မူးလာပြီဆိုလျှင်.....နှိပ်သာကြည့်လိုက်တော့
-
-
-
-
-
ပြန်လာရခြင်း
-
-
-
-
-
Credit
=====
 Unicode
အမျိုးသမီးများ အိမ်ထောင်ဖက်အဖြစ် အရက်သမားအား​ရွေးချယ်သင့်
------------------------
၁ ။ မူးနေသည့် အချိန်များတွင် မိမိမလှသော်ငြားလည်း
သူတို့အမြင် တွင် အရမ်းလှသည်ဟု ထင်မြင်နေတတ်ခြင်း
-
၂ ။ ည နေတိုင်း အရက်ဆိုင် တွင် အရှိများသဖြင့်
ည နေစာကိုအမြဲတစ်ယောက်စာ လျှော့ချက် ရခြင်း
-
၃ ။ ဆေးသမား ဖဲသမား မဟုတ်သည့်အတွက်
အရက်ဖိုးလေးမဆိုစ လောက်မျှသာကုန်ခြင်း
-
၄ ။ ကိစ္စရှိလို့ အ ရေးတကြီး လိုအပ်လျှင် အရက်ဆိုင် တွင်
အလွယ် တကူ သွားရောက် ခေါ်နိုင်ခြင်း
-
၅ ။ အိမ် ရှင်မများအ နေဖြင့် အိမ်၏စီးပွားရေးအား ကိုယ်တိုင်
ဦးစီးအုပ်ချုပ် လုပ်ကိုင်နိုင်ပြီး တစ်အိမ်လုံး၏ ဝင်ငွေ ထွက်ငွေ
ကို မိမိစိတ်တိုင်းကျ စီမံခန့်ခွဲ သုံးစွဲနိုင်ခြင်း
-
၆ ။ ထွေလီဖောက်ပြား ဖောက်ပြန် လုပ်ဖို့မ ပြောနဲ့ မူးပြီး
အိမ်ပြန်တာတောင် သူ့ဖာသာ အနိုင်နိုင် မနဲလမ်းလျှောက်
ပြန်လာရခြင်း
-
၇ ။ သူတစ်ပါးအသက် သတ်ဖို့နေ နေသာသာ သူ့ဖာသာ
အန်ဖတ်ဆို့ မ သေ အောင် မနဲဂရုစိုက်နေရခြင်း
-
၈ ။ တစ်ပါးသူ ပစ္စည်းခိုးဖို့ မ ပြောနဲ့ သူ့မှာပါလာတဲ့ပစ္စည်း
မေ့ကျန်တာ ပျောက်ရှတာ အခိုးခံရတာ အလုခံရတာ
မဖြစ်အောင် အမြဲဂရုစိုက်နေရခြင်း
-
၉ ။ လိမ်လည်လှည့်ဖျားပြောဆိုဖို့က တော့ဝေးသား မူးရင်
ကျွဲခိုးပေါ်ဆိုတဲ့ စကားပုံလိုပဲ လုပ်ထားသမျှ အကုန်
ပြန်ပြောပြ နေလို့ ရိုက်စစ်စရာ မလိုအောင် ကိုသိရခြင်း
-
၁၀ ။ လူ့ပတ်ဝန်းကျင်၌လည်း အရက်လေးပဲ သောက်တတ်
တာပါအေ...ကျန်တာအကုန်ကောင်းတယ်ဟု ချီးမွမ်း
ထောပနာပြုခံရ၍ ဂုဏ်ယူနိုင်ခြင်း
-
ထိုထိုသောအချင်းအရာများကြောင့် အိုဘဲ့ အမျိုးသမီးတို့
ကိုယ်ယူမည့် အမျိုးသား အရက်သမားဖြစ်ဖို့ လိုအပ်၏..........!
Credit
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...