မန္တလေး မှာဆောက်နေတဲ့ ညဈေး သစ် လပိုင်းအတွင်း ပြီးစီးမယ်


မန္တလေးမြို့ရှိ ရတနာပုံရေကူးကန်ကို တွေ့ရစဉ်။
ဘတ်ဂျက်ငွေ အခက်အခဲကြောင့် မတည်ဆောက်နိုင်သေးချိန်မှာ ပုဂ္ဂလိကအစီအစဉ်ကို ခွင့်ပြုခဲ့တာပါ။မန္တလေးမြို့မှာ အသစ်ဖွင့်လှစ်မယ့် ညဈေး အဆောက်အအုံတည်ဆောက်နေတာက မကြာမီလပိုင်းအတွင်းပြီးစီးတော့မယ်လို့ ညဈေးတည်ဆောက်ရေး စီမံကိန်းလုပ်ကိုင်နေတဲ့ Myanmar Di Yi ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးတည်ကြည်အောင်က ပြောပါတယ်။
မန္တလေး တောင်ခြေမှာရှိတဲ့ အရင်ရတနာပုံရေကူးကန်နေရာမှာ ညဈေးသစ် တည်ဆောက်နေပြီး စည်ပင်သာယာဆီကနေ BOT လုပ်ကိုင်ခွင့်ရယူပြီးနောက် ညဈေးအသစ်တည်ဆောက်ဖွင့် လှစ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန္တလေးမြို့ရဲ့ ညဈေး အဖြစ် ဈေးချိုတော်နာရီစင်နားက ၈၄ လမ်းမကြီးမှာ ညဈေး ဖွင့်လှစ်ရောင်းချနေတာပါ။
မန်းစည်ပင် အနေနဲ့ မြို့လူထု အပန်းဖြေနိုင်ရေးအတွက် ညဈေး တည်ဆောက်ဖို့ စီစဉ်ခဲ့ပြီး မြေနေရာအခက်အခဲနဲ့ ဘတ်ဂျက်ငွေအခက်အခဲကြောင့် မတည်ဆောက်နိုင်သေးချိန်မှာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ညဈေး တည်ဆောက်မယ့် အစီအစဉ်အပေါ် သဘောတူလက်ခံခဲ့တာလို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။
‘‘အဓိကကတော့ Public Convenience ဖြစ်ဖို့ပဲ။ သူတို့ လုပ်တဲ့ပရောဂျက်လည်း အောင် မြင်ရမယ်။ ပြည်သူလူထုအတွက်လည်း အကျိုးရှိရမယ်။ အဲဒီလိုမျိုး မျှတတယ်ဆိုရင်တော့လုပ် ခွင့်ပေးရမှာပေါ့’’လို့ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။
လက်ရှိတည်ဆောက်နေတဲ့ မန္တလေး ညဈေး မှာ စားသောက်ဆိုင်၊ အ၀တ်အထည်ဈေး ဆိုင်၊ ရိုးရာ ပစ္စည်းအရောင်းဆိုင်၊ ရုပ်သေးကပြမယ့် နေရာ၊ ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ စိန်ရွှေ ရတနာဆိုင်ခန်းတွေ ပါဝင်မှာဖြစ်ကာ လမ်းလျှောက်ဈေးဆိုင်ခန်းတွေ ၊ ၁၀ × ၂၀ ပေ ဆိုင်ခန်းများ၊ အမိုးဖွင့်ဈေးဆိုင်ခန်းတွေ ပါဝင်မယ်လို့ သိရပါတယ်။
Source : 7DayDaily

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...