သားကို မရိုက္ပါနဲ႔ ဦးႀကီးရယ္



ရပ္ကြက္ထဲမွာ ပိုက္ဆံရွိတဲ႔ လူႀကီးတစ္ေယာက္က အလွဴေပးတဲ႔အေနနဲ႔ မရွိဆင္းရဲသား ကေလးသူငယ္ေတြကို ထမင္းေ ကြ်းတာေပါ့။

ကေလးေတြ အမ်ားႀကီး လာစားၾကပါတယ္။ ဝက္သားဟင္းနဲ႔ ခ်ဥ္ရည္ဟင္းရယ္ ဟင္းၾကမ္းတစ္ခြက္ရယ္ေပါ့။ တစ္ေယာ က္ကို ဟင္းတံုးႏွစ္တံုးစီ ထည့္ေပးပါတယ္။ အလွဴအတန္းလုပ္ေတာ့ ကေလးေတြ စားေနၾကတာ လိုက္ၾကည့္ၿပီး အလွဴရွင္ ကလည္း ပီတိျဖစ္တာေပါ့။

အဲ႔ဒီလိုလိုက္ၾကည့္တဲ႔အခါ ကေလးေလးတစ္ေယာက္က ဦးထုပ္မခြ်တ္ပဲ ထမင္းစားေနတယ္။ ပန္းကန္ထဲမွာလည္း ဟင္း တံုးတစ္တံုးမွ မရွိဘူး။ ခ်ဥ္ရည္ဟင္းေလး ဆမ္းစားေနတာေတြ႕ေတာ့ – – ” ဟာ – – ဟိုေကာင္ေတြ ဒီကေလးကို ဟင္းမ ထည့္ေပးၾကဘူးလား ေဟ့ – – ဒီကိုလာဦး ဟင္းလိုက္တဲ႔တစ္ေယာက္ ” ” ဗ်ာ – – ဆရာ ကြ်န္ေတာ္ ခဏေနကပဲ ဟင္း တံုးႏွစ္တံုးထည့္ေပးခဲ႔တာ ခု မရွိေတာ့ဘူးလား ”

အဲ႔ဒီအခ်ိန္မွာ ကေလးေဆာင္းထားတဲ႔ ဦးထုပ္ထဲကေန မ်က္ႏွာေပၚကို အရည္ေတြလိုလို ဆီေတြလိုလို က်လာပါတယ္။ အဲ႔တာနဲ႔ လူႀကီးက ဦးထုပ္ကို ဆြဲခြ်တ္လိုက္ေတာ့ ေခါင္းေပၚမွာ ဝက္သားတံုးႀကီးႏွစ္တံုး တင္ထားပါတယ္။

” ဟင္ မင္း – – မစားပဲနဲ႔ ဒါ ဘာလုပ္တာလဲ ” လူႀကီးက ေမးလိုက္ေတာ့ ကေလးေလးက ေၾကာက္သြားတယ္။ သူ႕ရဲ႕အ ၾကည့္ေလးေတြကလည္း အျပစ္ကင္းစင္ၿပီး သနားစရာလည္းေကာင္းေနတယ္။

ၿပီးေတာ့ ကေလးေလးက မ်က္ရည္ေလးေတြ ဝဲလာတယ္ – – ” ဦးႀကီးရယ္ – – သားကို မရိုက္ပါနဲ႔ေနာ္ ” ” သားေလ – – သား အေမ႔အတြက္ ယူသြားခ်င္လို႔ပါ ” ” အေမက အိပ္ယာထဲမွာ ေနလည္းမေကာင္းဘူး ၿပီးေတာ့ သားကို ဝက္သားဟ င္းေလး စားခ်င္တယ္လို႔လည္း ေျပာတယ္ ” ” အေမ ဆာေနမွာမို႔ပါ သား မစားဘဲ အေမ႔အတြက္ ယူသြားမလို႔ပါ ”

ကေလးက ခဏေနက မ်က္ရည္ေလးေတြ ဝဲရံုတင္ဝဲေနၿပီးေတာ့ သူေျပာခ်င္တာေလးေျပာၿပီး ငိုပါေတာ့တယ္။ လူႀကီး ေတာ္ေတာ္ စိတ္မေကာင္းျဖစ္သြားပါတယ္။ ရင္ထဲလည္း မေကာင္းပါဘူး။

” ေအးပါ သားရယ္ မငိုပါနဲ႔ေတာ့ ေနာ္ တိတ္ – – တိတ္ လိမၼာလိုက္တဲ႔ကေလးေလးပဲ အေမကို ခ်စ္တတ္လိုက္တာ ” ” သား ထမင္းကို ဝက္သားဟင္းနဲ႔ပဲ စားေနာ္ ” ” အျပန္က် သားအေမအတြက္ ဦး ဟင္းေတြ အမ်ားႀကီး ထည့္ေပးလိုက္ မယ္ေနာ္ ”

ဒီလိုလည္း ေျပာလိုက္ေရာ အဲ႔ကေလးေလး မငိုေတာ့ဘဲ မ်က္ရည္ေတြ သုတ္လိုက္တယ္။ ” သား – – မေၾကာက္နဲ႔ေနာ္ ဦးႀကီးက မင္းကို ဘာလို႔ ရိုက္ရမွာလဲကြ မရိုက္ပါဘူး ေနာ္ ”

” ကဲ – – ငါတပည့္ ဒီကေလးကို ဟင္းထပ္ထည့္ေပးလိုက္ပါဦးကြယ္ ” ေအာ္ – – ငါ အေမမရွိေတာ့လို႔ ခုေက်းဇူးေတြ မဆပ္ႏိုင္ေတာ့ေပမဲ႔လည္း မင္းလို ကေလးေလးတစ္ေယာက္က အေမကို ခ်စ္လို႔ သူမစားဘဲ အေမ႔အတြက္ဆိုၿပီး သိမ္း ထားတဲ႔ မင္းရဲ႕လုပ္ရပ္ေလးကို ဦးေလး ခ်ီးက်ဴးဂုဏ္ယူပါတယ္ကြာ – –

ဟိန္းလင္းေဇာ္
(Mechanical)

Unicode
ရပ်ကွက်ထဲမှာ ပိုက်ဆံရှိတဲ့ လူကြီးတစ်ယောက်က အလှူပေးတဲ့အနေနဲ့ မရှိဆင်းရဲသား ကလေးသူငယ်တွေကို ထမင်းေ ကျွးတာပေါ့။

ကလေးတွေ အများကြီး လာစားကြပါတယ်။ ဝက်သားဟင်းနဲ့ ချဉ်ရည်ဟင်းရယ် ဟင်းကြမ်းတစ်ခွက်ရယ်ပေါ့။ တစ်ယော က်ကို ဟင်းတုံးနှစ်တုံးစီ ထည့်ပေးပါတယ်။ အလှူအတန်းလုပ်တော့ ကလေးတွေ စားနေကြတာ လိုက်ကြည့်ပြီး အလှူရှင် ကလည်း ပီတိဖြစ်တာပေါ့။

အဲ့ဒီလိုလိုက်ကြည့်တဲ့အခါ ကလေးလေးတစ်ယောက်က ဦးထုပ်မချွတ်ပဲ ထမင်းစားနေတယ်။ ပန်းကန်ထဲမှာလည်း ဟင်း တုံးတစ်တုံးမှ မရှိဘူး။ ချဉ်ရည်ဟင်းလေး ဆမ်းစားနေတာတွေ့တော့ – – ” ဟာ – – ဟိုကောင်တွေ ဒီကလေးကို ဟင်းမ ထည့်ပေးကြဘူးလား ဟေ့ – – ဒီကိုလာဦး ဟင်းလိုက်တဲ့တစ်ယောက် ” ” ဗျာ – – ဆရာ ကျွန်တော် ခဏနေကပဲ ဟင်း တုံးနှစ်တုံးထည့်ပေးခဲ့တာ ခု မရှိတော့ဘူးလား ”

အဲ့ဒီအချိန်မှာ ကလေးဆောင်းထားတဲ့ ဦးထုပ်ထဲကနေ မျက်နှာပေါ်ကို အရည်တွေလိုလို ဆီတွေလိုလို ကျလာပါတယ်။ အဲ့တာနဲ့ လူကြီးက ဦးထုပ်ကို ဆွဲချွတ်လိုက်တော့ ခေါင်းပေါ်မှာ ဝက်သားတုံးကြီးနှစ်တုံး တင်ထားပါတယ်။

” ဟင် မင်း – – မစားပဲနဲ့ ဒါ ဘာလုပ်တာလဲ ” လူကြီးက မေးလိုက်တော့ ကလေးလေးက ကြောက်သွားတယ်။ သူ့ရဲ့အ ကြည့်လေးတွေကလည်း အပြစ်ကင်းစင်ပြီး သနားစရာလည်းကောင်းနေတယ်။

ပြီးတော့ ကလေးလေးက မျက်ရည်လေးတွေ ဝဲလာတယ် – – ” ဦးကြီးရယ် – – သားကို မရိုက်ပါနဲ့နော် ” ” သားလေ – – သား အမေ့အတွက် ယူသွားချင်လို့ပါ ” ” အမေက အိပ်ယာထဲမှာ နေလည်းမကောင်းဘူး ပြီးတော့ သားကို ဝက်သားဟ င်းလေး စားချင်တယ်လို့လည်း ပြောတယ် ” ” အမေ ဆာနေမှာမို့ပါ သား မစားဘဲ အမေ့အတွက် ယူသွားမလို့ပါ ”

ကလေးက ခဏနေက မျက်ရည်လေးတွေ ဝဲရုံတင်ဝဲနေပြီးတော့ သူပြောချင်တာလေးပြောပြီး ငိုပါတော့တယ်။ လူကြီး တော်တော် စိတ်မကောင်းဖြစ်သွားပါတယ်။ ရင်ထဲလည်း မကောင်းပါဘူး။

” အေးပါ သားရယ် မငိုပါနဲ့တော့ နော် တိတ် – – တိတ် လိမ္မာလိုက်တဲ့ကလေးလေးပဲ အမေကို ချစ်တတ်လိုက်တာ ” ” သား ထမင်းကို ဝက်သားဟင်းနဲ့ပဲ စားနော် ” ” အပြန်ကျ သားအမေအတွက် ဦး ဟင်းတွေ အများကြီး ထည့်ပေးလိုက် မယ်နော် ”

ဒီလိုလည်း ပြောလိုက်ရော အဲ့ကလေးလေး မငိုတော့ဘဲ မျက်ရည်တွေ သုတ်လိုက်တယ်။ ” သား – – မကြောက်နဲ့နော် ဦးကြီးက မင်းကို ဘာလို့ ရိုက်ရမှာလဲကွ မရိုက်ပါဘူး နော် ”

” ကဲ – – ငါတပည့် ဒီကလေးကို ဟင်းထပ်ထည့်ပေးလိုက်ပါဦးကွယ် ” အော် – – ငါ အမေမရှိတော့လို့ ခုကျေးဇူးတွေ မဆပ်နိုင်တော့ပေမဲ့လည်း မင်းလို ကလေးလေးတစ်ယောက်က အမေကို ချစ်လို့ သူမစားဘဲ အမေ့အတွက်ဆိုပြီး သိမ်း ထားတဲ့ မင်းရဲ့လုပ်ရပ်လေးကို ဦးလေး ချီးကျူးဂုဏ်ယူပါတယ်ကွာ – –

ဟိန်းလင်းဇော်
(Mechanical)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...