ဘီလူးစီးျခင္း.. ကိုယ္တိုင္မျဖစ္ဖူးရင္ေတာင္ ၾကားေတာ့ၾကဖူးၾကပါတယ္..။

ဘီလူးစီးျခင္း
========
ဘီလူးစီးတယ္ ဆိုတာ ကိုယ္တိုင္ မၾကံဳဖူးရင္ေတာင္ လူတိုင္းၾကားေတာ့ ၾကားဖူးလိမ့္မယ္ ထင္ပါတယ္။
လူကႏိုးေနရက္နဲ႔ ေျခေတြလက္ေတြလွဳပ္မရ၊ ေအာ္မရ ပာစ္မရနဲ႔ အေတာ္ၾကီးကို စိတ္ဒုကၡေရာက္ရတဲ့ အခ်ိန္ပါ။ အဂၤလိပ္လို Sleep Paralysis လို႔ေခၚျပီး ျမန္မာလို ဘီလူးစီးတယ္လုိ႔ ေခၚတဲ့ အေျခအေန တစ္ရပ္ကို တစ္ခါေလာက္ ၾကံဳဖူး သြားတာနဲ႔ ေနာက္ထပ္ ၾကံဳဖို႔ လန္႔သြား ေလာက္တဲ့ အေတြ႔အၾကံဳ တစ္ရပ္ပါ။
Sleep Paralysis ကိုႏွစ္မ်ိဳး ခြဲျခားႏိုင္ပါတယ္။ Isolated Sleep Paralysis (ISP) နဲ႔ Recurrent Isolated Sleep Paralysis (RISP) ဆိုျပီးေတာ့ပါ။ အလြယ္ေျပာရရင္ ISP ဆိုတာက လူတိုင္း ျဖစ္ႏိုင္ေပမယ့္ RISP ဆိုတာ ကေတာ့ အိပ္စက္ျခင္းနဲ႔ သက္ဆိုင္တဲ့ မူမမွန္တဲ့ ေရာဂါ တစ္မ်ိဳးမ်ိဳး ရွိေနသူ ေတြမွာသာ ပိုျဖစ္တတ္ ပါတယ္။ ISP က လူတစ္ေယာက္ တစ္သက္မွာ တစ္ခါ ေလာက္ပဲၾကံဳတတ္ ပါတယ္။ RISP ကေတာ့ ခဏခဏျပန္ျဖစ္ေန တာပါ။ ျမန္မာလို ေျပာရရင္ေတာ့ ဘီလူးစီးတယ္ဆိုတာက သာမန္လူမွာဆိုရင္ တစ္သက္မွာ တစ္ခါေလာက္ပဲ ၾကံဳေတြ႔ ႏိုင္္ေပမယ့္ အိပ္စက္ျခင္းနဲ႔ သက္ဆိုင္တဲ့ ေရာဂါရွိသူေတြမွာ ဆိုရင္ ခဏခဏ ျဖစ္ႏိုင္ပါတယ္။ တစ္ညတည္း ကိုပဲ ႏွစ္ခါ သံုးခါျပန္ျဖစ္ႏို္င္ေခ် ရွိပါတယ္။
ဘီလူးစီးတာ ဘာျဖစ္လို႔ ျဖစ္ရတာလဲ ဆိုတာကို ေျဖရွင္းဖို႔ ကေတာ့ အေတာ္ လက္၀င္ပါတယ္။ ဒါေပမယ့္လည္း ဘာေၾကာင့္လည္း ဆိုတဲ့ အေျဖ အတိအက် ေတာ့မရွိဘဲ သီအိုရီ သေဘာတရားအရ ပဲရွိပါေသးတယ္။ လူတစ္ေယာက္ရဲ႕ အိပ္စက္ျခင္းကို REM (rapid eye movement) နဲ႔ NREM (non-rapid eye movement) ဆိုျပီးေတာ့ အဆင့္ခြဲပါတယ္။ အဲဒီ တစ္ဆင့္ျခင္း ဆီမွာကိုပဲ သူနဲ႔သက္ဆိုင္တဲ့ ဦးေႏွာက္ရဲ႕ တုန္႔ျပန္မွဳေတြ၊ ခႏၵာကိုယ္ရဲ႕ တုန္႔ျပန္မွဳေတြ ရွိပါတယ္။ တစ္ညတာ အိပ္စက္တဲ့အခါမွာ ဒီ NREM နဲ႔ REM အဆင့္ေတြ အလွည့္က် ျဖစ္ေပၚေအာင္ ဦးေႏွာက္က ထိန္းခ်ဳပ္ထားရ ပါတယ္။ အလြယ္ေျပာရ ရင္ေတာ့ NREM ဆိုတာက အိပ္တစ္၀က္ ႏိုးတစ္၀က္ အေျခအေနျဖစ္ျပီး REM ကေတာ့ လံုး၀အိပ္ေပ်ာ္ သြားတဲ့ အေျခအေန တစ္ရပ္ျဖစ္ပါတယ္။
REM အခ်ိန္မွာလူေတြပာာ အိပ္မက္မက္ၾကပါတယ္။ အိပ္မက္ထဲမွာ ဆိုေပမယ့္ လည္း ကိုယ့္စိတ္ထဲမွာေတာ့ တကယ္ ထင္ေနတာပါပဲ။ အဲဒီေတာ့ အိပ္မက္ထဲမွာ လက္သီးထိုးေနရင္ အျပင္မွာလည္း လိုက္ထုိုးေနဖို႔ ရွိပါတယ္။ အိပ္မက္ထဲမွာ ေဘာလံုးကန္ေနရင္ အျပင္မွာလည္း လိုက္ကန္ေနမိ ပါလိမ့္မယ္။ အဲဒီေတာ့ အဲလိုမ်ိဳး အိပ္မက္ထဲမွာ လုပ္တဲ့အတိုင္း အျပင္မွာ ေလွ်ာက္မျဖစ္ ေနေအာင္ ဦးေႏွာက္က REM အဆင့္ လူေတြ အိပ္မက္မက္ျပီ ဆိုရင္ အိပ္မက္ထဲက အတိုင္း အျပင္မွာ လိုက္မလုပ္ႏုိင္ေအာင္ လူကုိ ထိန္းခ်ဳပ္ လို႔ရတဲ့ ၾကြက္သားေတြကို လံုး၀ မလွဳပ္ေတာ့ေအာင္ လွမ္းပိတ္ထား လိုက္ပါတယ္။ ျပီးေတာ့မွ ႏိုးေတာ့မယ္ဆိုမွ REM အဆင့္ကေန NREM ျဖစ္၊ ဦးေႏွာက္က ထိန္းခ်ဳပ္ထားတာေတြကို ျပန္ေလွ်ာ့ျပီး ျပန္လွဳပ္ရွားလို႔ ရေအာင္ လုပ္ပါတယ္။
ဦးေႏွာက္က REM အဆင့္မွာ ထိန္းခ်ဳပ္တဲ့ေနရာမွာ လူကိုယ္တိုင္ ထိန္းႏိုင္တဲ့ ၾကြက္သားေတြ ကိုသာ ေသေအာင္ လုပ္ထားပါတယ္။ အဲဒါေၾကာင့္ ဘီလူး စီးတဲ့ အခ်ိန္မွာ မေအာ္ႏိုင္ မပာစ္ႏိုင္၊ မလွဳပ္ရွားႏုိင္ေပမယ့္ အသက္ရွဴတာ လိုမ်ိဳး အေရးၾကီးတဲ့ ၾကြက္သားေတြကေတာ့ ပံုမွန္ အလုပ္ဆက္လုပ္ ပါတယ္။ အဲလို ဘီလူးစီးတယ္ ဆိုတဲ့ အေျခအေန ျဖစ္ေပၚရတာကေတာ့ ခုနက ေျပာထားတဲ့ REM အဆင့္ကေန မေလ်ာ့ဘဲ ဦးေႏွာက္က ထိန္းခ်ဳပ္ထား တာေတြ မေလွ်ာ့ဘဲ အလုပ္လုပ္ပံု မွားယြင္းတာေၾကာင့္ ႏိုးသြားျပီး လူရဲ႕ သိစိတ္ ျပန္၀င္လာတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဦးေႏွာက္က အိပ္ေန တယ္လို႔ပဲ ဆက္သတ္မွတ္ထားျပီး REM အဆင့္မွာပဲ ဆက္ထားတဲ့အခါမွာ အခုလိုမ်ိဳး လွဳပ္မရ၊ ေအာ္မရ ျဖစ္လာပါတယ္။ အိပ္မက္မက္ေနသလို၊ တကယ္ ျဖစ္ေနသလို ခံစားရပါတယ္။ ႏိုးလာေစခ်င္ေပမယ့္လည္း မႏိုးႏိုင္ ျဖစ္ခါ အေတာ္ၾကီးကို စိတ္ဒုကၡ ေရာက္ရပါတယ္။ အျခားအျပင္ဘက္က အထိအေတြ႔ တစ္ခုခုေၾကာင့္နဲ႔ ဦးေႏွာက္ကျပန္ျပီး ပံုမွန္ျပန္လုပ္သြားတဲ့ အခါက်မွ ျပန္လွဳပ္လို႔ ရသြားပါတယ္။
ဆိုလိုခ်င္တာက အျပင္ကလူ တစ္ေယာက္ေယာက္ မႏိွုးမျခင္း၊ REM အဆင့္ မကုန္သြား မျခင္း လွဳပ္လို႔ မရေသးပါဘူး။ ေနာက္တစ္ခ်က္ ကေတာ့ ဘီလူးစီးတဲ့ အခ်ိန္မွာ လူေတြပာာ အိပ္္မက္လို ျဖစ္ေနေပမယ့္ တကယ့္ကို ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ စိတ္ေျခာက္ျခား စရာျဖစ္တဲ့ အႏၱရာယ္တစ္ခုခုနဲ႔ ၾကံဳေတြ႔ေနရတယ္လို႔ စိတ္ထဲမွာ ခံစား မိေနပါတယ္။ အဲဒါကလည္း သိစိတ္ ရွိေနတဲ့ REM အဆင့္ရဲ႕ ေနာက္ဆက္တြဲ အေနနဲ႔ ဦးေႏွာက္ဘာသာ ျပန္တာ လြန္ကဲျပီးဒီအေျခအေနပာာ အသက္အႏၱရာယ္ထိ ရွိလာႏိုင္တယ္ အရမ္း ေၾကာက္ဖို႔ ေကာင္းတယ္လို႔ ေနာက္ဆက္တြဲ ဘာသာျပန္ပါတယ္။ အဲဒါ ေၾကာင့္ ဘီလူးစီးခံရတဲ့ လူေတြပာာ အဲလိုလွဳပ္လို႔မရတဲ့ အေျခအေန တစ္ရပ္မွာ အင္မတန္ကုို ေၾကာက္စရာ ေကာင္းတဲ့ အေတြ႔အၾကံဳ ခံစားခဲ့ ရတယ္လို႔ ထင္ျပီး ႏိုးလာရင္ေတာင္ ေၾကာက္စိတ္မျပယ္ ျဖစ္ေန တတ္ပါတယ္။
ဒီလိုဦးေႏွာက္က ဘာသာျပန္ မွားယြင္းတာပာာ ဦးေႏွာက္ကို ေအာက္ဆီဂ်င္ သိပ္မေရာက္တဲ့ အေျခအေနေတြ ဥပမာ ေလ၀င္ေလထြက္ မေကာင္းတာမ်ိဳး၊ ကာဘြန္ဒိုင္ ေအာက္ဆိုက္ဒ္ အရမ္းမ်ားေနတဲ့ အခန္းထဲမွာ အိပ္တာမ်ိဳးဆိုရင္ ပိုျဖစ္တတ္ ပါတယ္။ တစ္ခါတေလမွာ အဲဒါက အလြန္ျပင္းထန္သြားတတ္ျပီး အိပ္တစ္၀က္ ႏိုးတစ္၀က္ျဖစ္ကာ အိပ္မက္လို႔ သိေနေပမယ့္လည္း အသက္ရွဴ ၾကပ္တဲ့အထိ၊ အသက္ရွူလို႔ မရတဲ့အေျခအေနထိ ျဖစ္လာပါတယ္ (က်ေနာ္ တစ္ခါ ျဖစ္ဖူးပါတယ္ အိပ္မက္မက္ရင္း အသက္ရွဴ ၾကပ္လာတာ။ ေတာ္ေသး တယ္မေသသြားလို႔။) ဘီလူးစီးျခင္း (Sleep paralysis) ပာာ အသက္ အႏၱရာယ္ ျဖစ္ေလာက္ေအာင္ ဒုကၡမေပးႏိုင္ေပမယ့္ ခံစားခဲ့ရတဲ့ သူအတြက္ ေတာ့ တစ္သက္တာ မေမ့ႏိုင္ေအာင္ ေၾကာက္မက္ဖြယ္ ေကာင္းခဲ့ပါတယ္။
ဘီလူးစီးတာပာာ အိပ္မေပ်ာ္တဲ့သူေတြ၊ အိပ္ခ်ိန္မမွန္တဲ့သူေတြ၊ ပက္လက္ အိပ္တတ္ သူေတြ၊ ဖိအားမ်ားလြန္းတဲ့ သူေတြ၊ အရမ္းကို ပင္ပန္းႏြမ္းနယ္ ေနတဲ့ သူေတြ၊ ေဆးသံုးတဲ့ သူေတြမွာ ပိုျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ ျမန္မာေတြ အရင္တည္းက ယူဆလာတဲ့ အခ်က္က အေတာ္မွန္ေနတာ ေတြ႔ရပါတယ္။ ငယ္ငယ္တုန္းက ဘီလူးစီးခံရတယ္ေျပာရင္ လူၾကီးေတြက ပက္လက္ မအိပ္နဲ႔လို႔ ေျပာခဲ့တာက အခုသိပၸံနည္းက် ရွင္းတဲ့အခါမွာလည္း အင္မတန္ မွန္ေနပါတယ္။ ပက္လက္အိပ္တဲ့ အခါမွာ ခႏၵာကိုယ္အေန အထားေၾကာင့္ လွ်ာဒါမွမပာုတ္ အာေခါင္ေပ်ာ့တို႔ရဲ႕ ဖိအားေၾကာင့္ အသက္ရွူ လမ္းေၾကာင္းပိတ္ျပီး ေလသိပ္မ၀င္ေတာ့တဲ့အခါ ဘီလူးစီးတာ ျဖစ္ေပၚလာ ႏိုင္တယ္လို႔ ဆိုပါတယ္။
ပံုမွန္အိပ္တာ၊ ေလ၀င္ေလထြက္ ေကာင္းေအာင္ လုပ္တာနဲ႔ အိပ္ရာကုတင္ သန္႔သန္႔ရွင္းရွင္းနဲ႔ လူလည္း သန္႔သန္႔ရွင္းရွင္း အိပ္မယ္ဆိုရင္ Sleep Paralysis ကိုကာကြယ္ ႏိုင္ပါတယ္။
https://www.facebook.com/permalink.php?story_fbid=196751303868829&id=194575237419769&substory_index=0

Unicode
ဘီလူးစီးခြင်း
========
ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။
လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေအနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူး သွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံ တစ်ရပ်ပါ။
Sleep Paralysis ကိုနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်း ဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါ တစ်မျိုးမျိုး ရှိနေသူ တွေမှာသာ ပိုဖြစ်တတ် ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါ လောက်ပဲကြုံတတ် ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေ တာပါ။ မြန်မာလို ပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့ နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ဆိုရင် ခဏခဏ ဖြစ်နိုင်ပါတယ်။ တစ်ညတည်း ကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိ်ုင်ချေ ရှိပါတယ်။
ဘီလူးစီးတာ ဘာဖြစ်လို့ ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ ကတော့ အတော် လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်း ဆိုတဲ့ အဖြေ အတိအကျ တော့မရှိဘဲ သီအိုရီ သဘောတရားအရ ပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီ တစ်ဆင့်ခြင်း ဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်မှုတွေ ရှိပါတယ်။ တစ်ညတာ အိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျ ဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရ ပါတယ်။ အလွယ်ပြောရ ရင်တော့ NREM ဆိုတာက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော် သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။
REM အချိန်မှာလူတွေပာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့် လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ် ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုုးနေဖို့ ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိ ပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာ လျှောက်မဖြစ် နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီ ဆိုရင် အိပ်မက်ထဲက အတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူကို ထိန်းချုပ် လို့ရတဲ့ ကြွက်သားတွေကို လုံးဝ မလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ ရအောင် လုပ်ပါတယ်။
ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင် ထိန်းနိုင်တဲ့ ကြွက်သားတွေ ကိုသာ သေအောင် လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင် မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာ လိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေကတော့ ပုံမှန် အလုပ်ဆက်လုပ် ပါတယ်။ အဲလို ဘီလူးစီးတယ် ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ရတာကတော့ ခုနက ပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်က ထိန်းချုပ်ထား တာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့ သိစိတ် ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေ တယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲ ဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ် ဖြစ်နေသလို ခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင် ဖြစ်ခါ အတော်ကြီးကို စိတ်ဒုက္ခ ရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့ အခါကျမှ ပြန်လှုပ်လို့ ရသွားပါတယ်။
ဆိုလိုချင်တာက အပြင်ကလူ တစ်ယောက်ယောက် မနှိုးမခြင်း၊ REM အဆင့် မကုန်သွား မခြင်း လှုပ်လို့ မရသေးပါဘူး။ နောက်တစ်ချက် ကတော့ ဘီလူးစီးတဲ့ အချိန်မှာ လူတွေပာ အိပ်မက်လို ဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ခြောက်ခြား စရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာ ခံစား မိနေပါတယ်။ အဲဒါကလည်း သိစိတ် ရှိနေတဲ့ REM အဆင့်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဦးနှောက်ဘာသာ ပြန်တာ လွန်ကဲပြီးဒီအခြေအနေပာ အသက်အန္တရာယ်ထိ ရှိလာနိုင်တယ် အရမ်း ကြောက်ဖို့ ကောင်းတယ်လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါ ကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေ တစ်ရပ်မှာ အင်မတန်ကိုု ကြောက်စရာ ကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ ရတယ်လို့ ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေ တတ်ပါတယ်။
ဒီလိုဦးနှောက်က ဘာသာပြန် မှားယွင်းတာပာ ဦးနှောက်ကို အောက်ဆီဂျင် သိပ်မရောက်တဲ့ အခြေအနေတွေ ဥပမာ လေဝင်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ် ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူ ကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိ ဖြစ်လာပါတယ် (ကျနော် တစ်ခါ ဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူ ကြပ်လာတာ။ တော်သေး တယ်မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis) ပာ အသက် အန္တရာယ် ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့ သူအတွက် တော့ တစ်သက်တာ မမေ့နိုင်အောင် ကြောက်မက်ဖွယ် ကောင်းခဲ့ပါတယ်။
ဘီလူးစီးတာပာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက် အိပ်တတ် သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်းနယ် နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေ အရင်တည်းက ယူဆလာတဲ့ အချက်က အတော်မှန်နေတာ တွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက် မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန် မှန်နေပါတယ်။ ပက်လက်အိပ်တဲ့ အခါမှာ ခန္ဒာကိုယ်အနေ အထားကြောင့် လျှာဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ ဖိအားကြောင့် အသက်ရှူ လမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာ ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုပါတယ်။


ပုံမှန်အိပ်တာ၊ လေဝင်လေထွက် ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကိုကာကွယ် နိုင်ပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...