အဘိုးဖြစ်သူ၏ အဓမ္မပြုခြင်းခံရသည့် (၁၂) နှစ်အရွယ် မိန်းကလေး မီးဖွား၊ ငွေကြေး အကူအညီလိုအပ်နေ


အဘိုးအရင်း၏ အဓမ္မ ပြုကျင့်မှုကြောင့် ကိုယ်ဝန်ရခဲ့ သည့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးသည် ယခုအခါ ကလေးမီးဖွားပြီး၍ မိခင်နှင့် ကလေးကို ဆက်လက်စောင့် ရှောက်ရန် ငွေကြေးအကူအညီ လိုအပ်နေသည်။
အဆိုပါမိန်းကလေးသည် မေလ ၂ ရက်တွင် ရှစ်ပေါင်ရှိ သော သားယောက်ျားလေးကို ကျန်းမာစွာမွေးဖွားခဲ့သည်ဟု ၎င်း တို့သားအမိကို စောင့်ရှောက် ထားသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောကြားသည်။
ကလေးမွေးဖွားပြီးနောက် မိခင် အားပြန်ပြည့်ရန် အားဖြည့် ဓာတ်စာနှင့် မိခင်မှာ အသည်း ရောင်အသားဝါ(ဘီပိုး) ရောဂါ လည်းရှိသဖြင့် နို့တိုက်မရသော ကြောင့် နို့မှုန့်လည်း လိုအပ် ကြောင်း ကူညီစောင့်ရှောက်ပေး သည့် မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ  ကရုဏာရင်ခွင် အမေ့အိမ် ဂေဟာ (MWCUC) ဂေဟာမှူး ဒေါ်ခင်သန်းထွေးက ပြောသည်။
ထို့အပြင် ဂေဟာက ၎င်းတို့ သား အမိအပြင် ကလေးမွေးသူ၏ အမေ ကင်ဆာရောဂါသည်ကိုပါ စောင့်ရှောက်ထားရကြောင်း ဒေါ် ခင်သန်းထွေးက ပြောသည်။
‘‘ရေရှည်မှာ မရုန်းနိုင်ဘူး ထင်လို့ အကူအညီတောင်းရပါ တယ်’’ ဟု ၎င်းက ပြောသည်။လက်ရှိအခြေအနေတွင် က လေးမွေးသူ၏ မိခင်က ၎င်း၏ မြေးကို မွေးစားရန်ပေးမည်ဟု ပြောဆိုနေသော်လည်း ဒေါ်ခင် သန်းထွေးတို့အဖွဲ့က  မိသားစု တစုတစည်းတည်း စောင့်ရှောက် ထားရန် နည်းလမ်းရှာနေပြီး အကူအညီများ၊ အကြံဉာဏ်များ လိုအပ်နေကြောင်း ဒေါ်ခင် သန်းထွေးက ဆိုသည်။
‘‘ကလေးရဲ့ သဘောက သူ့ ကလေးကို ပြုစုဖို့လည်း စိတ်မရှိ ဘူး။ ကျောင်းနေချင်တယ်ပဲ ပြော တယ်’’ ဟု ဒေါ်ခင်သန်းထွေးက ပြောသည်။
အဘိုးဖြစ်သူသည် အိမ်တွင် မည်သူမျှမရှိခိုက် မြေးမိန်းကလေးကို လိင်ဆက်ဆံမှ ကျန်းမာရေးကောင်းမည်ဆိုကာ စည်းရုံးသိမ်းသွင်း၍ တစ်လလျှင် ဆယ်ကြိမ်မျှ တစ်နှစ်ကြာသည်အထိ ဆက်ဆံခဲ့ကြောင်း၊ အခြားသူများကို ပြန်ပြောလျှင် အသတ်ခံရမည်ဟု မိန်းကလေးကို စည်းရုံးသိမ်းသွင်းထား၍ မိန်းကလေးက  မည်သူ့ကိုမျှ  မပြောခဲ့ကြောင်း ကလေးသူငယ်နှင့်အမျိုးသမီးများအား အခမဲ့ဥပဒေရေးရာ ကူညီပေးသည့်အဖွဲ့ဖြစ်သည့် ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ မော်လမြိုင်ရုံးခွဲမှ တရားလွှတ်တော် ရှေ့နေ ဒေါ်ငယ်ငယ်ထွန်းက ပြောသည်။
မိန်းကလေး၏ အသက် (၆၈) နှစ်အရွယ်ရှိ အဘိုးကို ၂၀၁၇ ဧပြီ ၂၀ ရက်တွင် တရား ရုံးက ထောင်ဒဏ်အနှစ် ၂၀ ပြစ် ဒဏ်ချခဲ့ကြောင်း ဒေါ်ငယ်ငယ် ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် သက်ငယ်မုဒိမ်းမှုရာချီဖြစ်ပေါ်နေပြီး ပြည်သူများ၏ ဆန္ဒပြတောင်းဆိုမှုကြောင့် နောက်ပိုင်းတွင်သက် ငယ်မုဒိမ်းမှုအတွက် ပြစ်ဒဏ်ကို ထောင်ဒဏ်အနှစ် ၂၀ အထိ တိုးမြှင့်ပြစ်ဒဏ်ပေးလာခြင်း ဖြစ် သည်။
7daydaily.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...