၅၀၀ က်ပ္တန္ ထီ လက္မွတ္ ေဈးကြက္ တြင္ ဝယ္ယူသူမ်ားျပား


၅၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆု ထီ ဟာ ေဈးကြက္ ထဲမွာ စိတ္ဝင္စား ဝယ္ယူသူေတြ မ်ားေနပါတယ္။သိန္း ၁ ေသာင္းထီက ဒီတေခါက္ဆိုရင္ေတာ့ ၂ ႀကိမ္ေျမာက္ထြက္မွာ ျဖစ္ပါတယ္။ ထီ ဝါသနာရွင္ေတြက ဒုတိယအႀကိမ္ထြက္မယ့္ သိန္း ၁ ေသာင္းထီကို စိတ္ဝင္စားေနတဲ့အတြက္ ထီလက္မွတ္ ဝယ္ယူတာေတြ မ်ားေနပါတယ္။ ပုံမွန္ဆုိရင္ ဧၿပီလမွာ အေရာင္းအဝယ္ေအးသလို ထီဆိုင္ေတြလည္း ပိတ္တာေတြရွိေပမယ့္ အခုႏွစ္မွာေတာ့ အေရာင္းအဝယ္ေကာင္းေနတာပါ။
“သိန္း ၁ ေသာင္းထီ ထြက္ၿပီးတဲ့ေနာက္ပိုင္းမွာ ထီထိုးတဲ့ ပရိသတ္ကေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားၿပီးေတာ့ ဆက္ၿပီးထီထိုးခ်င္တဲ့ဆႏၵေတြ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ ဒါေပမယ့္ ေအာင္ဘာေလက ႏွစ္စဥ္ႏွစ္တိုင္း ဒီလုိ သႀကၤန္လဆို ၂၀ ရာခိုင္ႏႈန္းေလာက္ ေလၽွာ႔ၿပီးေတာ့ ထီကိုထုတ္ပါတယ္။ ခါတိုင္းႏွစ္ေတြထက္စာရင္ ပိုၿပီးေတာ့ ေရာင္းရမယ္လို႔ ေမၽွာ္လင့္တယ္။ ေတာ္ေတာ္ေလး စိတ္ဝင္စားလာတယ္။ ေပါက္တဲ့လူ အေရအတြက္ကလည္း ေတာ္ေတာ္ေလး မ်ားလာတယ္” လို႔ ေအာင္ဆုထူးပိုင္ပင္ရင္းထီဆိုင္ပိုင္ရွင္ ဦးက်င့္ဟူက ေျပာပါတယ္။
ႏွစ္စဥ္ ဧၿပီ လထဲမွာ ထီေရာင္းအားက်တဲ့အတြက္ ေအာင္ဘာေလ ထီ႐ံုးက ထီလက္မွတ္ ေတြကို ေလၽွာ႔ထုတ္ပါတယ္။ ဒီႏွစ္မွာလည္း ထီလက္မွတ္ေတြကို ေလၽွာ့ထုတ္ထားတယ္လို႔ ရန္ကုန္ေအာင္ဘာေလသိန္းဆုဌာနခြဲ ညႊန္ၾကားေရးမႉး ဦးထြန္းထြန္းေအာင္က ေျပာပါတယ္။
“ဒီလကေတာ့ ဧၿပီ လျဖစ္တဲ့အတြက္ အကၡရာအလံုးေတြကို က်ေနာ္တို႔က ေလၽွာ႔ၿပီးေတာ့ ျပန္ခဲြေပးထားတာေပါ့ေနာ္။ ႏွစ္စဥ္ႏွစ္တိုင္းလည္း ဧၿပီ လမွာ အမ်ားျပည္သူက မိဘရပ္ထံေတြ ျပန္ၾကတယ္ေပါ့။ ေနာက္တခါ ရဟန္းခံ ရွင္ျပဳ အလႉေတြလုပ္ၾကတယ္။ ခရီးေတြထြက္ၾကတယ္။ အဲဒီအခ်ိန္က်ေတာ့ ထီ ေရာင္းတဲ့ ဝန္ထမ္းေတြကိုယ္တိုင္ကလည္း သူတို႔ရဲ႕ မိဘရပ္ထံေတြ ျပန္ၾကတယ္။ ထီထိုးသူ မိဘျပည္သူေတြကလည္း အလႉအတန္းေတြ လုပ္၊ ခရီးေတြထြက္ၾက ဆိုေတာ့ ထီထိုးအားက ႏွစ္စဥ္ႏွစ္တုိင္ အနည္းငယ္ က်ဆင္းေလ့ရွိပါတယ္။ အဲဒီအတြက္ က်ေနာ္တို႔က အဲဒီအခ်ိန္က်ရင္ အကၡရာအလံုးေတြကို ေလၽွာ႔ထုတ္ၿပီး က်ေနာ္တို႔ ေရာင္းခ်ထားပါတယ္။”
တကယ္လို႔ ဝယ္လိုအား မ်ားေနရင္ေတာ့ အရန္ထီထုတ္မယ္လို႔လည္း သူက ေျပာပါတယ္။
ႏွစ္စဥ္ ဧၿပီလနဲ႔ ေမလေတြမွာ ေအာင္ဘာေလ႐ံုးက ထီလက္မွတ္ ေတြကို ေလၽွာ့ထုတ္ေနတဲ့အတြက္ ဒီႏွစ္လို ထီေရာင္းအား ေကာင္းခ်ိန္မွာေတာ့ ထီကိုယ္စားလွယ္ ေတြအေနနဲ႔ ထီလက္မွတ္ဝယ္ယူတဲ့အခါ ခြဲတမ္းရတာေတြ နည္းတယ္လို႔ ထီကိုယ္စားလွယ္ ေတြက ေျပာပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ ဧၿပီလမွာေတာ့ ထီဝယ္ယူသူေတြ မ်ားေနတဲ့အတြက္ ထီကိုယ္စားလွယ္ ေတြက အရန္ထီကို ပိုၿပီး ဝယ္ယူေနရပါတယ္။
Credit : DVB
=====
၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ထီ ဟာ ဈေးကွက် ထဲမှာ စိတ်ဝင်စား ဝယ်ယူသူတွေ များနေပါတယ်။သိန်း ၁ သောင်းထီက ဒီတခေါက်ဆိုရင်တော့ ၂ ကြိမ်မြောက်ထွက်မှာ ဖြစ်ပါတယ်။ ထီ ဝါသနာရှင်တွေက ဒုတိယအကြိမ်ထွက်မယ့် သိန်း ၁ သောင်းထီကို စိတ်ဝင်စားနေတဲ့အတွက် ထီလက်မှတ် ဝယ်ယူတာတွေ များနေပါတယ်။ ပုံမှန်ဆိုရင် ဧပြီလမှာ အရောင်းအဝယ်အေးသလို ထီဆိုင်တွေလည်း ပိတ်တာတွေရှိပေမယ့် အခုနှစ်မှာတော့ အရောင်းအဝယ်ကောင်းနေတာပါ။
“သိန်း ၁ သောင်းထီ ထွက်ပြီးတဲ့နောက်ပိုင်းမှာ ထီထိုးတဲ့ ပရိသတ်ကတော့ တော်တော်လေး စိတ်ဝင်စားပြီးတော့ ဆက်ပြီးထီထိုးချင်တဲ့ဆန္ဒတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် အောင်ဘာလေက နှစ်စဉ်နှစ်တိုင်း ဒီလို သင်္ကြန်လဆို ၂၀ ရာခိုင်နှုန်းလောက် လျှော့ပြီးတော့ ထီကိုထုတ်ပါတယ်။ ခါတိုင်းနှစ်တွေထက်စာရင် ပိုပြီးတော့ ရောင်းရမယ်လို့ မျှော်လင့်တယ်။ တော်တော်လေး စိတ်ဝင်စားလာတယ်။ ပေါက်တဲ့လူ အရေအတွက်ကလည်း တော်တော်လေး များလာတယ်” လို့ အောင်ဆုထူးပိုင်ပင်ရင်းထီဆိုင်ပိုင်ရှင် ဦးကျင့်ဟူက ပြောပါတယ်။
နှစ်စဉ် ဧပြီ လထဲမှာ ထီရောင်းအားကျတဲ့အတွက် အောင်ဘာလေ ထီရုံးက ထီလက်မှတ် တွေကို လျှော့ထုတ်ပါတယ်။ ဒီနှစ်မှာလည်း ထီလက်မှတ်တွေကို လျှော့ထုတ်ထားတယ်လို့ ရန်ကုန်အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။
“ဒီလကတော့ ဧပြီ လဖြစ်တဲ့အတွက် အက္ခရာအလုံးတွေကို ကျနော်တို့က လျှော့ပြီးတော့ ပြန်ခွဲပေးထားတာပေါ့နော်။ နှစ်စဉ်နှစ်တိုင်းလည်း ဧပြီ လမှာ အများပြည်သူက မိဘရပ်ထံတွေ ပြန်ကြတယ်ပေါ့။ နောက်တခါ ရဟန်းခံ ရှင်ပြု အလှူတွေလုပ်ကြတယ်။ ခရီးတွေထွက်ကြတယ်။ အဲဒီအချိန်ကျတော့ ထီ ရောင်းတဲ့ ဝန်ထမ်းတွေကိုယ်တိုင်ကလည်း သူတို့ရဲ့ မိဘရပ်ထံတွေ ပြန်ကြတယ်။ ထီထိုးသူ မိဘပြည်သူတွေကလည်း အလှူအတန်းတွေ လုပ်၊ ခရီးတွေထွက်ကြ ဆိုတော့ ထီထိုးအားက နှစ်စဉ်နှစ်တိုင် အနည်းငယ် ကျဆင်းလေ့ရှိပါတယ်။ အဲဒီအတွက် ကျနော်တို့က အဲဒီအချိန်ကျရင် အက္ခရာအလုံးတွေကို လျှော့ထုတ်ပြီး ကျနော်တို့ ရောင်းချထားပါတယ်။”

တကယ်လို့ ဝယ်လိုအား များနေရင်တော့ အရန်ထီထုတ်မယ်လို့လည်း သူက ပြောပါတယ်။

နှစ်စဉ် ဧပြီလနဲ့ မေလတွေမှာ အောင်ဘာလေရုံးက ထီလက်မှတ် တွေကို လျှော့ထုတ်နေတဲ့အတွက် ဒီနှစ်လို ထီရောင်းအား ကောင်းချိန်မှာတော့ ထီကိုယ်စားလှယ် တွေအနေနဲ့ ထီလက်မှတ်ဝယ်ယူတဲ့အခါ ခွဲတမ်းရတာတွေ နည်းတယ်လို့ ထီကိုယ်စားလှယ် တွေက ပြောပါတယ်။ ဒါကြောင့် ဒီနှစ် ဧပြီလမှာတော့ ထီဝယ်ယူသူတွေ များနေတဲ့အတွက် ထီကိုယ်စားလှယ် တွေက အရန်ထီကို ပိုပြီး ဝယ်ယူနေရပါတယ်။
Credit : DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...