မေလ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်


မေလ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်
မေလ ပထမ ၁၀ ရက် အတွင်း ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း တစ် ကြိမ်ဖြစ်ပေါ်နိုင်ကာ မုန်တိုင်းငယ် ဖြစ်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနက သတိ ပေးသည်။
ဧပြီ ၂၈ ရက်က ထုတ်ပြန် သည့် မေလ ပထမ ၁၀ ရက်အ တွက် မိုးလေဝသခန့်မှန်းချက်တွင် ယင်းကဲ့သို့ သတိပေးထားကာ အကယ်၍ မုန်တိုင်းဖြစ်လာပါက ၂၀၁၇ နွေရာသီ၌ ဒုတိယမြောက် မုန်တိုင်းဖြစ်လာမည်ဖြစ်သည်။
လတ်တလော ရာသီဥတု အခြေအနေအရ လေထုမတည် မငြိမ်ဖြစ်နေ၍ မြန်မာနိုင်ငံဒေသ အနှံ့တွင် ဧပြီ ၂၈ ရက်မှ နောက် သုံးရက်အတွင်း နေရာကွက် မိုး ရွာကာ လေပြင်းများ တိုက်ခတ် ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုး ပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် မြစ်ရေမြင့်တက်၍ စိုက်ပျိုးမြေအချို့ ရေနစ်မြုပ်မှု ရင်ဆိုင်နေရကာ တောင်သူများ သီးနှံ အလျင်အမြန်ရိတ်သိမ်းနေရသည်။ နောက်ထပ် မိုးရွာမည်ကို တောင်သူများက စိုးရိမ်နေသော်လည်း မြစ်ရေဆက်တက် နိုင်ကြောင်း မိုးဇလဌာနက သတိ ပေးသည်။
မိုးလေဝသပညာရှင် ဒေါက် တာထွန်းလွင်က မေလဆန်းတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်တစ်လုံးဖြစ်နိုင်ကြောင်းသတိပေးထားသည်။ သင်္ကြန်ကာလက ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်ခဲ့သော မာရုသာ မုန်တိုင်း မြန်မာနိုင်ငံသို့ ဝင် ရောက်ခဲ့ကာ ဧရာဝတီတိုင်းဒေသ ကြီး၌ လူသုံးဦး သေဆုံးခဲ့၍ မကွေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်နှင့် ချင်းပြည်နယ်တို့၌ အိမ်ခြေ ၂၀၀ ခန့် ပျက်စီးခဲ့ရသည်။
Credit:7Day

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...