Facebook နဲ့တင် အချိန်ကုန်နေတဲ့သမီးရဲ့ လည်ပင်းကို ဖခင်ဖြစ်သူကဓားနဲ့လှီး



နတ်စည်တော် (Shwemom)

Unicode

လူငယ်ထုကြားမှာ Facebook နဲ့ အခြား လူမှုကွန်ယက် အသုံးပြုမှု ပမာဏဟာ 60 % မှ 70% အထိ တိုးတက်လာ တယ်လို့ ဆိုပါတယ်။ များသောအားဖြင့်တော့ လူငယ်ထုဟာ Facebook နဲ့ လူမှုကွန်ယက်တွေကို စိတ်အပန်းဖြေစရာ အဖြစ်သာ အသုံးချနေကြပြီး၊ တစ်နေကုန်နီးပါး၊ အချိန်ပြည့်နီးပါး အသုံးပြုမှု ပမာဏကလည်း မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံတစ်ခုတည်းမှာပင် အချိန်ပြည့်နီးပါး အသုံးပြုသူဟာ 30 အထိ ရှိပြီး၊ 80 % ကတော့ အရွယ်ငယ်
ရွယ်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ယင်း 80 % ရဲ့ နေ့ခင်းပိုင်း Facebook အသုံးပြုချိန်ဟာ စုစုပေါင်းဟာ ပျမ်းမျှ အားဖြင့် နှစ်နာရီဖြစ်ပြီး၊ ညခင်းပိုင်းမှာ 7 နာရီမှ 10 နာရီအထိ ဆက်တိုက်အသုံးပြုသူကတော့ 55% ကျော်အထိ ရှိတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။
အခုလည်း အချိန်ပြည့် Facebook ပေါ်မှာ အဲဗားအွန်လိုင်းဖြစ်နေတဲ့ သမီးဖြစ်သူကို ဖခင်ဖြစ်သူက သည်းမခံနိုင်တော့
တဲ့အဆုံး လည်ပင်းကို ဓားနဲ့လှီးဖြတ်ခဲ့မှု ထိုင်းနိုင်င်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဖခင်ရဲ့အမည်ကို Joi လို့သာ အလွယ်ဖော်ပြ ထားပြီး အသက်ကတော့ 41 နှစ်ရှိပါပြီ။
သမီးဖြစ်သူဟာ အသက် 13 နှစ်အရွယ်သာ ရှိသေးပြီး၊ သူမရဲ့လုပ်ရပ်တွေဟာ တစ်နေ့တစ်ခြား မိဘရဲ့ ပြောစကားဆိုစ ကားကိုတောင် နားထောင်ရကောင်းမှန်းမသိ ပိုပိုဆိုးဝါးလာခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။ ဖခင်ဖြစ်သူ ဟာ သမီးကို လည်ပင်းမှာ ထားနဲ့ထိုးသွင်းကာ လှီးဖြတ်ခဲ့ပြီး Phetchaburi’s Muang ရပ်ကွက်ရှိ အိမ်မှာ သော့ပိတ် လှောင်ထားခဲ့ပါတယ်။ အဆိုပါအိမ်ဟာ သူတို့ အိမ်ငှားခေါ်တင်လေ့ရှိတဲ့ အိမ်ပါ။
Joi ဟာ သမီးကြီးကို သေပြီအထင်နဲ့ ပစ်ထားခဲ့ပြီး သမီးအငယ်မကို ခေါ်ယူကာ လက်ရှိနေထိုင်ရာကနေ ထွက်ပြေးဖို့ ကြိုးစားစဉ် Prachuap Khiri Khan’s Thap Sakae ရပ်ကွက်မှာ ထိုင်းရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူရဲ့ဇနီးက လည်း အွန်လိုင်းမှာ အချိန်ဖြုန်းတာကို ဖခင်က မကြိုက်ကြောင်း သမီးကြီးကို အမျိုးမျိုးဖြောင်းဖြပေမယ့် မရခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ လောလောဆယ်တော့ ဒဏ်ရာရှိတဲ့သမီးကို ဆေးရုံမှာတင်ပို့ထားပြီး အခြေအနေကတော့ မသိရသေး ပါဘူး။
နတ်စည်တော် (Shwemom)
source : viral4real.com
#Edkza




Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...