"မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ" ဒီလိုရွိတယ္ေလ..။


"မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ"
(စာသားသိပ္ေကာင္းလို႔ ဖတ္ၾကည့္ပါ)
----------
မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ
ေယာက္်ားေတြ တစ္ပြဲတစ္လမ္း အကဲစမ္းရမယ့္ ကြက္လပ္ျဖစ္ေနတဲ႔သူေတြ မဟုတ္ဘူး။
အားႏြဲ႔တဲ႔မိန္းမသားတန္မဲ႔ ဘဝတိုက္ပြဲကို တစ္ေယာက္တည္း ရင္ဆိုင္ေနရလို႔ စာနာေဖးမေပးရမယ့္သူေတြ။

မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ
မိန္းမေတြ လြတ္ေနလို႔ဆိုျပီး ကိုယ့္ေယာက္်ားနဲ႔ သဝန္တို သမုတ္ျပီး မိန္းမခ်င္း သံသယစိတ္နဲ႔ အထင္ေသးဆက္ဆံရမယ့္သူေတြ မဟုတ္ဘူး။
ကိုယ့္ထက္အစြမ္းအစရွိလို႔ ကိုယ္လိုေတာင္ ေယာက္်ားကို မွီခိုေနတာမဟုတ္ဘဲ ဘဝရပ္တည္ေနတဲ႔ ခ်ီးက်ဴးရမယ့္သူေတြ။

မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ
လင္ေယာက္်ားအားကိုးမရွိလို႔ေျမနိမ့္ရာ လွံစိုက္ခံလူတန္းစားမဟုတ္ဘူး။
ေယာက္်ားတိုင္းေတာင္ မယူနိုင္တဲ႔ အိမ္ေထာင့္တာဝန္ကို ရဲရဲႀကီး ယူထားနိုင္တဲ႔ စိတ္ဓာတ္ၾကံ့ခိုင္တဲ႔သူေတြ။

မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ
အပ်ံသင္ခါစ မနူးမနပ္ စိမ္းဆတ္ဆတ္ ႏွလံုးသားပိုင္ရွင္ မဟုတ္ဘူး။
သူတို႔ဘဝထဲက အရင္းနွီးဆံုးေယာက္်ား ထြက္သြားတုန္းက ရင္ကြဲဖူးတဲ႔ နွလံုးသားအေတြ႕အၾကံဳရင့္က်က္ေနတဲ႔ စာနာရမယ့္သူေတြ။

မုဆိုးမတို႔ တစ္ခုလပ္တို႔ဆိုတာ
အစဥ္းစားအဆင္ျခင္မဲ႔ နလပိန္းတုန္း လူတန္းစားမဟုတ္ဘူး။
သူတို႔ဟာ လူတိုင္းသင္ယူဖူးမွာ မဟုတ္တဲ႔ ဘဝေက်ာင္းသင္ခန္းစာကို သင္ယူဖူးထားလို႔ ဘဝအေတြ႕အၾကံဳရင့္က်က္ေနတဲ႔ေလးစားရမယ့္သူေတြ။

ဒါေၾကာင့္ သူတို႔ေတြကို မေဖးမရင္ေနပါ မေစာ္ကားပါနဲ႔။
အထင္မႀကီးရင္ေနပါ မရံႈ႕ခ်ပါနဲ႔။
မခ်ီးက်ဴးရင္ေနပါ မကဲ႔ရဲ႕ပါနဲ႔။
ဘဝခရီးမွာ ေသခ်ာတယ္ဆိုတာ
ဘာတစ္ခုမွ မရွိလို႔ပါ။
ခ်စ္ခင္ေလးစားလ်က္
.
www.apannpyay.com
Credit to သြန္း
================

Unicode>>>
"မုဆိုးမတို့ တစ်ခုလပ်တို့ဆိုတာ"
(စာသားသိပ်ကောင်းလို့ ဖတ်ကြည့်ပါ)
----------
မုဆိုးမတို့ တစ်ခုလပ်တို့ဆိုတာ
ယောက်ျားတွေ တစ်ပွဲတစ်လမ်း အကဲစမ်းရမယ့် ကွက်လပ်ဖြစ်နေတဲ့သူတွေ မဟုတ်ဘူး။
အားနွဲ့တဲ့မိန်းမသားတန်မဲ့ ဘဝတိုက်ပွဲကို တစ်ယောက်တည်း ရင်ဆိုင်နေရလို့ စာနာဖေးမပေးရမယ့်သူတွေ။

မုဆိုးမတို့ တစ်ခုလပ်တို့ဆိုတာ
မိန်းမတွေ လွတ်နေလို့ဆိုပြီး ကိုယ့်ယောက်ျားနဲ့ သဝန်တို သမုတ်ပြီး မိန်းမချင်း သံသယစိတ်နဲ့ အထင်သေးဆက်ဆံရမယ့်သူတွေ မဟုတ်ဘူး။
ကိုယ့်ထက်အစွမ်းအစရှိလို့ ကိုယ်လိုတောင် ယောက်ျားကို မှီခိုနေတာမဟုတ်ဘဲ ဘဝရပ်တည်နေတဲ့ ချီးကျူးရမယ့်သူတွေ။

မုဆိုးမတို့ တစ်ခုလပ်တို့ဆိုတာ
လင်ယောက်ျားအားကိုးမရှိလို့မြေနိမ့်ရာ လှံစိုက်ခံလူတန်းစားမဟုတ်ဘူး။
ယောက်ျားတိုင်းတောင် မယူနိုင်တဲ့ အိမ်ထောင့်တာဝန်ကို ရဲရဲကြီး ယူထားနိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ။

မုဆိုးမတို့ တစ်ခုလပ်တို့ဆိုတာ
အပျံသင်ခါစ မနူးမနပ် စိမ်းဆတ်ဆတ် နှလုံးသားပိုင်ရှင် မဟုတ်ဘူး။
သူတို့ဘဝထဲက အရင်းနှီးဆုံးယောက်ျား ထွက်သွားတုန်းက ရင်ကွဲဖူးတဲ့ နှလုံးသားအတွေ့အကြုံရင့်ကျက်နေတဲ့ စာနာရမယ့်သူတွေ။

မုဆိုးမတို့ တစ်ခုလပ်တို့ဆိုတာ
အစဉ်းစားအဆင်ခြင်မဲ့ နလပိန်းတုန်း လူတန်းစားမဟုတ်ဘူး။
သူတို့ဟာ လူတိုင်းသင်ယူဖူးမှာ မဟုတ်တဲ့ ဘဝကျောင်းသင်ခန်းစာကို သင်ယူဖူးထားလို့ ဘဝအတွေ့အကြုံရင့်ကျက်နေတဲ့လေးစားရမယ့်သူတွေ။

ဒါကြောင့် သူတို့တွေကို မဖေးမရင်နေပါ မစော်ကားပါနဲ့။
အထင်မကြီးရင်နေပါ မရှုံ့ချပါနဲ့။
မချီးကျူးရင်နေပါ မကဲ့ရဲ့ပါနဲ့။
ဘဝခရီးမှာ သေချာတယ်ဆိုတာ
ဘာတစ်ခုမှ မရှိလို့ပါ။
ချစ်ခင်လေးစားလျက်
.
www.apannpyay.com
Credit to သွန်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...