အရက်ဖြတ်ထားသူ အမျိုးသားတစ်ဦး မိမိကိုယ်ကိုဓါးဖြင့်ထိုး


ရန်ကုန် မေ ၅
တိုးဝေအောင်
သင်္ဃန်းကျွန်းမြို့နယ်တွင် အရက်ဖြတ်ထားသူ အမျိုးသားတစ်ဦး မိမိကိုယ်ကိုဓါးဖြင့်ထိုးခဲ့သည် ဆိုမှု ကို သက်ဆိုင်ရာက မေ၄ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
အဆိုပါနေ့၊ ညနေ ၄ နာရီ ၂၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံ၌လူတစ်ဦး မိမိကိုယ်ကို ဓါးဖြင့်ထိုးကာ သေဆုံးရောက်ရှိနေကြောင်း သတင်းအရရဲမှူးကိုကိုဦး နှင့် အဖွဲ့က သွားရောက်စစ် ဆေးခဲ့သည်။
သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံအနောက်ရပ်ကွက် မဟာသီဝံကျောင်းတိုက်နေ အသက်(၃၂ နှစ်) အရွယ်အမျိုးသားဖြစ်ပြီး ခန္ဒာကိုယ်ဝမ်းဗိုက်အနီးတွင် ထိုးသွင်းဒဏ်ရာနှင့် အူထွက် နေသည်ကို တွေ့ရှိခဲ့သည်။ စုံစမ်းချက်အရ သေဆုံးသူမှာ လွန်ခဲ့သော နှစ် ၃၀ ခန့်မှ စတင်ကာ ကျောင်းတိုက်အတွင်းရှိ သီလရှင်ကျောင်းတွင် သီလရှင်ဝတ်နေသည့် မိခင်ဖြစ်သူနှင့် အတူ နေထိုင်ခဲ့သည်မှာ ၁၇ နှစ်ရှိပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အရက်ဖြတ်ရန် အတွက် စိတ်ကျန်းမာ ရေးဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆေးရုံမှဆင်းခဲ့ပြီး မိခင်နှင့်အတူ နေထိုင်စဉ် မေလ ၄ ရက်နေ့တွင် စိတ်ဖောက်ပြန်ပြီး မိမိကိုယ်ကို ကြက်သွန်လှီးဓါးဖြင့်ထိုးရာက ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်းသိရသည်။
ဒဏ်ရာရရှိသူကို သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ခွဲစိတ်ကု သမှုခံယူနေစဉ် ည ၇ နာရီ ၄၀ အချိန်တွင် သေဆုံးခဲ့သည်။ အလောင်းကို ဆေးရုံက ပီအာရ်၅၃ ဖြင့်လက်ခံထားပြီးသင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၉/၁၇ )ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။
By ရဲ ရင့် ထွန်း

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...