ခရမ်းပြာကားဖန်တီးသူတွေကို Viber နဲ့ ပူးပေါင်းဖော်ထုတ်မယ်လို့ ဆို


မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ Viber ကိုယ်စားလှယ်တွေရှိပါတယ်။

ခရမ်းပြာအမည်နဲ့ မြန်မာညစ်ညမ်းဗီဒီယိုကား ဖန်တီးသူတွေကို  Viber ဌာနေကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖော်ထုတ်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားပါတယ်။
‘‘မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ Viber ကိုယ်စားလှယ်တွေရှိပါတယ်။ ကျွန်တော်တို့နဲ့လည်း အခါအားလျော်စွာ လိုအပ်ရင် လိုအပ်သလို ဆက်သွယ်တာတွေရှိပါတယ်။ ဖော်ထုတ်သွားဖို့ လုပ်နေပါတယ်။ အခုအချိန်ထိတော့ စုံစမ်းစစ်ဆေးဆဲပေါ့’’ လို့ ဦးဇော်ဌေးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
ဧပြီ ၂၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ  ပြုလုပ်တဲ့ အစိုးရသစ် တစ်နှစ်ပြည့်ဆောင်ရွက်ချက်များသတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် အဆိုပါကိစ္စကို CID ကို  အထူးတာဝန်ပေးထားကာ ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်ဟာ သူနာပြုဝတ်စုံကို ၀တ်ဆင်ထားတာကြောင့်  သူနာပြုကောင်စီက သက်ဆိုင်ရာနယ်မြေမှာ အမှုဖွင့်ထားတယ်လို့လည်း ဦးဇော်ဌေးက ပြောကြားထားပါတယ်။
အဆိုပါဇာတ်ကားကို Art of Myanmar Production လို့အမည်ပေးထားတဲ့  ဖေ့စ်ဘွတ်ခ်အကောင့်စာမျက်နှာက ဇန်န၀ါရီ ၂၄ ရက်မှာ ဖြန့်ချီခဲ့ပြီး ကျပ်တစ်သောင်းနဲ့ ဇာတ်ကားအပြည့်အစုံကို Viber ကတစ်ဆင့်ရောင်းချနေတာ ဖြစ်ပါတယ်။ ‘‘ဒီမိုကရေစီမှာ လွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်။ ဆိုပိုင်ခွင့် ရှိတယ်ဆိုသော်ငြားလည်း ဒီလိုဟာတွေထွက်လာတဲ့အချိန်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေတယ်ပေါ့။ ဆန့်ကျင်နေတော့ ဥပဒေအရ ငြိစွန်းတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်’’ လို့ ဦးဇော်ဌေးက ပြောကြားခဲ့တာဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
Photos & Source: 7Day Daily

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...