်..."
လူနာက အပြစ်တင်တဲ့လေသံအနည်းငယ်ရောယှက်ပြီး
ကျွန်တော့်ကို ပြောလာတယ်။
" ကျွန်တော်က အနောက်တိုင်းဆေးပညာနဲ့ ဘွဲ့ရထားတာလေ....တိုင်းရင်းဆေးပညာနဲ့ ဘွဲ့ရထားတာမှ မဟုတ်တာ
...ဒါကြောင့် ကျွန်တော့်ရဲ့အဓိက အနောက်တိုင်းဆေးပညာနဲ့ အရင်ဦးစားပေးကုရမှာပေါ့....ကျွန်တော့်ဆေးခန်းနာမည်က
'.............' ဆေးခန်းလို့ တပ်ထားတာလေ....'_________'တိုင်းရင်းဆေးကုခန်းလို့
တပ်ထားတာမှ မဟုတ်တာ...ပေးထားတဲ့ဆေးတွေ ဆေးပတ်လည်အောင် ကုန်အောင်သောက်ဦးနော်...."လို့ လူနာ နားလည်အောင် ရှင်းပြလိုက်ပါသည်။

@@@@@@@@@@@

ဤနည်းသည် ဝမ်းလျှောလူနာများအတွက် အနောက်တိုင်း
ဆေးနှင့်တွဲဖက်ကုသလျှင် များစွာအကျိုးရှိမည်ဟု ယုံကြည်မိပါသည်။ဤနည်းသည် ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုနှုန်းကို လျော့ချပေးနိုင်မည်ဟု ယုံကြည်မိပါသည်။
ဤစာကိုရေးသားရခြင်းအကြောင်းကြောင့်
နှစ်စဉ် ဝမ်းလျှောခြင်းကြောင့် လူသေဆုံးမှုနှုန်း
ကျဆင်းသော အကျိုးကိုရပါစေသား အရှင်ဘုရား။

Credit: ဦးတိုးအောင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...