ေယာက်ာၤးရွိျပီး ရည္းစားေဟာင္းနဲ႔ ဇာတ္လမ္းျပန္စတဲ့ အမ်ိဳးသမီးမ်ားအတြက္သာ


ကၽြန္မက အရင္က ထုိင္းႏုိင္ငံမွာ အလုပ္လုပ္ပါတယ္။ သုံးႏွစ္ၾကာၿပီးေနာက္ အဲဒီႏုိင္ငံမွာ ယခု လက္ရွိခင္ပြန္းနဲ႔ အေၾကာင္းပါခဲ့ပါတယ္။ ငါးႏွစ္အၾကာမွာ ျမန္မာျပည္ကို လင္ေယာမယားေရာ ျပန္လာခဲ့ပါတယ္။ ျမန္မာျပည္ျပန္ေရာက္လုိ႔ သမီးေလးကို ေမြးၿပီးမၾကာမီမွာ ရည္းစားေဟာင္းနဲ႔ အဆက္အသြယ္ ျပန္ရပါတယ္။ ကၽြန္မမွာ က
ေလးနဲ႔ တရား၀င္ ခင္ပြန္းနဲ႔ ျဖစ္ေနေပမယ့္ ခ်စ္သူေဟာင္းျဖစ္လုိ႔ မေရွာင္လႊဲႏုိင္ခဲ့ပါဘူး။

ဒိလုိနဲ႔ တစ္ႏွစ္နီးပါး ၾကာတဲ့အထိ ခ်စ္သူေဟာင္းနဲ႔ ေတြ႔ျဖစ္ျပီး ေဖာက္ျပန္ေနခဲ့မိပါတယ္။ အခုေနာက္ပိုင္းမွာ ကၽြန္မ ရည္းစားေဟာင္းက လက္ရွိအိမ္ေထာင္ေရးကို အဆုံးသတ္ၿပီး၊ သူနဲ႔ လက္ထပ္ဖုိ႔၊ ကေလးကိုလည္း သူ႕အေဖနဲ႔သာ ထားခဲ့ဖုိ႔ ကၽြန္မကို စည္း႐ုံးေနပါတယ္။ ကၽြန္မလည္း ဒီလုိ မေပၚမတင္ဘ၀မွာ ေနရတာကို အေတာ္ေၾကာက္ေနရပါတယ္။ ကၽြန္မ ဘာဆက္လုပ္သင့္သလဲဆုိတာ အႀကံေပးပါဦး။

Shwemom မွ စာျပန္လိုက္ပါတယ္ …

မိသားစု အစစ္အမွန္ေတြက သူတုိ႔ မိသားစုကုိ ၿဖိဳခြဲမယ့္ မည္သူ႕ကုိမဆုိ ရင္ဆုိင္တုိက္ခုိက္တတ္ၾကတာ သဘာ၀တစ္ခုပါဘဲ။ အခုကိစၥမွာေတာ့ မိသားစုကို ၿဖိဳခြဲမယ့္သူက အံ့ၾသဖြယ္ရာ မိခင္တစ္ေယာက္ျဖစ္သူ၊ မိသားစုတစ္စုမွာ ဒုတိယတာ၀န္ အႀကီးဆုံးလူတစ္ေယာက္ ျဖစ္ေနတာကို ၀မ္းနည္းဖြယ္ရာ ေတြ႕ရပါတယ္။

လူ႕ဘ၀ဆုိတာ ကုိယ္လုပ္ခ်င္တာတစ္ခုတည္းကိုပဲ ဦးစားေပး လုပ္ေဆာင္သြားလုိ႔ မရပါဘူး။ အထူးသျဖင့္ အိမ္ေထာင္သည္ဘ၀မွာ မိမိအတၱဆုိတာ ဦးစားေပးအဆင့္ထဲမွာ မရွိသင့္ပါ။ တဒဂၤအေပ်ာ္ေလးေတြကို မက္ေမာမိ႐ုံနဲ႔ သမီးရဲ႕၊ ခင္ပြန္းရဲ႕ တစ္ဘ၀လုံးနဲ႔ဆုိင္တဲ့ ရပ္တည္ခ်က္ေတြကို မလုပ္မိဖုိ႔ လုိပါတယ္။

ဒီေတာ့ ကိုယ့္ဆႏၵကို ဆင္ျခင္ပါ။ ကေလးတစ္ေယာက္ေတာင္ ရေနၿပီ၊ စိတ္အလုိလုိက္ အေပ်ာ္ရွာရေတာ့မယ့္ အရြယ္ မဟုတ္ေတာ့ဘူးဆုိတာကုိလည္း သတိျပဳမိပါေစ၊ အျဖစ္သင့္ဆုံးကေတာ့ ရည္းစားေဟာင္းကို (လုံး၀) လုံး၀ အဆက္သြယ္ ျဖတ္ပါ။ ဒါမွလည္း သင္ဟာ ေရွ႕ဆက္ စံျပမိခင္ဘ၀နဲ႔၊ သိကၡာျပည့္၀တဲ့ မိခင္တစ္ေယာက္ရဲ႕ဘ၀နဲ႔ သမီးအရင္းရဲ႕ ယုံၾကည္ေလးစားမႈကို ရမွာ ျဖစ္ပါေၾကာင္း …။

ေက်းဇူးတင္ပါသည္ …
Shwemom
Unicode
ကျွန်မက အရင်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပါတယ်။ သုံးနှစ်ကြာပြီးနောက် အဲဒီနိုင်ငံမှာ ယခု လက်ရှိခင်ပွန်းနဲ့ အကြောင်းပါခဲ့ပါတယ်။ ငါးနှစ်အကြာမှာ မြန်မာပြည်ကို လင်ယောမယားရော ပြန်လာခဲ့ပါတယ်။ မြန်မာပြည်ပြန်ရောက်လို့ သမီးလေးကို မွေးပြီးမကြာမီမှာ ရည်းစားဟောင်းနဲ့ အဆက်အသွယ် ပြန်ရပါတယ်။ ကျွန်မမှာ က
လေးနဲ့ တရားဝင် ခင်ပွန်းနဲ့ ဖြစ်နေပေမယ့် ချစ်သူဟောင်းဖြစ်လို့ မရှောင်လွှဲနိုင်ခဲ့ပါဘူး။

ဒိလိုနဲ့ တစ်နှစ်နီးပါး ကြာတဲ့အထိ ချစ်သူဟောင်းနဲ့ တွေ့ဖြစ်ပြီး ဖောက်ပြန်နေခဲ့မိပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်မ ရည်းစားဟောင်းက လက်ရှိအိမ်ထောင်ရေးကို အဆုံးသတ်ပြီး၊ သူနဲ့ လက်ထပ်ဖို့၊ ကလေးကိုလည်း သူ့အဖေနဲ့သာ ထားခဲ့ဖို့ ကျွန်မကို စည်းရုံးနေပါတယ်။ ကျွန်မလည်း ဒီလို မပေါ်မတင်ဘဝမှာ နေရတာကို အတော်ကြောက်နေရပါတယ်။ ကျွန်မ ဘာဆက်လုပ်သင့်သလဲဆိုတာ အကြံပေးပါဦး။

Shwemom မှ စာပြန်လိုက်ပါတယ် …

မိသားစု အစစ်အမှန်တွေက သူတို့ မိသားစုကို ဖြိုခွဲမယ့် မည်သူ့ကိုမဆို ရင်ဆိုင်တိုက်ခိုက်တတ်ကြတာ သဘာဝတစ်ခုပါဘဲ။ အခုကိစ္စမှာတော့ မိသားစုကို ဖြိုခွဲမယ့်သူက အံ့သြဖွယ်ရာ မိခင်တစ်ယောက်ဖြစ်သူ၊ မိသားစုတစ်စုမှာ ဒုတိယတာဝန် အကြီးဆုံးလူတစ်ယောက် ဖြစ်နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။

လူ့ဘဝဆိုတာ ကိုယ်လုပ်ချင်တာတစ်ခုတည်းကိုပဲ ဦးစားပေး လုပ်ဆောင်သွားလို့ မရပါဘူး။ အထူးသဖြင့် အိမ်ထောင်သည်ဘဝမှာ မိမိအတ္တဆိုတာ ဦးစားပေးအဆင့်ထဲမှာ မရှိသင့်ပါ။ တဒင်္ဂအပျော်လေးတွေကို မက်မောမိရုံနဲ့ သမီးရဲ့၊ ခင်ပွန်းရဲ့ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ရပ်တည်ချက်တွေကို မလုပ်မိဖို့ လိုပါတယ်။

ဒီတော့ ကိုယ့်ဆန္ဒကို ဆင်ခြင်ပါ။ ကလေးတစ်ယောက်တောင် ရနေပြီ၊ စိတ်အလိုလိုက် အပျော်ရှာရတော့မယ့် အရွယ် မဟုတ်တော့ဘူးဆိုတာကိုလည်း သတိပြုမိပါစေ၊ အဖြစ်သင့်ဆုံးကတော့ ရည်းစားဟောင်းကို (လုံးဝ) လုံးဝ အဆက်သွယ် ဖြတ်ပါ။ ဒါမှလည်း သင်ဟာ ရှေ့ဆက် စံပြမိခင်ဘဝနဲ့၊ သိက္ခာပြည့်ဝတဲ့ မိခင်တစ်ယောက်ရဲ့ဘဝနဲ့ သမီးအရင်းရဲ့ ယုံကြည်လေးစားမှုကို ရမှာ ဖြစ်ပါကြောင်း …။

ကျေးဇူးတင်ပါသည် …
Shwemom

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...