လူကြည့်များတဲ့ သာကေတ အစ္စလာမ်ကျောင်း ၂ ကျောင်း ရုပ်သံဖိုင်


မနေ့ညက သာကေတမှာ အစ္စလာမ်ကျောင်း ၂ ကျောင်းကိစ္စကြောင့် ရုပ်သံဖိုင်တွေ ဓါတ်ပုံတွေ များစွာ ထွက်ပေါ်လာပါတယ်။ အဲ့ဒီထဲကမှာ ဒီရုပ်သံဖိုင်က လူတော်တော်လေး ကြည့်ကြတယ်။ သုံးသပ်ကြတယ်၊ ပြောကြတယ်။
ဒါကတော့ အစ္စလာမ်ကျောင်း ၂ ကျောင်းချိတ်မပိတ်ခင် ပြောနေကြတဲ့ရုပ်သံဖြစ်ပါတယ်။ ရုပ်သံထဲကအတိုင်း ဆရာတော် တချို့နဲ့ အရပ်သားတချို့တို့က အဲ့ဒီ အစ္စလာမ်ကျောင်း ၂ ကျောင်းထဲကို ၀င်ခွင့်တောင်းနေတဲ့ ဖြစ်စဉ်လေးတစ်ပိုင်းပေါ့။

ဒီလိုကိစ္စကတော့ အရမ်းကို ရှုပ်ထွေးတဲ့အတွက် ရုပ်သံကို ပရိသတ်များ ကိုယ်တိုင်ကြည့်ပြီး ကိုယ်တိုင် လွှတ်လပ်စွာ သုံးသပ် သဘောကွဲလွဲနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အရှိကို အရှိတိုင်းဘဲ တင်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ပိတ်ပေးဖို့ အမျိုးသားရေး လှုပ်ရှားသူ ဆိုသူတွေက ဖိအားပေးတဲ့အတွက် အာဏာပိုင်တွေက ဒီကနေ့ညနေပိုင်းက ချိတ်ပိတ်လိုက်ပါတယ်။
အပြစ်မရှိပေမယ့် ပြဿနာ ပိုမိုကြီးထွားမလာအောင် ယာယီပိတ်သိမ်းတာပါဆိုပြီး အာဏာပိုင်တွေက ပြောတယ်လို့ အနော်မာ ၁၂ လမ်းက ပိတ်သိမ်းခံရတဲ့ ဘာသာရေး ကျောင်းရဲ့ ဥက္ကဌ ဦးတင်ရွှေက ပြောပါတယ်။
“မယကဦးစီးရယ်၊ သာသနာရေးဦးစီးရယ် ၂ ယောက်က လာပါတယ်၊ ရဲမှူးတွေပါပါတယ်၊ ခင်ဗျားတို့ ဘာကြောင့်ပိတ်တာလဲ၊ ကျနော်တို့မှာ တရားဝင် စာရွက်စာတမ်းရှိတယ်၊ ကျနော်တို့မှာ အပြစ်ရှိလို့လား ဒါ ခင်ဗျားတို့ ချိတ်ပိတ်တယ်ဆိုတာ အပြစ်ရှိလို့ အရေးယူတာပါပြောတော့ မဟုတ်ဘူးဆိုပြီးတော့ ဦးစီးကရော သာသနာရေးဦးစီး ပါးစပ်ကရော မယကဦးစီးကရော ဒီကိစ္စ ပြဿနာကြီးထွားသွားမှာစိုးလို့ ယာယီထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကျနော်တို့ကို ပြောပါတယ်”
သာကေတမြို့နယ်၊ အနော်မာ ၁၁ လမ်းနဲ့ ၁၂ လမ်းမှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်း ၂ ခုမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုတဲ့အတွက် ပိတ်ပေးဖို့ဆိုပြီး အမျိုးသားရေး လှုပ်ရှားသူတွေ ဆိုတဲ့ လူ ၁၅ဝ လောက်က ဒီကနေ့ ညနေပိုင်းက ဖိအားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဖိအားပေးတဲ့အတွက် ဘာသာရေးကျောင်းတွေက တာဝန်ရှိသူတွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေ ဆွေးနွေးခဲ့အပြီးမှာ အခုလို ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ဖိအားပေးသူတွေဟာ ရပ်ကွက်မှာ နေထိုင်သူတွေမဟုတ်ကြောင်းနဲ့ ရပ်ကွက်က ဌာနေ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ သင့်မြတ်မှုရှိကြောင်း ဦးတင်ရွှေက ပြောပါတယ်။

ရုပ်သံကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။
Update RFA မြန်မာပိုင်း>>>>
credit...Yar Pine Thu

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...