အေဝးေျပး ကားေပၚမွာ မိန္းမသား အခ်ိဳ႕လိင္ပိုင္းဆိုင္ ရာ ေႏွာင့္ယွက္ခံေနရ


အေဝးေျပးကားေပၚေရာက္တာနဲ႔ သူ႕ေဘးမွာ ထိုင္မယ့္သူကို မစံပယ္ၾကည့္လိုက္တယ္။ ထိုင္ခံုလြတ္ေနပါတယ္။ ႏွစ္ေယာက္စာေနရာမွာ တစ္ေယာက္တည္းထိုင္ရမွာမို႔ ေပ်ာ္ရႊင္ေနပါတယ္။
ကားက ည ၇းဝ၀ နာရီမွာ ထြက္ပါၿပီ။ ရန္ကုန္ကေန ေတာင္တြင္းႀကီးသြားတဲ့ အခ်ိန္ ကားေပၚမွာ တစ္ညအိပ္ရပါတယ္။ မစံပယ္ အိပ္ေပ်ာ္ေနတုန္း တစ္ေရးမရခင္မွာပဲ ထူးဆန္းတဲ့အျဖစ္အပ်က္ တစ္ခုၾကံဳေတြ႕လိုက္ရပါတယ္။
သူ႕ေရွ႕ထိုင္ခံုႏွစ္ခုၾကားက လက္တစ္ဖက္ထြက္လာၿပီး သူ႕ေပါင္တံရွိတဲ့ေနရာ ကို ထိေတြ႕ပြတ္သပ္ေနတာပါ။
‘အစကေတာ့ မေတာ္တဆထိတယ္ပဲ ထင္ေနတာ၊ ႏွစ္ခါသံုးခါျဖစ္လာေတာ့ သတိထားမိလိုက္တယ္၊ သက္သက္မဲ့ လိုက္ၿပီးကိုင္ေနတာ၊ ကြ်န္မလဲေျခ ေထာက္ကို ထိုင္ခံုေပၚေရႊ႕တင္ၿပီး ေစာင့္ၾကည့္ေနတာ၊ တစ္ညလံုးသံုးေလးခါ ေလာက္ လက္ႀကီးထြက္လာၿပီး လိုက္စမ္းေနတာ၊ မအိပ္ရဲလို႔မနက္ေရာက္ တဲ့အထိပဲလို႔ သူက ျပန္ေျပာျပတယ္။
ျမန္မာႏိုင္ငံမွာရွိတဲ့ အေဝးေျပးယာဥ္လိုင္းတခ်ိဳ႕မွာ စီစီတီဗီကင္မရာေတြ တပ္ဆင္ထားတာရွိေပမဲ့လည္း လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈေတြ ေတြ႕ၾကံဳေနရဆဲျဖစ္တယ္လို႔ အေဝးေျပးကားစီးနင္းသူအမ်ိဳးသမီး ခရီးသည္ တခ်ိဳ႕ကို ေမးျမန္းမႈေတြအရ သိရပါတယ္။
ကိုယ္တိုင္ေတြ႕ႀကံဳဖူးသူတခ်ိဳ႕ကို ေမးျမန္းမႈေတြအရ ကားေပၚမွာလိင္ပိုင္း ဆိုင္ရာေႏွာင့္ယွက္မႈေတြ၊ ေဘးခ်င္းကပ္လ်က္ခံု၊ အေရွ႕ခံုက လူေတြက ညစ္ညမ္းဗီဒီယိုေတြၾကည့္ေနတာ၊ ေဘးမွာထိုင္ေနတဲ့ အမ်ိဳးသမီးေတြ မျမင္ျမင္ေအာင္ျပၿပီး ေႏွာင့္ယွက္တာေတြ ၾကံဳေနရတယ္လို႔ေျပာပါတယ္။
ရန္ကုန္ကေန ေနျပည္ေတာ္ကိုသြားမယ့္ မသႏၱာလည္း သည္လိုအျဖစ္မ်ိဳး ၾကံဳခဲ့ဖူးပါတယ္။
အေရးေပၚကိစၥေၾကာင့္ ခရီးထြက္ရမွာမို႔ ရရာခံုလက္မွတ္ကိုယူလိုက္ရတာပါ။  သူ႕ေဘးနားမွာက်တာက အသက္ ၅၀ ေက်ာ္အရြယ္အမ်ိဳးသားႀကီးတစ္ဦးပါ။ အေဖလိုအရြယ္ျဖစ္ေနတာေၾကာင့္ ခံုေနရာခ်င္းမလဲခိုင္းဘဲ သည္အတိုင္း စီးနင္းလိုက္ပါခဲ့ပါတယ္။
ျဖဴးယာဥ္ရပ္နားစခန္းကေန ျပန္ထြက္လာတဲ့ အခ်ိန္ ည ၁၂းဝ၀ နာရီအခ်ိန္ ေလာက္မွာ မသႏၱာအိပ္ဖို႔ဟန္ျပင္လိုက္ပါတယ္။ ကားေပၚကေပးထားတဲ့ေစာင္ ကိုယူၿခံဳၿပီး အိပ္ဖို႔ျပင္လိုက္ခ်ိန္မွာပဲ ေဘးနားက လူရဲ႕ခႏၶာကိုယ္ကသူ႕ဆီကို မီလ်က္က်လာပါတယ္။
သူကေဘးဘက္ကိုတိုးရင္းကေန လူႏွစ္ေယာက္စာခံုၾကားထဲမွာ လက္ကိုင္ အိတ္ကိုအကာအကြယ္ယူၿပီးမအိပ္ရဲဘဲ ေဖ့စ္ဘုတ္ခ္ သံုးေနလိုက္ပါတယ္။
ည ၁းဝ၀ နာရီေက်ာ္အခ်ိန္မွာေတာ့ သူ႕ရဲ႕ ခါးေနာက္ပိုင္းကိုသံုးေလးႀကိမ္ ေလာက္ထိေတြ႕ကိုင္တြယ္ေနတာေၾကာင့္ သူမအိပ္ရဲဘဲေစာင့္ၾကည့္ေန ပါတယ္။
သူကရွက္တာေပါ့၊ ကားသမားကိုလဲမေျပာရဲေတာ့ ဟိုးေနာက္ဆံုးခံုအထိ လြတ္တဲ့ေနရာမွာ သြားေနလိုက္ရတယ္၊ ဒါေတာင္ သူကတၾကည့္ၾကည့္နဲ႔ လုပ္ေနေသးတယ္၊ ဒါေတာင္အထူးကားေနာ္၊ လူရွင္းေနတဲ့အခ်ိန္စီးတာ၊ ကားေတြေပၚမွာ စိတ္မခ်ရေတာ့ဘူးလို႔ ေျပာပါတယ္။
သည္လိုေႏွာင့္ယွက္ေနသူေတြက မိန္းကေလးတစ္ေယာက္တည္း ခရီးသြားတဲ့ သူေတြကိုသာေရြးၿပီး ျပဳလုပ္ေလ့ရွိပါတယ္။ တစ္ခါတစ္ရံ ခရီးသည္ေတြအျပင္ ယာဥ္ေမာင္းအကူနဲ႔ စပယ္ယာတခ်ိဳ႕လည္း ပါဝင္ေနတယ္လို႔ ကိုယ္တိုင္ၾကံဳေတြ႕ရသူတခ်ိဳ႕ေျပာျပခ်က္အရ သိရပါတယ္။
ကိုယ္တိုင္ၾကံဳေတြ႕ခဲ့သူ မသင္းသင္း (အမည္လႊဲ)က ထမင္းစားနားတဲ့အခ်ိန္ မွာ ယာဥ္အကူကေဘးနားလာၿပီး စကားေတြလာေျပာတယ္၊ မေကာင္းတတ္လို႔ ျပန္ေျပာလိုက္တယ္၊ ဒါကို သူဘယ္လိုထင္သြားလဲ မသိဘူး၊ ကားေပၚေရာက္တဲ့ အခ်ိန္မွာ ေဘးကခံုမွာလာထိုင္ၿပီးေတာ့ ဖုန္းနံပါတ္ေတြေတာင္းတယ္၊ လက္ကိုလဲလာကိုင္တယ္၊ ကြ်န္မက ေအာ္လိုက္ရမလား၊ လူကိုဘာထင္ေနလဲလို႔ ေျပာလိုက္မွ ေရွ႕ကို ျပန္သြား တယ္၊ အဲဒီယာဥ္လိုင္းကို ဘယ္ေတာ့မွ မစီးေတာ့ဘူး၊ ေသေအာင္မွတ္ထား တယ္လို႔ သူေတြ႕ႀကံဳခဲ့ ရတာကို ရွင္းျပပါတယ္။
လက္ရွိ အေဝးေျပးယာဥ္လိုင္းအမ်ားစုက ေဘးခ်င္းကပ္လ်က္ခံုေတြကိုမိန္း ကေလးအခ်င္းခ်င္းသီးသန္႔ရေအာင္ လုပ္ေဆာင္ေပးတာေတြလည္းရွိပါတယ္။ အခုေနာက္ပိုင္းမွာ ယာဥ္ေပၚမွာပါလာတဲ့ ခရီးသည္ေတြအတြက္ ဝန္ေဆာင္မႈေပးဖို႔ ယာဥ္မယ္ေတြခန္႔ထားလာၾကပါတယ္။
အေဝးေျပးကားေတြမွာ စီစီတီဗီကင္မရာတပ္ဆင္ထားတဲ့ကားေတြ၊ ယာဥ္မယ္ ေတြထားရွိတဲ့ ကားေတြက အထူးကားလို႔ေခၚၿပီး သာမန္စီးေနတဲ့ ယာဥ္စီးခထက္ ပိုေပးရတာေတြ၊ ရွိတာေၾကာင့္ လူအမ်ားစုကယာဥ္မယ္ေတြ၊ စီစီတီဗီေတြမပါတဲ့ ကားေတြနဲ႔ သြားေနၾကပါတယ္။
မႏၱလာမင္းယာဥ္လိုင္းပိုင္ရွင္ ေဒၚလဲ့လဲ့ေအးက သူတို႔ယာဥ္လိုင္းေျပးဆြဲေနတဲ့ ဆယ္ႏွစ္တာ ကာလအတြင္းမွာ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့တိုင္ၾကားရေလာက္တဲ့ ျဖစ္စဥ္မ်ိဳးမေတြ႕ၾကံဳရေသးဘူး လို႔ဆိုပါတယ္။
အေဝးေျပးယာဥ္လိုင္းအမ်ားစုမွာ လံုျခံဳေရးအတြက္ စီစီတီဗီကင္မရာေတြတပ္ ဆင္တာ၊ အျမန္ႏႈန္းသတ္မွတ္တဲ့ စနစ္တယ္လီမတ္တစ္စနစ္၊ ယာဥ္ေမာင္းအ ရက္ေသာက္ထားမႈရွိ၊ မရွိအလိုအေလ်ာက္တိုင္းတာတဲ့ စနစ္ေတြတပ္ဆင္ထားပါ တယ္။
လံုျခံဳစိတ္ခ်ေစခ်င္
လက္ရွိေျပးဆြဲေနတဲ့ အေဝးေျပးခရီးသည္ပို႔ေဆာင္ေရးယာဥ္လိုင္းေပါင္း ၂၀ဝ ေက်ာ္ရွိၿပီး ခရီးအကြာအေဝးအလိုက္နဲ႔ ယာဥ္လိုင္းအလိုက္ ကားလက္မွတ္ခက က်ပ္ ၇၀ဝ၀ ကေန ၆၀,ဝ၀ဝ အတြင္း သတ္မွတ္ထားတာျဖစ္ပါတယ္။
သည္လို အေဝးေျပးယာဥ္လိုင္းေတြက ခရီးသည္ဦးေရ ၃၀ ကေန ၄၅ အထိ တင္ေဆာင္တာေတြရွိေနၿပီး ႐ံုးပိတ္ရက္ရွည္ေတြမွာ သတ္မွတ္ထားတဲ့ ထိုင္ခံုအေရအတြက္အျပင္ အလယ္ထိုင္ခံုေတြပါထည့္ၿပီး တင္ေဆာင္တာ ေတြလည္း ရွိပါတယ္။
ယာဥ္မယ္ေတြခန္႔အပ္ၿပီး အဆင့္ျမႇင့္တင္မႈေတြ၊ စားေသာက္စရာေတြေကြ်းၿပီး ဝန္ေဆာင္မႈေပးတာေတြထက္ ခရီးသည္ေတြရဲ႕ လံုျခံဳေရးအပါအဝင္ သက္ေသာင့္သက္သာရွိေအာင္ ျပင္ဆင္ေပးမႈေတြက ပိုၿပီးသင့္ေတာ္တယ္လို႔ အေဝးေျပးကားစီးနင္းတဲ့ခရီးသည္တခ်ိဳ႕က ေထာက္ျပပါတယ္။
ခရီးသြားတစ္ဦးျဖစ္တဲ့ ဆရာမ ေဒၚေဝမာဦးက အဆင့္ျမင့္ကားဆိုၿပီးယာဥ္ မယ္ေတြသာပါလာတာ၊ ခရီးသည္ေတြရဲ႕အခက္အခဲကို သူတို႔က စိတ္ဝင္စားတာ မရွိဘူး၊ အခ်င္းခ်င္း ေဖ့စ္ဘုတ္ခ္သံုးေနတာနဲ႔ ဂိမ္းေဆာ့ေနတာနဲ႔ပဲ အခ်ိန္ကုန္ေန တာ၊ ကားေပၚကပါလာတဲ့သူေတြအဆင္ေျပပါ့မလားဆိုၿပီး ဂ႐ုစိုက္တာမေတြ႕ ဘူးလို႔ ေျပာပါတယ္။
မစံပယ္ကေတာ့ ေနာက္တစ္ခါအေဝးေျပးကားေတြနဲ႔ အိမ္ျပန္ခဲ့ရင္လက္မွတ္ျဖတ္ တဲ့ အခ်ိန္မွာ ေရွ႕ခံုနဲ႔ေဘးခံုေတြမွာ ဘယ္လိုလူေတြလိုက္ပါလာမလဲဆိုုတာကို ေသခ်ာႀကိဳၿပီးသိထားရမယ္၊ လက္မွတ္စာရင္းမွ မိန္းကေလးေတြ လား၊ ေယာက်ာ္းေလးေတြလားဆိုတာ ေသခ်ာေမးၿပီးေတာ့မွ လက္မွတ္ဝယ္ဖို႔ ဆံုးျဖတ္ထားတယ္လို႔ ဆိုပါတယ္။
မစံပယ္က စဥ္းစားၾကည့္ေလ၊ ကြ်န္မကို လက္နဲ႔ထိၿပီးကိုင္တာ၊ ေဒါသထြက္လြန္း လို႔ ေသေတာ့မယ္လို႔ ေျပာရင္း လက္ထဲမွာရွိတဲ့ေဘာလ္ပင္ကို ေဆာင့္ၿပီး ပစ္ခ်လိုက္ပါတယ္။
Author – ေမေသာ္တာေမာင္၊ ေအးေအးေအာင္
Credit: Kumudra
===============

အဝေးပြေးကားပေါ်ရောက်တာနဲ့ သူ့ဘေးမှာ ထိုင်မယ့်သူကို မစံပယ်ကြည့်လိုက်တယ်။ ထိုင်ခုံလွတ်နေပါတယ်။ နှစ်ယောက်စာနေရာမှာ တစ်ယောက်တည်းထိုင်ရမှာမို့ ပျော်ရွှင်နေပါတယ်။
ကားက ည ရးဝဝ နာရီမှာ ထွက်ပါပြီ။ ရန်ကုန်ကနေ တောင်တွင်းကြီးသွားတဲ့ အချိန် ကားပေါ်မှာ တစ်ညအိပ်ရပါတယ်။ မစံပယ် အိပ်ပျော်နေတုန်း တစ်ရေးမရခင်မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက် တစ်ခုကြုံတွေ့လိုက်ရပါတယ်။
သူ့ရှေ့ထိုင်ခုံနှစ်ခုကြားက လက်တစ်ဖက်ထွက်လာပြီး သူ့ပေါင်တံရှိတဲ့နေရာ ကို ထိတွေ့ပွတ်သပ်နေတာပါ။
‘အစကတော့ မတော်တဆထိတယ်ပဲ ထင်နေတာ၊ နှစ်ခါသုံးခါဖြစ်လာတော့ သတိထားမိလိုက်တယ်၊ သက်သက်မဲ့ လိုက်ပြီးကိုင်နေတာ၊ ကျွန်မလဲခြေ ထောက်ကို ထိုင်ခုံပေါ်ရွှေ့တင်ပြီး စောင့်ကြည့်နေတာ၊ တစ်ညလုံးသုံးလေးခါ လောက် လက်ကြီးထွက်လာပြီး လိုက်စမ်းနေတာ၊ မအိပ်ရဲလို့မနက်ရောက် တဲ့အထိပဲလို့ သူက ပြန်ပြောပြတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အဝေးပြေးယာဉ်လိုင်းတချို့မှာ စီစီတီဗီကင်မရာတွေ တပ်ဆင်ထားတာရှိပေမဲ့လည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ တွေ့ကြုံနေရဆဲဖြစ်တယ်လို့ အဝေးပြေးကားစီးနင်းသူအမျိုးသမီး ခရီးသည် တချို့ကို မေးမြန်းမှုတွေအရ သိရပါတယ်။
ကိုယ်တိုင်တွေ့ကြုံဖူးသူတချို့ကို မေးမြန်းမှုတွေအရ ကားပေါ်မှာလိင်ပိုင်း ဆိုင်ရာနှောင့်ယှက်မှုတွေ၊ ဘေးချင်းကပ်လျက်ခုံ၊ အရှေ့ခုံက လူတွေက ညစ်ညမ်းဗီဒီယိုတွေကြည့်နေတာ၊ ဘေးမှာထိုင်နေတဲ့ အမျိုးသမီးတွေ မမြင်မြင်အောင်ပြပြီး နှောင့်ယှက်တာတွေ ကြုံနေရတယ်လို့ပြောပါတယ်။
ရန်ကုန်ကနေ နေပြည်တော်ကိုသွားမယ့် မသန္တာလည်း သည်လိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။
အရေးပေါ်ကိစ္စကြောင့် ခရီးထွက်ရမှာမို့ ရရာခုံလက်မှတ်ကိုယူလိုက်ရတာပါ။  သူ့ဘေးနားမှာကျတာက အသက် ၅၀ ကျော်အရွယ်အမျိုးသားကြီးတစ်ဦးပါ။ အဖေလိုအရွယ်ဖြစ်နေတာကြောင့် ခုံနေရာချင်းမလဲခိုင်းဘဲ သည်အတိုင်း စီးနင်းလိုက်ပါခဲ့ပါတယ်။
ဖြူးယာဉ်ရပ်နားစခန်းကနေ ပြန်ထွက်လာတဲ့ အချိန် ည ၁၂းဝဝ နာရီအချိန် လောက်မှာ မသန္တာအိပ်ဖို့ဟန်ပြင်လိုက်ပါတယ်။ ကားပေါ်ကပေးထားတဲ့စောင် ကိုယူခြုံပြီး အိပ်ဖို့ပြင်လိုက်ချိန်မှာပဲ ဘေးနားက လူရဲ့ခန္ဓာကိုယ်ကသူ့ဆီကို မီလျက်ကျလာပါတယ်။
သူကဘေးဘက်ကိုတိုးရင်းကနေ လူနှစ်ယောက်စာခုံကြားထဲမှာ လက်ကိုင် အိတ်ကိုအကာအကွယ်ယူပြီးမအိပ်ရဲဘဲ ဖေ့စ်ဘုတ်ခ် သုံးနေလိုက်ပါတယ်။
ည ၁းဝဝ နာရီကျော်အချိန်မှာတော့ သူ့ရဲ့ ခါးနောက်ပိုင်းကိုသုံးလေးကြိမ် လောက်ထိတွေ့ကိုင်တွယ်နေတာကြောင့် သူမအိပ်ရဲဘဲစောင့်ကြည့်နေ ပါတယ်။
သူကရှက်တာပေါ့၊ ကားသမားကိုလဲမပြောရဲတော့ ဟိုးနောက်ဆုံးခုံအထိ လွတ်တဲ့နေရာမှာ သွားနေလိုက်ရတယ်၊ ဒါတောင် သူကတကြည့်ကြည့်နဲ့ လုပ်နေသေးတယ်၊ ဒါတောင်အထူးကားနော်၊ လူရှင်းနေတဲ့အချိန်စီးတာ၊ ကားတွေပေါ်မှာ စိတ်မချရတော့ဘူးလို့ ပြောပါတယ်။
သည်လိုနှောင့်ယှက်နေသူတွေက မိန်းကလေးတစ်ယောက်တည်း ခရီးသွားတဲ့ သူတွေကိုသာရွေးပြီး ပြုလုပ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ ခရီးသည်တွေအပြင် ယာဉ်မောင်းအကူနဲ့ စပယ်ယာတချို့လည်း ပါဝင်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့ပြောပြချက်အရ သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မသင်းသင်း (အမည်လွှဲ)က ထမင်းစားနားတဲ့အချိန် မှာ ယာဉ်အကူကဘေးနားလာပြီး စကားတွေလာပြောတယ်၊ မကောင်းတတ်လို့ ပြန်ပြောလိုက်တယ်၊ ဒါကို သူဘယ်လိုထင်သွားလဲ မသိဘူး၊ ကားပေါ်ရောက်တဲ့ အချိန်မှာ ဘေးကခုံမှာလာထိုင်ပြီးတော့ ဖုန်းနံပါတ်တွေတောင်းတယ်၊ လက်ကိုလဲလာကိုင်တယ်၊ ကျွန်မက အော်လိုက်ရမလား၊ လူကိုဘာထင်နေလဲလို့ ပြောလိုက်မှ ရှေ့ကို ပြန်သွား တယ်၊ အဲဒီယာဉ်လိုင်းကို ဘယ်တော့မှ မစီးတော့ဘူး၊ သေအောင်မှတ်ထား တယ်လို့ သူတွေ့ကြုံခဲ့ ရတာကို ရှင်းပြပါတယ်။
လက်ရှိ အဝေးပြေးယာဉ်လိုင်းအများစုက ဘေးချင်းကပ်လျက်ခုံတွေကိုမိန်း ကလေးအချင်းချင်းသီးသန့်ရအောင် လုပ်ဆောင်ပေးတာတွေလည်းရှိပါတယ်။ အခုနောက်ပိုင်းမှာ ယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေအတွက် ဝန်ဆောင်မှုပေးဖို့ ယာဉ်မယ်တွေခန့်ထားလာကြပါတယ်။
အဝေးပြေးကားတွေမှာ စီစီတီဗီကင်မရာတပ်ဆင်ထားတဲ့ကားတွေ၊ ယာဉ်မယ် တွေထားရှိတဲ့ ကားတွေက အထူးကားလို့ခေါ်ပြီး သာမန်စီးနေတဲ့ ယာဉ်စီးခထက် ပိုပေးရတာတွေ၊ ရှိတာကြောင့် လူအများစုကယာဉ်မယ်တွေ၊ စီစီတီဗီတွေမပါတဲ့ ကားတွေနဲ့ သွားနေကြပါတယ်။
မန္တလာမင်းယာဉ်လိုင်းပိုင်ရှင် ဒေါ်လဲ့လဲ့အေးက သူတို့ယာဉ်လိုင်းပြေးဆွဲနေတဲ့ ဆယ်နှစ်တာ ကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ပတ်သက်ပြီး ကြီးမားတဲ့တိုင်ကြားရလောက်တဲ့ ဖြစ်စဉ်မျိုးမတွေ့ကြုံရသေးဘူး လို့ဆိုပါတယ်။
အဝေးပြေးယာဉ်လိုင်းအများစုမှာ လုံခြုံရေးအတွက် စီစီတီဗီကင်မရာတွေတပ် ဆင်တာ၊ အမြန်နှုန်းသတ်မှတ်တဲ့ စနစ်တယ်လီမတ်တစ်စနစ်၊ ယာဉ်မောင်းအ ရက်သောက်ထားမှုရှိ၊ မရှိအလိုအလျောက်တိုင်းတာတဲ့ စနစ်တွေတပ်ဆင်ထားပါ တယ်။
လုံခြုံစိတ်ချစေချင်
လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းပေါင်း ၂ဝဝ ကျော်ရှိပြီး ခရီးအကွာအဝေးအလိုက်နဲ့ ယာဉ်လိုင်းအလိုက် ကားလက်မှတ်ခက ကျပ် ရဝဝဝ ကနေ ၆၀,ဝဝဝ အတွင်း သတ်မှတ်ထားတာဖြစ်ပါတယ်။
သည်လို အဝေးပြေးယာဉ်လိုင်းတွေက ခရီးသည်ဦးရေ ၃၀ ကနေ ၄၅ အထိ တင်ဆောင်တာတွေရှိနေပြီး ရုံးပိတ်ရက်ရှည်တွေမှာ သတ်မှတ်ထားတဲ့ ထိုင်ခုံအရေအတွက်အပြင် အလယ်ထိုင်ခုံတွေပါထည့်ပြီး တင်ဆောင်တာ တွေလည်း ရှိပါတယ်။
ယာဉ်မယ်တွေခန့်အပ်ပြီး အဆင့်မြှင့်တင်မှုတွေ၊ စားသောက်စရာတွေကျွေးပြီး ဝန်ဆောင်မှုပေးတာတွေထက် ခရီးသည်တွေရဲ့ လုံခြုံရေးအပါအဝင် သက်သောင့်သက်သာရှိအောင် ပြင်ဆင်ပေးမှုတွေက ပိုပြီးသင့်တော်တယ်လို့ အဝေးပြေးကားစီးနင်းတဲ့ခရီးသည်တချို့က ထောက်ပြပါတယ်။
ခရီးသွားတစ်ဦးဖြစ်တဲ့ ဆရာမ ဒေါ်ဝေမာဦးက အဆင့်မြင့်ကားဆိုပြီးယာဉ် မယ်တွေသာပါလာတာ၊ ခရီးသည်တွေရဲ့အခက်အခဲကို သူတို့က စိတ်ဝင်စားတာ မရှိဘူး၊ အချင်းချင်း ဖေ့စ်ဘုတ်ခ်သုံးနေတာနဲ့ ဂိမ်းဆော့နေတာနဲ့ပဲ အချိန်ကုန်နေ တာ၊ ကားပေါ်ကပါလာတဲ့သူတွေအဆင်ပြေပါ့မလားဆိုပြီး ဂရုစိုက်တာမတွေ့ ဘူးလို့ ပြောပါတယ်။
မစံပယ်ကတော့ နောက်တစ်ခါအဝေးပြေးကားတွေနဲ့ အိမ်ပြန်ခဲ့ရင်လက်မှတ်ဖြတ် တဲ့ အချိန်မှာ ရှေ့ခုံနဲ့ဘေးခုံတွေမှာ ဘယ်လိုလူတွေလိုက်ပါလာမလဲဆိုုတာကို သေချာကြိုပြီးသိထားရမယ်၊ လက်မှတ်စာရင်းမှ မိန်းကလေးတွေ လား၊ ယောကျာ်းလေးတွေလားဆိုတာ သေချာမေးပြီးတော့မှ လက်မှတ်ဝယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
မစံပယ်က စဉ်းစားကြည့်လေ၊ ကျွန်မကို လက်နဲ့ထိပြီးကိုင်တာ၊ ဒေါသထွက်လွန်း လို့ သေတော့မယ်လို့ ပြောရင်း လက်ထဲမှာရှိတဲ့ဘောလ်ပင်ကို ဆောင့်ပြီး ပစ်ချလိုက်ပါတယ်။
Author – မေသော်တာမောင်၊ အေးအေးအောင်
Credit: Kumudra

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...