အမ်ိဳးသမီးမ်ား လိင္စိတ္ႂကြေစတဲ့ ေရာင္းခ်သည့္ေဆးကို FDA စံုစမ္း


ၿပီးခဲ့သည့္ မတ္လ ေနာက္ဆံုးပတ္က ေသာက္စရာ တစ္ခုခုထဲတြင္ ေဆးငါးစက္ ခပ္ၿပီး ေသာက္႐ံုျဖင့္ ငါးမိနစ္အတြင္း အမ်ိဳးသမီးမ်ား လိင္စိတ္ႂကြေစသည္ဟု လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေၾကာ္ျငာ ေရာင္းခ်သည့္ေဆးကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန (FDA) က စံုစမ္းမႈမ်ား ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း FDA ထံမွ သိရသည္။
“ဝန္ႀကီး႐ံုးကို စာတင္တယ္။ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ကို ဖမ္းဆီးေပးဖို႔ ညႇိႏိႈင္း အေၾကာင္းၾကားစာ ထုတ္သင့္ပါသည္လို႔ စာတင္ခဲ့တယ္”ဟု FDA မွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ေဒါက္တာဥကၠာၿဖိဳးက ဆိုသည္။
သႀကၤန္ကာလ နီးလာသည့္အခ်ိန္တြင္ ယင္းကဲ့သို႔ လိင္ႏွင့္ ဆက္စပ္ေဆးႏွင့္ ပစၥည္းမ်ား ေၾကာ္ျငာ ေရာင္းခ်ျခင္းမွာ ျဖစ္ေလ့ျဖစ္ထရွိေၾကာင္း ၎ကေျပာၾကားသည္။
သႀကၤန္ႏွစ္စဥ္ လည္ပတ္ေလ့ရွိသည့္ အသက္ ၂၉ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးကမူ “သႀကၤန္လည္ရင္း မူးသြားရင္ ဘာမွ မသိေတာ့ဘူး။ အခ်ိဳရည္ျဖစ္ျဖစ္၊ ဘီယာ ျဖစ္ျဖစ္ ကိုယ့္လူ လာတိုက္ရင္ေတာ့ ေသာက္မွာေပါ့။ သူမ်ား လာတိုက္ရင္ေတာ့ မေသာက္ပါဘူး”ဟု မွတ္ခ်က္ျပဳသည္။
လူမႈကြန္ရက္ စာမ်က္ႏွာ ဖြင့္လွစ္ ေရာင္းခ်ခဲ့သည့္ Spanish Fly Drops ေဆးေဖ့စ္ဘုတ္ေပ့ခ်္မွာ ယခုရက္ပိုင္းအတြင္းက ဖ်က္သိမ္းခဲ့သည္။
အဆိုပါ ေဆးေၾကာ္ျငာတြင္ ၁၅ ႀကိမ္ အသံုးျပဳႏိုင္သည့္ ေဆးတစ္ဘူးလွ်င္ က်ပ္ ေျခာက္ေသာင္း၊ ၁၂ ဘူးပါ တစ္ပါကင္လွ်င္ က်ပ္ငါးသိန္းဟု ေဖာ္ျပခဲ့သည္။
Credit: The Voice Myanmar
===

ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်က သောက်စရာ တစ်ခုခုထဲတွင် ဆေးငါးစက် ခပ်ပြီး သောက်ရုံဖြင့် ငါးမိနစ်အတွင်း အမျိုးသမီးများ လိင်စိတ်ကြွစေသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် ကြော်ငြာ ရောင်းချသည့်ဆေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က စုံစမ်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း FDA ထံမှ သိရသည်။
“ဝန်ကြီးရုံးကို စာတင်တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဖမ်းဆီးပေးဖို့ ညှိနှိုင်း အကြောင်းကြားစာ ထုတ်သင့်ပါသည်လို့ စာတင်ခဲ့တယ်”ဟု FDA မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ဆိုသည်။
သင်္ကြန်ကာလ နီးလာသည့်အချိန်တွင် ယင်းကဲ့သို့ လိင်နှင့် ဆက်စပ်ဆေးနှင့် ပစ္စည်းများ ကြော်ငြာ ရောင်းချခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိကြောင်း ၎င်းကပြောကြားသည်။
သင်္ကြန်နှစ်စဉ် လည်ပတ်လေ့ရှိသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကမူ “သင်္ကြန်လည်ရင်း မူးသွားရင် ဘာမှ မသိတော့ဘူး။ အချိုရည်ဖြစ်ဖြစ်၊ ဘီယာ ဖြစ်ဖြစ် ကိုယ့်လူ လာတိုက်ရင်တော့ သောက်မှာပေါ့။ သူများ လာတိုက်ရင်တော့ မသောက်ပါဘူး”ဟု မှတ်ချက်ပြုသည်။
လူမှုကွန်ရက် စာမျက်နှာ ဖွင့်လှစ် ရောင်းချခဲ့သည့် Spanish Fly Drops ဆေးဖေ့စ်ဘုတ်ပေ့ချ်မှာ ယခုရက်ပိုင်းအတွင်းက ဖျက်သိမ်းခဲ့သည်။
အဆိုပါ ဆေးကြော်ငြာတွင် ၁၅ ကြိမ် အသုံးပြုနိုင်သည့် ဆေးတစ်ဘူးလျှင် ကျပ် ခြောက်သောင်း၊ ၁၂ ဘူးပါ တစ်ပါကင်လျှင် ကျပ်ငါးသိန်းဟု ဖော်ပြခဲ့သည်။
Credit: The Voice Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...