ရွာဦးကျောင်းဆရာတော်အား သတိလစ်မေ့မျောသွားသည်အထိ ဒါယိကာအရင်းမှ ၀ါးရင်းတုတ်ဖြင့်ရိုက်နှက်မှု့ဖြစ်ပွား

ကောလင်း ဧပြီ ၁၇


Credit..Kyawlin New
==========

ကောလင်း ဧပြီ ၁၇
ရွာဦးကျောင်းဆရာတော်အားဒါယိကာအရင်းမှ ၀ါးရင်းတုတ်ဖြင့်ရိုက်နှက်မှု့ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကောလင်းမြို့နယ်၊အင်ပင်လှအုပ်စု၊စံလယ်ရွာတွင်ယနေ့ညနေ(၃)နာရီ၊(၁၅)မိနစ်အချိန်တွင်စံလယ်ရွာနေ၊သန်းမောင်(၅၆)နှစ်(ဘ)ဦးလှဖေသည်ရွာဦးကျောင်းဆရာတော်ဦးခေမာဝံသသတင်းသုံးနေသောကျောင်းဆောင်ပေါ်သို့တက်ရောက်ကာဆရာတော်အားပါလာသည့်ဝါးရင်းတုတ်ဖြင့်ရိုက်နှက်သဖြင့်ဆရာတော်သည်(၅)လက္မခန့်စီရှိ ဦးခေါင်းပေါက်ပြဲဒါဏ်ရာ(၃)ချက်၊ဝဲလက်ဖျံပေါက်ပြဲဒါဏ်ရာ(၅)ချက်နှင့်ပါးစပ်မှသွေးများအံကာသတိလစ်မေ့မျောသွားပါသဖြင့်ကောလင်းဆေးရုံမှမန်းလေးဆေးရုံသို့လွှဲပြောင်းဆေးကုသမှုခံယူခိုင်းကြောင်းသိရှိရပါသည်။
ပြစ်မှု့ကျူးလွန်သူသန်းမောင်အားကျေးရွာသူကျေးရွာသားများမှဝိုင်းဝန်းဖမ်းဆီးပြီကောလင်းမြို့မရဲစခန်းသို့အပ်နှံပြီးအမှုဖွင့်အရေးယူဆောင်ရွက်ရန်စီစဉ်လျှက်ရှိသည်ဟုသတင်းရရှိပါသည်။

Credit..Kyawlin New

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...