တခ်ိန္က အျပာမင္းသမီး၊ အခု ထိပ္တန္း မင္းသမီးရဲ႕ ရင္ဖြင္႔သံ


ရုပ္ရွင္ေလာကမွာ အခ်ဳိ႕ေသာ သရုပ္ေဆာင္မ်ားဟာ သူတို႔ရဲ့ အတိတ္ဘ၀ဇာတ္ေၾကာင္းေတြကို ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ေလ့ မရိွၾကပါဘူး။ ဒါေပမဲ့ လူၾကီးမ်ားသာ ၾကည့္ခြင့္ျပဳတဲ့ လိင္အသား ေပးရုပ္ရွင္ကား သရုပ္ေဆာင္ဘ၀ကေနျပီး ေဘာလီး၀ုဒ္မင္းသမီးျဖစ္လာတဲ့ Sunny Leone ဆန္နီလီယြန္ကေတာ့ သူမရဲ့အတိတ္က ဇာတ္ေၾကာင္းနဲ႔ပတ္သက္လို႔ေဆြးေႏြးရာမွာ စေနာင့္စနင္း မျဖစ္ခဲ့ဘူး။ တကယ္ေတာ့ ဒီကေန႔ အမ်ားပရိသတ္က သူမကို သိေနတာဟာလည္း အတိတ္က သူမရဲ့ျဖစ္ရပ္ေတြေၾကာင့္ပါလို႔ ၀န္ခံတယ္။

”ဒီကေန႔ ကြ်န္မ ဒီအဆင့္ေရာက္ေနရတာဟာလည္း ကြ်န္မရဲ့အတိတ္က လုပ္ရပ္ေတြေၾကာင့္ပါ။ ဒါေၾကာင့္ ကြ်န္မ ဖံုးကြယ္ထားရမယ္လို႔ ဘယ္တုန္းကမွ မယံုၾကည္ခဲ့ဘူး။ ရွက္လည္း မရွက္ပါဘူး။ အင္တာနက္ထဲမွာ လက္ညိွုးထိုးမလဲြ ျမင္ေနရတဲ့ ကြ်န္မ ပံုရိပ္ေတြကိုလည္း ကြ်န္မ ဖ်က္မပစ္ပါဘူး”လို႔ အသက္ ၃၃ နွစ္ ရိွျပီျဖစ္တဲ့ ဆန္နီလီယြန္က ေျပာခဲ့တယ္။ ‘ဒါေၾကာင့္ ဆန္နီလီယြန္ဟာ ဘယ္ရုပ္ရွင္ဗီဒီယိုဇာတ္ကားမွာပဲျဖစ္ျဖစ္ ရဲရဲတင္းတင္း မရွက္မေၾကာက္ သရုပ္ေဆာင္ခဲ့သလို ေနာင္လည္း က်ရာအခန္းက႑ေတြမွာ ဒီလိုပဲ သရုပ္ေဆာင္ဦးမယ္လို႔ ဆိုပါတယ္။

ဘာပဲေျပာေျပာ အတိတ္က သူမရဲ့ ရုပ္ရွင္သက္တမ္းမွာ အမွားေတြ လုပ္ခဲ့ေပမယ့္ ဒီအမွားေတြအတြက္ ၀မ္းနည္းျပီး ေနာင္တရတာေတြ မရိွဘူးလို႔ ေျပာတယ္။ တခ်ိန္ထဲမွာ မစၥလီယြန္ဟာ ဂူဂ်ာရတ္ ျပည္နယ္၊ ဆူရတ္ျမိဳ႕ကို သြားခဲ့တုန္းက ရဲစခန္းတခုမွာ သူမကို တိုင္ခ်က္ဖြင့္ခံခဲ့ရတာနဲ႔လည္း ၾကံဳေတြ႔ခဲ့ရပါတယ္။ ျပႆနာကေတာ့ ဒီလိုပါ။ မစၥဆန္နီလီယြန္ဟာ ဆူရတ္ျမိဳ႕ကို သူမရဲ့ ရုပ္ရွင္ဇာတ္ကားသစ္ ပရိုမိုးရွင္းလုပ္ဖို႔ သြားေရာက္ခဲ့တုန္းက ဆူရတ္အေျခစိုက္ စိန္ကုန္သည္ၾကီးတဦးရဲ့ ဧည့္ခံပဲြမွာ ဆန္နီလီယြန္ဟာ အေပၚပိုင္း ဗလာက်င္းျပီး တက္ေရာက္ခဲ့တဲ့ ဓာတ္ပံုေတြ ေပၚထြက္လာခဲ့တဲ့အတြက္ ေဒသခံလူတေယာက္က မစၥဆန္နီလီယြန္ကို ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဆန္နီလီယြန္က ဒီသတင္းကို မမွန္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ျပီး သူမအေနနဲ႔ ဘာမွ အေၾကာင္းၾကားစာ မရခဲ့တဲ့အေၾကာင္း၊ သူမအေနနဲ႔ ဘာအမွားမွ မလုပ္ခဲ့တဲ့အေၾကာင္း နိုင္ငံရဲ့ ဥပေဒစည္းမ်ဥ္းေတြကိုလည္း ဘယ္တုန္းကမွ မခ်ဳိးေဖာက္ခဲ့ဘူးဆိုတဲ့အေၾကာင္း ဒီေဒသက လူေတြကို အျမဲတမ္း ေလးစား ဂါရ၀ျပဳေနေၾကာင္း ျပန္ျပီး ရွင္းခ်က္ထုတ္ခဲ့ပါတယ္။

သူမရဲ႕ Ek Paheli Leela ဇာတ္ကားနဲ႔ပတ္သက္လို႔ ပထမဦးဆံုး တင္ျပလိုပါတယ္။

သူမဟာ ေဘာလီး၀ုဒ္ ရုပ္ရွင္ေလာကမွာ မ်က္နွာသစ္တေယာက္အေနနဲ့ လွ်မ္းလွ်မ္းေတာက္ အစြမ္းျပနိုင္တဲ့ သူတေယာက္ ျဖစ္လာခဲ့တယ္။ ဒါေပမဲ့ ဆန္နီလီယြန္ဆိုတဲ့ ေဘာလီး၀ုဒ္မင္းသမီးဟာ အရင္က ေပၚခဲ့တဲ့ အိႏၵိယနာမည္ေက်ာ္ မင္းသမီးေတြရဲ႕ အဆင့္အတန္းထက္ မနိမ့္က်တာကိုလည္း ေတြ႔ရပါတယ္။ ေ၀ဖန္ေရးသမားေတြက သူမနဲ႔ ပတ္သက္လို႔ပဲျဖစ္ျဖစ္ သူမရဲ့ ဇာတ္ကားနဲ႔ပတ္သက္ လို့ပဲျဖစ္ေစ ဘယ္လိုပဲေ၀ဖန္ေနၾကပါေစ။ ဆန္နီလီယြန္ကေတာ့‘ဒီကေန႔ စူပါစတားဆိုတဲ့ မင္းသမီးေတြအဆင့္ကို ေရာက္ေနပါျပီ။ ဆန္နီလီယြန္ရဲ့ အရည္အခ်င္း ဘယ္ေလာက္ရိွတယ္ဆိုတာ သိခ်င္ရင္ လတ္တေလာ ျပသေနတဲ့ ဒါရိုက္တာ ေဘာ္ဘီခန္ ရိုက္ကူးတဲ့ Ek Paheli Leela ဆိုတဲ့ ဇာတ္ကားကို သြားေရာက္ ၾကည့္ရႈျပီး အကဲျဖတ္နိုင္ပါတယ္။ ဒီဇာတ္ကားကို ၾကည့္လိုက္ရင္ ပရိသတ္ရဲ့ အသည္းနွလံုးကို ထိုးေဖာက္နိုင္ေလာက္ေအာင္ စဲြမက္စရာေကာင္းတဲ့ အခ်က္ ငါးခ်က္ကို ေတြ႔ရမွာ ျဖစ္ပါတယ္။ ဒါေတြကေတာ့ . . .

၁။ အသစ္ခ်ပ္ခြ်တ္ ေဘာလီး၀ုဒ္မင္းသမီးရဲ့ နာမည္က ဆန္နီလီယြန္ဆိုတာပါပဲ။ နာမည္က အိနၵိယမဆန္ဘဲ အဂၤလိပ္ဆန္တဲ့နာမည္ပါ သူမရဲ့ ရုပ္ရည္ကလည္း မ်က္စိထဲက မထြက္နို္င္ေအာင္ စဲြမက္စရာ ေကာင္းတဲ့အလွကို ပိုင္ဆိုင္ထားသလို အသံကလည္း အိႏၵိယအမ်ဳိးသမီးေတြရဲ့ အသံမ်ဳိးထက္ နိုင္ငံျခားေလသံ ေပါက္ေနတာကို ၾကားရမွာျဖစ္ပါတယ္။ ဟိႏၵဴဘာသာနဲ႔ပဲ ေျပာေျပာ၊ အဂၤလိပ္ လိုပဲေျပာေျပာ ဆန္နီလီယြန္ရဲ့အသံက နိုင္ငံျခားသူ ေလသံေပါက္ေနတာ ၾကားရမွာျဖစ္ပါတယ္။

၂။ ဒုတိယအခ်က္ကေတာ့ ေဘာလီး၀ုဒ္ရုပ္ရွင္ကားေတြမွာ ပါေလ့ရိွတဲ့ ခ်စ္ခန္းၾကိဳက္ခန္း (တခါတရံ အျပာဇာတ္လမ္းခန္း)ေတြနဲ႔ ပတ္သက္လို႔ပါပဲ။ အားလံုး သိၾကတဲ့အတိုင္း ဒီကေန႔ အိႏၵိယရုပ္ရွင္ ဇာတ္ကားေတြမွာ ခ်စ္ခန္းၾကိဳက္ခန္းေတြ ခပ္ၾကမ္းၾကမ္း (အေနာက္တိုင္း ပံုစံအတိုင္း) ရိုက္ကူးျပသလာတာ ေတြ႔ရတယ္။ အရင္တေခတ္တုန္းက နာမည္ေက်ာ္ ‘ေကြဘာနီ’ဇာတ္ကားထဲက မင္းသမီး ဇီနတ္အာမန္ကေနျပီး ဒီကေန႔ေခတ္ ေဘာလီး၀ုဒ္မင္းသမီး ဘီပါရွာဘာဆူ (Bipasha Basu) အထိ အိႏၵိယမင္းသမီး ေတာ္ေတာ္မ်ားမ်ားဟာ ခ်စ္ခန္းၾကိဳက္ခန္းေတြမွာ ခပ္ၾကမ္းၾကမ္း သရုပ္ေဆာင္ၾကတာ ေတြ႔ရမွာပါ။ ဒီမင္းသမီးေတြ ေတာ္ေတာ္မ်ားမ်ားကလည္း အိႏၵိယရုပ္ရွင္ေလာကမွာ ထိပ္တန္းေရာက္ခဲ့တာကို ေတြ႔ရ ပါတယ္။ အခု ဇာတ္ကားမွာလည္း ဆန္နီလီယြန္ဟာ ခ်စ္ခန္းၾကိဳက္ခန္းေတြမွာ အထက္ေဖာ္ျပပါ မင္းသမီးေတြကို အမီလိုက္နိုင္ရံုမကဘူး ေက်ာ္တက္သြားနိုင္တယ္လို႔ ဆိုနိုင္ပါတယ္။

၃။ တတိယအခ်က္ကေတာ့ သူမရဲ့ ကာရိုက္တာလို႔ေခၚတဲ့ သရုပ္ေဆာင္စရိုက္ပါပဲ။ ဆန္နီလီယြန္ကို စဲြမက္စရာ ေကာင္းတဲ့ ျမိဳ႕ ၾကီးသူ အမ်ဳိးသမီးတေယာက္ရဲ့ ပံုသဏၭာန္နဲ႔ ပရိသတ္က ေတြ႔ျမင္ခဲ့ၾကျပီးပါျပီ။ အခု Ek Paheli ဇာတ္ကားမွာေတာ့ တမ်ဳိးကဲြျပား ျခားနားျပီး ေက်းလက္ေတာသူ လွပ်ဳိျဖဴတဦးအေနနဲ႔ ေတြ႔ျမင္ၾကရမွာ ျဖစ္ပါတယ္။ ေက်းလက္ေတာသူ လွပ်ဳိျဖဴရဲ့ စဲြမက္စရာ သီခ်င္းညည္းသံကိုလည္း သာယာနာေပ်ာ္စရာ ၾကားၾကရပါလိမ့္မယ္။

၄။ စတုတၳအခ်က္ကေတာ့ အက အခန္းေတြပါပဲ။ အိႏၵိယရုပ္ရွင္ေတြမွာ ကခုန္ရႊင္ျမဴးၾကတဲ့အခန္းေတြကေတာ့ ထံုးစံအတိုင္းပါရစျမဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ဆန္နီလီယြန္ဟာ နာမည္ေက်ာ္ မင္းသမီး အက္ရွ္၀ါရာရိုင္းရဲ့ နာမည္ေက်ာ္ Dholi Tauro သီခ်င္းနဲ႔ အကပံုစံေတြကို အတုယူျပီး သီဆိုကခုန္ထားတာ ေတြ႔ရတယ္။

၅။ ပဥၥမအခ်က္ကေတာ့ ဆန္နီလီယြန္ရဲ့ သရုပ္ေဆာင္ခ်က္ေတြပဲ ျဖစ္ပါတယ္။ ဆန္နီလီယြန္ကို Shootout at wadala ဆိုတဲ့ ဇာတ္ကားမွာ လိုင္လာဆိုတဲ့ ဇာတ္ေဆာင္တဦးအျဖစ္ ေတြ႔ခဲ့ရသလို Ragini MMS 2 ဆိုတဲ့ ဇာတ္ကားမွာ ေဘဘီေဒါအေနနဲ့ ေတြ႔ျမင္ ခဲ့ၾကပါတယ္။ အခု ဒီဇာတ္ကားမွာေတာ့ ဆန္နီလီယြန္ကို Leela ဆိုတဲ့ အမ်ဳိးသမီးအေနနဲ႔ တမူထူးျခားတဲ့ သရုပ္ေဆာင္ခ်က္ေတြ ေတြ႔ရဦးမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ဆန္နီလီယြန္နဲ႔ အကကြ်မ္းက်င္မႈေတြကိုလည္း ေတြ႔ရမွာပါ။ ဒီဇာတ္ကားရဲ့ ဇာတ္၀င္သီခ်င္း ၈ ပုဒ္အနက္ ၆ ပုဒ္ကို ဆန္နီလီယြန္ရဲ့ သရုပ္ေဆာင္ခ်က္ေတြနဲ႔ တင္ျပထားပါတယ္။ အက၊ အလွေတြနဲ႔ တ၀ၾကီးၾကည့္ရႈ ခံစားနိုင္တဲ့ Ek Paheli Leela ဇာတ္ကားၾကည့္ျပီး ပရိသတ္စိတ္ေက်နပ္ေလာက္မယ္လို႔ ယူဆနိုင္ပါတယ္။

ထြဋ္၀င္းထြဋ္
(The Times Of India)

Unicode
ရုပ်ရှင်လောကမှာ အချို့သော သရုပ်ဆောင်များဟာ သူတို့ရဲ့ အတိတ်ဘဝဇာတ်ကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လေ့ မရှိကြပါဘူး။ ဒါပေမဲ့ လူကြီးများသာ ကြည့်ခွင့်ပြုတဲ့ လိင်အသား ပေးရုပ်ရှင်ကား သရုပ်ဆောင်ဘဝကနေပြီး ဘောလီးဝုဒ်မင်းသမီးဖြစ်လာတဲ့ Sunny Leone ဆန်နီလီယွန်ကတော့ သူမရဲ့အတိတ်က ဇာတ်ကြောင်းနဲ့ပတ်သက်လို့ဆွေးနွေးရာမှာ စနောင့်စနင်း မဖြစ်ခဲ့ဘူး။ တကယ်တော့ ဒီကနေ့ အများပရိသတ်က သူမကို သိနေတာဟာလည်း အတိတ်က သူမရဲ့ဖြစ်ရပ်တွေကြောင့်ပါလို့ ဝန်ခံတယ်။

”ဒီကနေ့ ကျွန်မ ဒီအဆင့်ရောက်နေရတာဟာလည်း ကျွန်မရဲ့အတိတ်က လုပ်ရပ်တွေကြောင့်ပါ။ ဒါကြောင့် ကျွန်မ ဖုံးကွယ်ထားရမယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ ရှက်လည်း မရှက်ပါဘူး။ အင်တာနက်ထဲမှာ လက်ညှိုးထိုးမလွဲ မြင်နေရတဲ့ ကျွန်မ ပုံရိပ်တွေကိုလည်း ကျွန်မ ဖျက်မပစ်ပါဘူး”လို့ အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ ဆန်နီလီယွန်က ပြောခဲ့တယ်။ ‘ဒါကြောင့် ဆန်နီလီယွန်ဟာ ဘယ်ရုပ်ရှင်ဗီဒီယိုဇာတ်ကားမှာပဲဖြစ်ဖြစ် ရဲရဲတင်းတင်း မရှက်မကြောက် သရုပ်ဆောင်ခဲ့သလို နောင်လည်း ကျရာအခန်းကဏ္ဍတွေမှာ ဒီလိုပဲ သရုပ်ဆောင်ဦးမယ်လို့ ဆိုပါတယ်။

ဘာပဲပြောပြော အတိတ်က သူမရဲ့ ရုပ်ရှင်သက်တမ်းမှာ အမှားတွေ လုပ်ခဲ့ပေမယ့် ဒီအမှားတွေအတွက် ဝမ်းနည်းပြီး နောင်တရတာတွေ မရှိဘူးလို့ ပြောတယ်။ တချိန်ထဲမှာ မစ္စလီယွန်ဟာ ဂူဂျာရတ် ပြည်နယ်၊ ဆူရတ်မြို့ကို သွားခဲ့တုန်းက ရဲစခန်းတခုမှာ သူမကို တိုင်ချက်ဖွင့်ခံခဲ့ရတာနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ပြဿနာကတော့ ဒီလိုပါ။ မစ္စဆန်နီလီယွန်ဟာ ဆူရတ်မြို့ကို သူမရဲ့ ရုပ်ရှင်ဇာတ်ကားသစ် ပရိုမိုးရှင်းလုပ်ဖို့ သွားရောက်ခဲ့တုန်းက ဆူရတ်အခြေစိုက် စိန်ကုန်သည်ကြီးတဦးရဲ့ ဧည့်ခံပွဲမှာ ဆန်နီလီယွန်ဟာ အပေါ်ပိုင်း ဗလာကျင်းပြီး တက်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့တဲ့အတွက် ဒေသခံလူတယောက်က မစ္စဆန်နီလီယွန်ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆန်နီလီယွန်က ဒီသတင်းကို မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမအနေနဲ့ ဘာမှ အကြောင်းကြားစာ မရခဲ့တဲ့အကြောင်း၊ သူမအနေနဲ့ ဘာအမှားမှ မလုပ်ခဲ့တဲ့အကြောင်း နိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကိုလည်း ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ဘူးဆိုတဲ့အကြောင်း ဒီဒေသက လူတွေကို အမြဲတမ်း လေးစား ဂါရဝပြုနေကြောင်း ပြန်ပြီး ရှင်းချက်ထုတ်ခဲ့ပါတယ်။

သူမရဲ့ Ek Paheli Leela ဇာတ်ကားနဲ့ပတ်သက်လို့ ပထမဦးဆုံး တင်ပြလိုပါတယ်။

သူမဟာ ဘောလီးဝုဒ် ရုပ်ရှင်လောကမှာ မျက်နှာသစ်တယောက်အနေနဲ့ လျှမ်းလျှမ်းတောက် အစွမ်းပြနိုင်တဲ့ သူတယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဆန်နီလီယွန်ဆိုတဲ့ ဘောလီးဝုဒ်မင်းသမီးဟာ အရင်က ပေါ်ခဲ့တဲ့ အိန္ဒိယနာမည်ကျော် မင်းသမီးတွေရဲ့ အဆင့်အတန်းထက် မနိမ့်ကျတာကိုလည်း တွေ့ရပါတယ်။ ဝေဖန်ရေးသမားတွေက သူမနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သူမရဲ့ ဇာတ်ကားနဲ့ပတ်သက် လို့ပဲဖြစ်စေ ဘယ်လိုပဲဝေဖန်နေကြပါစေ။ ဆန်နီလီယွန်ကတော့‘ဒီကနေ့ စူပါစတားဆိုတဲ့ မင်းသမီးတွေအဆင့်ကို ရောက်နေပါပြီ။ ဆန်နီလီယွန်ရဲ့ အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင် လတ်တလော ပြသနေတဲ့ ဒါရိုက်တာ ဘော်ဘီခန် ရိုက်ကူးတဲ့ Ek Paheli Leela ဆိုတဲ့ ဇာတ်ကားကို သွားရောက် ကြည့်ရှုပြီး အကဲဖြတ်နိုင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်လိုက်ရင် ပရိသတ်ရဲ့ အသည်းနှလုံးကို ထိုးဖောက်နိုင်လောက်အောင် စွဲမက်စရာကောင်းတဲ့ အချက် ငါးချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ . . .

၁။ အသစ်ချပ်ချွတ် ဘောလီးဝုဒ်မင်းသမီးရဲ့ နာမည်က ဆန်နီလီယွန်ဆိုတာပါပဲ။ နာမည်က အိန္ဒိယမဆန်ဘဲ အင်္ဂလိပ်ဆန်တဲ့နာမည်ပါ သူမရဲ့ ရုပ်ရည်ကလည်း မျက်စိထဲက မထွက်နိ်ုင်အောင် စွဲမက်စရာ ကောင်းတဲ့အလှကို ပိုင်ဆိုင်ထားသလို အသံကလည်း အိန္ဒိယအမျိုးသမီးတွေရဲ့ အသံမျိုးထက် နိုင်ငံခြားလေသံ ပေါက်နေတာကို ကြားရမှာဖြစ်ပါတယ်။ ဟိန္ဒူဘာသာနဲ့ပဲ ပြောပြော၊ အင်္ဂလိပ် လိုပဲပြောပြော ဆန်နီလီယွန်ရဲ့အသံက နိုင်ငံခြားသူ လေသံပေါက်နေတာ ကြားရမှာဖြစ်ပါတယ်။

၂။ ဒုတိယအချက်ကတော့ ဘောလီးဝုဒ်ရုပ်ရှင်ကားတွေမှာ ပါလေ့ရှိတဲ့ ချစ်ခန်းကြိုက်ခန်း (တခါတရံ အပြာဇာတ်လမ်းခန်း)တွေနဲ့ ပတ်သက်လို့ပါပဲ။ အားလုံး သိကြတဲ့အတိုင်း ဒီကနေ့ အိန္ဒိယရုပ်ရှင် ဇာတ်ကားတွေမှာ ချစ်ခန်းကြိုက်ခန်းတွေ ခပ်ကြမ်းကြမ်း (အနောက်တိုင်း ပုံစံအတိုင်း) ရိုက်ကူးပြသလာတာ တွေ့ရတယ်။ အရင်တခေတ်တုန်းက နာမည်ကျော် ‘ကွေဘာနီ’ဇာတ်ကားထဲက မင်းသမီး ဇီနတ်အာမန်ကနေပြီး ဒီကနေ့ခေတ် ဘောလီးဝုဒ်မင်းသမီး ဘီပါရှာဘာဆူ (Bipasha Basu) အထိ အိန္ဒိယမင်းသမီး တော်တော်များများဟာ ချစ်ခန်းကြိုက်ခန်းတွေမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ကြတာ တွေ့ရမှာပါ။ ဒီမင်းသမီးတွေ တော်တော်များများကလည်း အိန္ဒိယရုပ်ရှင်လောကမှာ ထိပ်တန်းရောက်ခဲ့တာကို တွေ့ရ ပါတယ်။ အခု ဇာတ်ကားမှာလည်း ဆန်နီလီယွန်ဟာ ချစ်ခန်းကြိုက်ခန်းတွေမှာ အထက်ဖော်ပြပါ မင်းသမီးတွေကို အမီလိုက်နိုင်ရုံမကဘူး ကျော်တက်သွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

၃။ တတိယအချက်ကတော့ သူမရဲ့ ကာရိုက်တာလို့ခေါ်တဲ့ သရုပ်ဆောင်စရိုက်ပါပဲ။ ဆန်နီလီယွန်ကို စွဲမက်စရာ ကောင်းတဲ့ မြို့ ကြီးသူ အမျိုးသမီးတယောက်ရဲ့ ပုံသဏ္ဌာန်နဲ့ ပရိသတ်က တွေ့မြင်ခဲ့ကြပြီးပါပြီ။ အခု Ek Paheli ဇာတ်ကားမှာတော့ တမျိုးကွဲပြား ခြားနားပြီး ကျေးလက်တောသူ လှပျိုဖြူတဦးအနေနဲ့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ကျေးလက်တောသူ လှပျိုဖြူရဲ့ စွဲမက်စရာ သီချင်းညည်းသံကိုလည်း သာယာနာပျော်စရာ ကြားကြရပါလိမ့်မယ်။

၄။ စတုတ္ထအချက်ကတော့ အက အခန်းတွေပါပဲ။ အိန္ဒိယရုပ်ရှင်တွေမှာ ကခုန်ရွှင်မြူးကြတဲ့အခန်းတွေကတော့ ထုံးစံအတိုင်းပါရစမြဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆန်နီလီယွန်ဟာ နာမည်ကျော် မင်းသမီး အက်ရှ်ဝါရာရိုင်းရဲ့ နာမည်ကျော် Dholi Tauro သီချင်းနဲ့ အကပုံစံတွေကို အတုယူပြီး သီဆိုကခုန်ထားတာ တွေ့ရတယ်။

၅။ ပဉ္စမအချက်ကတော့ ဆန်နီလီယွန်ရဲ့ သရုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ ဆန်နီလီယွန်ကို Shootout at wadala ဆိုတဲ့ ဇာတ်ကားမှာ လိုင်လာဆိုတဲ့ ဇာတ်ဆောင်တဦးအဖြစ် တွေ့ခဲ့ရသလို Ragini MMS 2 ဆိုတဲ့ ဇာတ်ကားမှာ ဘေဘီဒေါအနေနဲ့ တွေ့မြင် ခဲ့ကြပါတယ်။ အခု ဒီဇာတ်ကားမှာတော့ ဆန်နီလီယွန်ကို Leela ဆိုတဲ့ အမျိုးသမီးအနေနဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်ချက်တွေ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆန်နီလီယွန်နဲ့ အကကျွမ်းကျင်မှုတွေကိုလည်း တွေ့ရမှာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း ၈ ပုဒ်အနက် ၆ ပုဒ်ကို ဆန်နီလီယွန်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ တင်ပြထားပါတယ်။ အက၊ အလှတွေနဲ့ တဝကြီးကြည့်ရှု ခံစားနိုင်တဲ့ Ek Paheli Leela ဇာတ်ကားကြည့်ပြီး ပရိသတ်စိတ်ကျေနပ်လောက်မယ်လို့ ယူဆနိုင်ပါတယ်။

ထွဋ်ဝင်းထွဋ်
(The Times Of India)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...