ကိုယ္ဝန္ေလးလ နဲ႔ ျမန္မာအမ်ိဳးသမီးတစ္ဦး အတင္းအဓမၼျပဳ က်င့္ခံရ









ကိုယ္ဝန္ေလးလ နဲ႔ ျမန္မာအလုပ္သမားတစ္ဦးအား ထိုင္းလူ မ်ိဳးတစ္ဦးမွ မည္သူမွမရွိခ်ိန္ အခန္းထဲဝင္ အတင္းအဓမၼျပဳ က်င့္ခဲ့ AAC အဖြဲ႕ မွတရားခံဖမ္းဆီးမိေရး ထိုင္းရဲတပ္ဖြဲ႕ ႏွင့္ ပူးေပါင္းေဆာင္ရြက္ေနဆဲဟုသိရသည္။
ထိုင္းနိင္ငံ စာမြတ္စာခြန္ခရိုင္ မဟာခ်ိဳင္ ဘန္႔ဖေရာင္း ျမိဳ႕နယ္တြင္ ေနထိုင္ရင္းအလုပ္လုပ္ကိုင္ေနေသာ ျမန္မာ အလုပ္ သမေလး မ_____အသက္ ၂၃ ႏွစ္အား ေန႔ခင္း(၁) နာရီခြဲအခ်ိန္ခန္႔တြင္ ျမန္မာအလုပ္သမားမ်ားရဲ႕ အခန္းမ်ား ကို အ ခန္းေဖာက္ခိုးယူေနေသာ ထိုင္းလူမ်ိဳးတစ္ဦးမွအခန္း ထဲဝင္ အတင္းအဓမၼျပဳက်င့္ခဲ့ပါတယ္။
ကိုယ္ဝန္ေဆာင္ထားရေသာေၾကာင့္ အလုပ္မွ ေခတၱခြင့္ယူ ၍ အခန္းတြင္အနားယူေနခဲ့ရာ ပန္ကာပ်က္ေနသျဖင့္ အ ခန္း တံခါးဖြင့္ အိပ္ေနစဥ္ ပစၥည္းခိုးေသာထိုင္းလူမ်ိဳးမွ ရုပ္ ရည္သန္႔ျပန္႔ေသာ သူမအား ေတြ႕ျမင္ခဲ့ရာ စိတ္ေျပာင္းသြား ျပီး အဓ မၼက်င့္ဖို႔ၾကိဳးစားရာ သူမက”ေယာက်ာၤးရွိပါေၾကာင္း လက္ရွိကိုယ္ဝန္လည္းေလးလရွိေနပါေၾကာင္း”ေတာင္းပန္ ရင္း ကာ မဘီလူးကို အရံႈးမေပးပဲ အတင္းရုန္းကန္ေနစဥ္ သူမေအာ္ဟစ္အကူအညီေတာင္းတာေၾကာင့္ အသက္ ၃၀ ေက်ာ္ခန္႔ ထို င္းလူမ်ိဳးဟာ သူမရဲ႕ ဖုန္းတစ္လံုးယူျပီး ထြက္ ေျပးလြတ္ေျမာက္သြားပါတယ္။
သူမ အျဖစ္ကိုသိျပီး အလုပ္မွအခန္းျပန္လာေသာ အမ်ိဳး သားျဖစ္သူမွ AAC အဖြဲ႕ ထံ အကူအညီေတာင္းခံခဲ့ရာ AAC အဖြဲ႕ ဝင္မ်ား အခင္းျဖစ္ရာေနရာသို႔ ခ်က္ခ်င္းသြား ေရာက္ကာ ထိုင္းအာဏာပိုင္မ်ားႏွင့္ပူးေပါင္း၍ တရားခံဖမ္း ဆီးမိ နိင္ေရး အျမန္ဆံုးေဆာင္ရြက္ေနပါတယ္။
AAC အဖြဲ႕ရဲ႕ အမ်ိဳးသမီးေရးရာအပိုင္းတာဝန္ယူထားသူ AAC အဖြဲ႕ ဝင္မခခလိႈဳင္ႏွင့္တြဲဖက္မိန္းကေလးမ်ားကလဲ
မ —– အတြက္ က်န္းမာေရးပိုင္းေဆးစစ္ခ်က္ရယူျခင္း မ်ားကို အခ်ိန္နဲ႔တစ္ေျပးညီေဆာင္ရြက္ေနပါသည္။
AAC မဟာမိတ္ အဖြဲ႕ (ထိုင္းအေျခစိုက္)
http://www.sunthit.com



ကိုယ်ဝန်လေးလ နဲ့ မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းလူ မျိုးတစ်ဦးမှ မည်သူမှမရှိချိန် အခန်းထဲဝင် အတင်းအဓမ္မပြု ကျင့်ခဲ့ AAC အဖွဲ့ မှတရားခံဖမ်းဆီးမိရေး ထိုင်းရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်နေဆဲဟုသိရသည်။
ထိုင်းနိင်ငံ စာမွတ်စာခွန်ခရိုင် မဟာချိုင် ဘန့်ဖရောင်း မြို့နယ်တွင် နေထိုင်ရင်းအလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ် သမလေး မ_____အသက် ၂၃ နှစ်အား နေ့ခင်း(၁) နာရီခွဲအချိန်ခန့်တွင် မြန်မာအလုပ်သမားများရဲ့ အခန်းများ ကို အ ခန်းဖောက်ခိုးယူနေသော ထိုင်းလူမျိုးတစ်ဦးမှအခန်း ထဲဝင် အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ထားရသောကြောင့် အလုပ်မှ ခေတ္တခွင့်ယူ ၍ အခန်းတွင်အနားယူနေခဲ့ရာ ပန်ကာပျက်နေသဖြင့် အ ခန်း တံခါးဖွင့် အိပ်နေစဉ် ပစ္စည်းခိုးသောထိုင်းလူမျိုးမှ ရုပ် ရည်သန့်ပြန့်သော သူမအား တွေ့မြင်ခဲ့ရာ စိတ်ပြောင်းသွား ပြီး အဓ မ္မကျင့်ဖို့ကြိုးစားရာ သူမက”ယောကျာင်္းရှိပါကြောင်း လက်ရှိကိုယ်ဝန်လည်းလေးလရှိနေပါကြောင်း”တောင်းပန် ရင်း ကာ မဘီလူးကို အရှုံးမပေးပဲ အတင်းရုန်းကန်နေစဉ် သူမအော်ဟစ်အကူအညီတောင်းတာကြောင့် အသက် ၃၀ ကျော်ခန့် ထို င်းလူမျိုးဟာ သူမရဲ့ ဖုန်းတစ်လုံးယူပြီး ထွက် ပြေးလွတ်မြောက်သွားပါတယ်။
သူမ အဖြစ်ကိုသိပြီး အလုပ်မှအခန်းပြန်လာသော အမျိုး သားဖြစ်သူမှ AAC အဖွဲ့ ထံ အကူအညီတောင်းခံခဲ့ရာ AAC အဖွဲ့ ဝင်များ အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွား ရောက်ကာ ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ တရားခံဖမ်း ဆီးမိ နိင်ရေး အမြန်ဆုံးဆောင်ရွက်နေပါတယ်။
AAC အဖွဲ့ရဲ့ အမျိုးသမီးရေးရာအပိုင်းတာဝန်ယူထားသူ AAC အဖွဲ့ ဝင်မခခလှိုုင်နှင့်တွဲဖက်မိန်းကလေးများကလဲ
မ —– အတွက် ကျန်းမာရေးပိုင်းဆေးစစ်ချက်ရယူခြင်း များကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နေပါသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...