

ရုပ်သံလင့်
ထားပါတယ်။
SAW
ကမ္ဘာမြေပေါ် ဥက္ကာခဲဝင်တိုက်မိလိမ့်မည်ဟု 
နိုင်ငံတကာသတင်းများတွင်ဖေါ်ပြနေ
( ဧပြီ-၂၈၊ ၂၀၁၇ ) အာကာသမှ ထုထည်ကြီးမားသော3bc2017 ဥက္ကာခဲ ယခုနှစ် ဇွန်လအတွင်း ကမ္ဘာမြေပေါ်ကျရောက်မည်ဖြစ်ကြောင်း ကြောက်မက်ဖွယ်သတိပေးချက် ဗွီဒီယိုရုပ်သံကို ယူကျုဒ်(Youtube)တွင် အွန်လိုင်းလွှင့်တင်ထားသည်ကိုတွေ့ရပါတယ်။
“ ကာလဟလသတင်းမဟုတ်ပါ “ လို ့ေ ခါင်းစဉ်ပေးထားသော အဆိုပါရုပ်သံတွင် လာမည့် ဇွန်လ ၂၃၊ ၂၀၁၇ ရက်နေ့ ကာရစ်ဘီယန်ပင်လယ်အရှေ့မြောက် Puerto Ricoပူတိုရီကိုနိုင်ငံကမ်းလွန်ပင်လယ်ပြင်သို့ ဒသစံတော်ချိန် နံနက် ၂-နာရီ တွင် အာကာသမှ ထုထည်ကြီးမားသော ဥက္ကာခဲကြီးဝင်တိုက်မိလိမ့်မည်ဖြစ်ကြောင်း သတိပေးထားချက်ကို နိုင်ငံတကာ အွန်လိုင်းမီဒီယာတွေမှာ ကူးယူဖေါ်ပြနေကြပါတယ်။
ရုပ်သံလင့်
https://www.youtube.com/watch?v=RcLoADi3Uik
3BC2017 ဟု အမည်ပေးထားသော ထုထည်ကြီးမားသော အာကာသဥက္ကာခဲကြီး အရှိန်ပြင်း စွာ ကျရောက်မည်ကို သတိပေးထားတယ်လို ့ ဆိုပါတယ်။
ဥက္ကာခဲကျရောက်ခြင်းကြောင့် ကမ္ဘာမြေလည်ပတ်မှု့ ၃-ရက်ခန့်ရပ်တုံ့ဆိုင်းမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရေဒီယိုအဆက်အသွယ်လှိုင်း များပြတ်တောက်သွားမည်ဟုလည်း ဖေါ်ပြထားပါတယ်။
၁၂ မဂ္ဂနီကျုဒ့်ပြင်းအားရှိ ငလျှင်ကြီးလှုပ်ဖွယ်ရှိ၍ အတ္တလန်တိတ်သမုဒ္ဒရာမှ အစပြုကာ ကမ္ဘာ့သမုဒ္ဒရာကြီးများတွင် အလွန်ကြီးမားသော ဆူနာမီလှိုင်းလုံးကြီးများဖြစ်ပေါ်စေလိမ့်မည်ဟု ဆက်လက်သတိပေးပြောကြားထားတာကို အင်္ဂလန်မှာထုတ်ဝေနေတဲ့ http://www.express.co.uk သတင်းမှာဖေါ်ပြ
ထားပါတယ်။
လူသန်းပေါင်းများစွာသေကြေပျက်စီးမည်ဖြစ်ပြီး အာဏာပိုင်တို့က ၁၅-လစာ ဆေးဝါးနှင့် စားနပ်ရိက္ခာ သိုလှောင်ကြရန် ၊
အဆိုပါဗွီဒီယိုရုပ်သံလွှင့်တင်ပြီးနောက် ၄င်းသတင်းကို အွန်းလိုင်းဝဘ်ဆိုဒ်အချို့က ကူးယူးပြီးဆက်လက်ဖြန့်ဝေကြကမ္ဘာမြေကြီးပျက်စီးအဆုံးသတ်မည့်သတင်းမှာ ဘာသာစကား အမျိုးမျိုးဖြင့် အချိန်တိုအတွင်း ပန့်နှံနေပါတယ်။
နာဆာရဲ ့ တရားဝင် သက်ဆိုဒ် စာမျက်နှာ မှာ ယခုဖြစ်ရပ်နဲ
့ ပါတ်သက်တဲ့ သတိပေး သတင်းဖော်ပြထားခြင်းမရှိသေးပါဘူး။
အဆိုပါဗွီဒီယိုရုပ်သံမှာဘာသာရေးအဖွဲ ့အစည်းတခုမှ လူအများအုတ်အော် သာင်းတင်းဖြစ်အောင် မမှန်မကန်ချဲ့ကားထားသော ကာလဟလသတင်းဖြစ်နိုင်တယ်လို ့လည်း ပြောဆိုနေကြပါတယ်။
သို့ပေမယ့် ယခု သတင်းနှင့်ပတ်သက်ပြီး UKအိတ်စ်ပရက်သတင်းစာက စာဖတ်သူများအား မးခွန်း ၂-ခုမေးမြန်းခဲ့ရာဖြေဆိုသူ ၅၈-ရာခိုင်နှုန်းက ချဲ့ကားထားသောသတင်းဖြစ်ကြောင်း ထင်မြင်ချက်ပေးကြပြီး ၄၂-ရာခိုင်နှုန်းကကတော့ တစ်နေ့နေ့တွင် ယခုသတင်းမှန်ကန်လာမည်ဖြစ်ကြောင်းယုံကြည်နေတယ်လို ့ အဖြေပေးခဲ့ကြပါတယ်။
SAW
http://worldbignews.com/…/asteroid-strike-off-puerto-rico-…/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...