သတင္း အမွားေတြကို အေရးယူသြားေတာ့မယ္


ဒီေန႔ သတင္းနဲ႕ နည္းပညာေခတ္ႀကီးရဲ႕ ေကာင္းက်ိဳးကေတာ့ သတင္းအခ်က္အလက္ေတြကို ျမန္ျမန္ဆန္ဆန္နဲ႕ လြယ္လြယ္ကူကုူသိရွိႏိုင္လာတာပါ။

ဒါေပမဲ့ အဲဒီမွာ ဆိုးက်ိဳးအေနနဲ႕ သတင္းအမွားေတြ၊ မဟုတ္မမွန္လုပ္ႀကံထားတဲ့ သတင္းေတြနဲ႕ ႀကဳံေတြ႔ရႏိုင္တာပါ။ တခ်ိဳ႕ကလည္း ရည္ရြယ္ခ်က္ရွိရွိနဲ႕ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈေတြ၊ အမုန္းစကားေတြကို သတင္းမွားေတြနဲ႕ လူအမ်ားၾကား ပ်ံ႕ႏွံ႔ေအာင္ ႀကိဳးစားတာေတြ ရွိၾကပါတယ္။

ဂ်ာမနီႏိုင္ငံကေတာ့ ဒီလို သတင္းအမွားေတြထုတ္ျပန္မႈ အေပၚ အေရးယူဖို႔ ဥပေဒမူၾကမ္းတစ္ရပ္ေရးဆြဲထားၿပီး ျဖစ္ပါတယ္။ ဒီ ဥပေဒမူၾကမ္းအရေတာ့ Facebook နဲ႕ Twitter တို႔လို ေနရာေတြ အထိပါ သက္ေရာက္ေစမွာ ျဖစ္ၿပီး အမုန္းစကားေတြ၊ အျခား ရာဇဝတ္မႈေျမာက္တဲ့ သတင္းအမွားေတြကို တင္ေနသူေတြကို ယူရိုေငြ သန္းငါးဆယ္ (အေမရိကန္ ေဒၚလာ ၅၃ သန္း) အထိ ဒဏ္ေငြခ်မွတ္သြားမွာ ျဖစ္ပါတယ္။ ဒီ ဥပေဒၾကမ္းကို အတည္မျပဳရေသးေပမယ့္ အတည္ျဖစ္လာႏိုင္ေခ်မ်ားတယ္လို႔ သုံးသပ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ အေမရိကန္ ေရြးေကာက္ပြဲ ကာလက မဟုတ္မမွန္သတင္းေတြ ပ်ံ႕ႏွံ႔ခဲ့မႈေတြ၊ အျခားအလားတူ ျဖစ္ရပ္ေတြေၾကာင့္ အခုလို ဥပေဒနဲ႕ တားဆီးဖို႔ ႀကိဳးစားလာခဲ့တာ ျဖစ္ပါတယ္။

ဒီ ဥပေဒၾကမ္းအေပၚ မႏွစ္သက္သူေတြကေတာ့ ဒါဟာ လြတ္လပ္စြာေျပာဆိုခြင့္ကို ထိပါးေစတဲ့ လုပ္ရပ္တစ္ခု ျဖစ္တယ္လို႔ ေဝဖန္သုံးသပ္ေနၾကပါတယ္။

Ref: The Washington Post ; “ How do you stop fake news? In Germany, with a law.”
Credit: ေက်ာ္သန္႔ (ရိုးရာေလး)
====

ဒီနေ့ သတင်းနဲ့ နည်းပညာခေတ်ကြီးရဲ့ ကောင်းကျိုးကတော့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကုူသိရှိနိုင်လာတာပါ။

ဒါပေမဲ့ အဲဒီမှာ ဆိုးကျိုးအနေနဲ့ သတင်းအမှားတွေ၊ မဟုတ်မမှန်လုပ်ကြံထားတဲ့ သတင်းတွေနဲ့ ကြုံတွေ့ရနိုင်တာပါ။ တချို့ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းစကားတွေကို သတင်းမှားတွေနဲ့ လူအများကြား ပျံ့နှံ့အောင် ကြိုးစားတာတွေ ရှိကြပါတယ်။

ဂျာမနီနိုင်ငံကတော့ ဒီလို သတင်းအမှားတွေထုတ်ပြန်မှု အပေါ် အရေးယူဖို့ ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းအရတော့ Facebook နဲ့ Twitter တို့လို နေရာတွေ အထိပါ သက်ရောက်စေမှာ ဖြစ်ပြီး အမုန်းစကားတွေ၊ အခြား ရာဇဝတ်မှုမြောက်တဲ့ သတင်းအမှားတွေကို တင်နေသူတွေကို ယူရိုငွေ သန်းငါးဆယ် (အမေရိကန် ဒေါ်လာ ၅၃ သန်း) အထိ ဒဏ်ငွေချမှတ်သွားမှာ ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းကို အတည်မပြုရသေးပေမယ့် အတည်ဖြစ်လာနိုင်ချေများတယ်လို့ သုံးသပ်နေကြပါတယ်။ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲ ကာလက မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့ခဲ့မှုတွေ၊ အခြားအလားတူ ဖြစ်ရပ်တွေကြောင့် အခုလို ဥပဒေနဲ့ တားဆီးဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ဒီ ဥပဒေကြမ်းအပေါ် မနှစ်သက်သူတွေကတော့ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။

Ref: The Washington Post ; “ How do you stop fake news? In Germany, with a law.”
Credit: ကျော်သန့် (ရိုးရာလေး)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...