ရန်ကုန်မှာ လူဖြစ်ရတာ ဝမ်းနည်းတယ်ဆိုတဲ့ မင်းမော်ကွန်း


ဒီနေ့ သူစီးရမယ့် ဆိုင်ကယ်ကြီးကို အကောင်းဆုံးပြင်ဆင်လို့အပြီးမှာ မင်းမော်ကွန်းက ဆိုင်ကယ်မစီးဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေကို ရင်ဖွင့်ခဲ့ပါတယ်။ သူ ဆိုင်ကယ်နဲ့ အဆက်ပြတ်ခဲ့ရတဲ့ အဓိက အကြောင်းရင်း ၄ ခုကို ပြောခဲ့ပါတယ်။
"၁။ ကျွန်တော်ဆိုင်ကယ်စီးဖို့ အဖေအမေက တားတယ်(ကျွန်တော့်သားလေးရလာထဲကပေါ့).. 
၂။ ကျွန်တော့်ငယ်သူငယ်ချင်(ဒါရိုက်တာတစ်ယောက်ရဲ့ညီ) ဆိုင်ကယ်မှောက်ပြီးဆုံးတယ်..
၃။ ကျွန်တော်မြေပဲယိုမဖွဲ့ခင် Lucifer ဆိုပြီး band ဖွဲ့ခဲ့တယ်။ အဲ့ဒီက Drum သမား ကိုဖဦးထုပ် ဆိုင်ကယ်မှောက်တာမသေရုံပဲ..
၎။ ကျွန်တော့်ကိုယ်ကျွန်တော်ထက်မိသားစုကို ပိုဖြည့်ဆည်းပေးချင်ခဲ့တယ် ဥပမာ ကျွန်တော့်VCD ထွက်ရေးထက်သားသမီးကျောင်းစရိတ်တွေပါ" လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ အရာရာအဆင်ပြေနေပြီဖြစ်တဲ့အတွက် ဆိုင်ကယ်တွေကို စုဆောင်းဖို့ မင်းမော်ကွန်းက စဉ်းစားနေပါပြီ။
"အခုတော့ အသက်ရလာပြီ..ဆိုင်ကယ် တွေ collect လုပ်ချင်လာပြီ..စီးဖို့ထက် သိမ်းထားဖို့ပေါ့ ရန်ကုန်မှာလူဖြစ်ရတာ ဝမ်းနည်းကြောင်း" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
မင်းမော်ကွန်းဟာ ဒီနေ့မှာပဲ သူစီးမယ့် ဆိုင်ကယ်ကြီးကို ဆင်လို့ပြီးခဲ့တာ ဖြစ်ပါတယ်။ ဒီဆိုင်ကယ်ဟာ သူနဲ့အတူ နတိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနဲ့ ရဲလေးတို့ ပါဝင်မယ့် Rose Riders ဇာတ်ကားကြီးအတွက်လို့ သိရပါတယ်။
 Honda 400cc အမျိုးအစားဖြစ်ပြီး ဆိုင်ကယ်ဖိုးမပါ လိုင်စင်နဲ့ ပြန်လည်ပြင်ဆင်စရိတ်တင် သိန်း ၃၀ လောက်ရှိတယ်လို့လည်း အဲဒီဆိုင်ကယ်ကြီးကို ပြန်ဆင်ပေးခဲ့တဲ့ ကိုဂျွန်ခွားက ပြောခဲ့ပါတယ်။
Photos : မင်းမော်ကွန်းဖေ့စ်ဘွတ် / Credit : Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...