Facebook က သင့္အေၾကာင္းဘယ္ေလာက္သိလဲ ???

၁။ Facebook က သင့္အေၾကာင္း ဘယ္ေလာက္ သိသလဲ သိခ်င္ပါသလား။ Home Menu ထဲက Account Settings ကို ဝင္ၿပီး Download a copy of your facebook data ဆုိတဲ့ ခလုတ္ကို ႏွိပ္လိုက္ရင္ Facebook က သင့္အေၾကာင္း ဘယ္ေလာက္ သိသလဲ ဆုိတာ ၾကည့္ႏုိင္မွာပါ။

၂။ သင္ကေတာ့ သင့္ရဲ႕ သတင္းထူးေတြနဲ႔ ကိုယ္ေရးကိုယ္တာေတြကို တစ္ကမာၻလံုးကို ေျပာခ်င္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ Facebook ကေတာ့ သင္တင္သမွ် အေၾကာင္းအရာေတြကို လူအမ်ား ၾကည့္ႏုိင္တဲ့ Public အေနနဲ႔ပဲ Setting မွာ ထားေပးမွာပါ။ သင္ မ်ားမ်ားတင္ေလ၊ ပိုႀကိဳက္ေလေပါ့။ လူအေတာ္မ်ားမ်ားက Privacy Setting ကို ေျပာင္းမွာ မဟုတ္ဘူးလို႔ စဥ္းစားၿပီးေပါ့။

၃။ သင့္ သူငယ္ခ်င္း ေတြ တင္သမွ်အားလံုးကို သင္ျမင္ရမွာ မဟုတ္သလို သင္တင္သမွ် အရာတိုင္းကိုလည္း သင့္သူငယ္ခ်င္း လက္တစ္ဆုပ္ကသာ ျမင္ရလိမ့္မယ္။ Facebook က အသံုးျပဳသူေတြကို အြန္လိုင္း မွာ ၾကာၾကာ ရွိေစခ်င္တဲ့အတြက္ Like အမ်ားႀကီး ရထားတဲ့၊ အမ်ားဆံုး share ထားတဲ့၊ comment အမ်ားႀကီး ရွိတဲ့ post ေတြကို သင္အရင္ျမင္ရေအာင္ အေပၚကို ေရႊ႕ေပးထားပါတယ္။

၄။ သင္ Facebook ထဲကို ဝင္ထားတုန္းဆုိ ကၽြန္ေတာ္တုိ႔က သင္ ဘာလုပ္ေနသလဲ လိုက္ၾကည့္ထားတယ္။ Facebook ရဲ႕ Like ဒါမွမဟုတ္ Share ခလုတ္ရွိတဲ့ Website ေတြကို သင္ဝင္ၾကည့္တိုင္း Facebook က မွတ္တမ္းတင္ သိမ္းဆည္းထားတယ္။

၅။ သင္တင္တဲ့ post ေတြကို Public က ၾကည့္လို႔ရေအာင္ လုပ္ထားရင္ လူတုိင္းက သင္ ဘယ္ေရာက္ေနသလဲ သိႏုိင္ပါတယ္။ မေတာ္တဆမ်ား သင့္အိမ္ကိုဝင္ဖို႔ ေခ်ာင္းေနတဲ့ သူခိုးက သင္ခရီးသြားေနတာ သိသြားရင္ေတာ့ …

၆။ ဘြဲ႕ရတာတုိ႔၊ ေစ့စပ္တာတို႔၊ လက္ထပ္တာတို႔၊ ကေလးေမြးတာတို႔လို သတင္းထူးေတြ တင္ဦးမွာလား။ Facebook က သိပါလိမ့္မယ္။ သိ႐ုံတင္ မဟုတ္ဘဲ သင့္သူငယ္ခ်င္းေတြ အြန္လိုင္းတက္ၿပီး Facebook ထဲကို ဝင္လာတဲ့ အခ်ိန္အထိ ျမင္ရေအာင္ တင္ထားေပးပါလိမ့္မယ္။

၇။ Facebook က သင့္အေၾကာင္း မ်ားမ်ားသိေလ၊ သင့္အတြက္ အက်ိဳးရွိေလပါပဲ။ ဥပမာ – သင္က Giordano တံဆိပ္ ႀကိဳက္တယ္ဆုိရင္ Facebook က Giordano မွာ ေစ်းဝယ္လို႔ရတဲ့ ကူပြန္ကို သင္ျမင္ရေအာင္ ျပေပးတဲ့အခါ သင့္အတြက္ အသံုးဝင္ပါလိမ့္မယ္။

၈။ သင္ သတိတရရွိတဲ့ သူငယ္ခ်င္းေတြရဲ႕ post ေတြ သိပ္မေတြ႕ဘဲ သိပ္မသိတဲ့သူေတြဆီက post ေတြပဲ မ်ားေနသလား။ သင္ရဲ႕ newsfeed ကုိ Mostrecent ကေန Top News ကို ေျပာင္းလိုက္ပါ။ ၿပီးရင္ သင္အျမဲ ျမင္ခ်င္၊ ေတြ႕ခ်င္တဲ့ သူငယ္ခ်င္းေတြကို Closefriends ထဲကို ထည့္ၿပီး၊ သင္မျမင္ခ်င္တဲ့ သူေတြဆုိရင္ေတာ့ subscibe လုပ္ထားတာ ျဖဳတ္လုိက္ပါ။

၉။ Facebook က ေနရာလပ္ေတြကို ေၾကာ္ျငာကုမၸဏီေတြကို ေရာင္းပါတယ္။ ေၾကာ္ျငာကုမၸဏီေတြက သူတုိ႔ ပစ္မွတ္ထားတဲ့ ေဒသ၊ လုပ္ငန္း၊ အသက္အရြယ္နဲ႔ ပညာ အဆင့္အတန္းေတြကို Facebook ကို ေျပာျပတဲ့အခါ Facebook က အခ်က္အလက္ေတြနဲ႔ ကိုက္ညီသူေတြ ေၾကာ္ျငာေတြကို ျမင္ရေအာင္ ေဆာင္ရြက္ေပးပါတယ္။

၁၀။ သင္တင္တဲ့ post ကို သင့္သူငယ္ခ်င္း အားလံုး ျမင္ရေအာင္ လုပ္ခ်င္ပါသလား။ Post တစ္ခုအတြက္ ခုနစ္ ေဒၚလာကေန ဆယ္ေဒၚလာေလာက္ထိ ေပးရင္ သင့္သူငယ္ခ်င္းတိုင္းရဲ႕ Top News မွာ သင္တင္ထားတဲ့ post ေပၚေအာင္ Facebook က လုပ္ေပးပါလိမ့္မယ္။

၁၁။ အသံုးျပဳသူ ေတာ္ေတာ္မ်ားမ်ားက Timeline ကို သေဘာမက်ၾကပါဘူး။ ဒါေပမဲ့ ဒါကို မၾကာခင္ ေျပာင္းလဲမယ့္ အလားအလာေတာ့လည္း မျမင္မိဘူး။ Timeline က အသံုးျပဳသူအခ်င္းခ်င္း ေဝမွ်ရာမွာ ထိေရာက္ၿပီး အျမင္ဆန္းပါတယ္။ ကုမၸဏီေတြကလဲ သူတို႔ရဲ႕ ကုန္ပစၥည္းေတြကို ျမင္သာထင္သာ ေၾကာ္ျငာလုိ႔ရလို႔ သေဘာက်ၾကတယ္ေလ။

၁၂။ သင္တင္တဲ့ post ေတြကို သင့္ၿမိဳ႕က လူေတြပဲ၊ သင့္ေက်ာင္းက လူေတြပဲ၊ သင့္အလုပ္က လူေတြပဲ စသျဖင့္ လူတစ္စုပဲ ျမင္ေအာင္ လုပ္လုိ႔ရပါတယ္။ သင္တင္တ့ဲ post ကို သင့္သူေဌးက လြဲၿပီး က်န္တဲ့သူအားလံုး ျမင္ေအာင္လဲ လုပ္လုိ႔ ရပါတယ္။ အဲဒါေတြ အကုန္လံုးကို status update box ရဲ႕ ညာဘက္ေအာက္ေထာင့္မွာရွိတဲ့ ျမားခလုတ္မွာ ေျပာင္းလို႔ ရပါတယ္။

၁၃။ ေနာက္တတ္၊ ေျပာင္တတ္တဲ့ သင့္လုပ္ေဖာ္ကိုင္ဖက္၊ ဒါမွမဟုတ္ သူငယ္ခ်င္း ေရွ႕မွာေတာ့ သင့္ Facebook ကို မဖြင့္ထားမိပါေစနဲ႔။ တစ္ေယာက္ေယာက္ကမ်ား သင့္ Facebook ေပၚမွာ ေျပာင္ေခ်ာ္ေခ်ာ္ status ေတြ ေလွ်ာက္ေရးလုိ႔ကေတာ့ သင့္ကို ေၾကာင္ေနၿပီလားလို႔ ထင္သြားမွာပါပဲ။

၁၄။ သူငယ္ခ်င္း လက္ခံတာနဲ႔ တျခား page ေတြကို like လုပ္တဲ့အခါ သတိထားပါ။ သင္ေတြ႕သမွ်သူေတြကို လက္ခံ၊ ေတြ႕သမွ် page ကို like လုပ္ထားရင္ေတာ့ သင္စိတ္မဝင္စားတဲ့ အရာေတြလဲ အမ်ားႀကီး သင္ေတြ႕ေနရမွာပါ။ အဲဒီေတာ့ အခ်ိန္ယူၿပီး မျမင္ခ်င္တာေတြကို စစ္ထုတ္ပစ္ပါဦး။

၁၅။ Facebook Chat ထဲမွာ Offline လုပ္ၿပီး သင္ စကားမေျပာခ်င္တဲ့ သူငယ္ခ်င္းေတြဆီကေန ပုန္းေနလို႔ရပါတယ္။ တကယ္လုိ႔ သူငယ္ခ်င္း တစ္ေယာက္ေယာက္နဲ႔ပဲ စကားမေျပာခ်င္ဘူး ဆုိရင္လည္း chat window ထဲက သူ႔နာမည္ကို ႏွိပ္၊ ညာဘက္ထိပ္မွာရွိတဲ့ icon မွာ သူ႔တစ္ေယာက္ထဲကိုပဲ offline လုပ္ထားလို႔ ရပါတယ္။

၁၆။ တခ်ိဳ႕ အခ်က္အလက္ေတြက Facebook ေပၚမွာ ဖြက္ထားလို႔ မရပါဘူး။ ဥပမာ – သင့္နာမည္၊ သင့္ profile မွာ တင္ထားတဲ့ ဓာတ္ပံု၊ သင္က အမ်ိဳးသားလား၊ အမ်ိဳးသမီးလား ဆုိတာေတြေပါ့။ ဒီလို အခ်က္အလက္ေတြကို လူတိုင္းက ၾကည့္ႏိုင္ပါတယ္။

၁၇။ သင္ သေဘာက်တဲ့ Facebook page ေတြမွာ လူေတြ နည္းသြားတယ္လို႔ ထင္မိလား။ အဲဒါ profile အတုေတြနဲ႔ page အတုေတြကို Facebook က လုိက္ဖ်က္သိမ္းေနလို႔ပါ။ တစ္ခါတေလမွာ လူတစ္ေယာက္ထဲကပဲ accountေတြ အမ်ားႀကီးနဲ႔ သံုးေနတတ္တယ္ေလ။ Facebook ရဲ႕ အဆုိအရကေတာ့ profile အတုေတြက ၈၃ မီလီယံေတာင္ ရွိတယ္တဲ့။

၁၈။ သံုးရတာ ပိုျမန္ခ်င္တယ္ ဆုိရင္ေတာ့ ဒီနည္းကို သံုးပါ။ သင့္ဖုန္းနဲ႔ Facebook ကို log in မလုပ္ခင္ Wifi network တစ္ခုခုနဲ႔ ခ်ိတ္ဆက္လိုက္ပါ။

၁၉။ သင္ ကုမၸဏီ တစ္ခုခုကို Like လုပ္တာပဲ ျဖစ္ျဖစ္၊ ကုန္ပစၥည္းတစ္ခုအေၾကာင္းကို comment ေပးတာပဲျဖစ္ျဖစ္ သတိထားပါ။ သင္ဘာလုပ္လိုက္သလဲ ဆုိတာ သင့္သူငယ္ခ်င္းေတြဆီမွာ ေပၚပါတယ္။ သင့္ လုပ္ရပ္ ကို Facebook က ေၾကာ္ျငာအေနနဲ႔ အသံုးခ်ေကာင္း ခ်ပါလိမ့္မယ္။

Credit: KhunHtetNaing

#Unicode Version
၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။


၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။


၃။ သင့် သူငယ်ချင်း တွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်း မှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။


၄။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။


၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …


၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။


၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။


၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။


၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့်အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတယ်။


၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။


၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ်လေ။


၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။


၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်း ရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။


၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။ သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။


၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။


၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။


၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။


၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။


၁၉။ သင် ကုမ္ပဏီ တစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့် လုပ်ရပ် ကို Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။

Credit: KhunHtetNaing

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...