သာကေတ မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်

သာကေတတွင် ရုန်းရင်းဆန်ခတ်ဖြစ်
ရန်ကုန်မြို့ သာကေတမြို့နယ် အနော်မာ (၁) ရပ်ကွက် ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း နှစ်ကျောင်းကို ဝတ်ပြုခွင့်မရှိဘဲ ဝတ်ပြုခဲ့သည်ဟုဆိုကာ ဒေသခံမဟုတ်သော သံဃာတော်အချို့နှင့် လူတစုရောက်လာပြီး ပိတ်ပေးရန် ဖိအားပေးခဲ့ရာက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။
ယင်းသို့ ဖိအားပေးမှုကြောင့် အာဏာပိုင်များ၏ ညွှန်ကြားချက် မပါဘဲ စာသင်ကျောင်း နှစ်ကျောင်းကို ချိတ်ပိတ်ပေးခဲ့ရသည်ဟု ထိုလမ်းများထဲတွင် နေထိုင်သူများက ဆိုကြသည်။
ရုပ်သံ - ကျော်ခ၊ ဧရာဝတီ

ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁/အနော်မာရပ်ကွက်မှာရှိတဲ့ ၁၁ လမ်းနဲ့ ၁၂ လမ်းက မွတ်စလင် အာရဗီ ဘာသာရေး စာသင်ကျောင်း ၂ ကျောင်းကို အမျိုးသားရေးလှုပ်ရှားသူတွေက စာသင်ကျောင်းမှာ ဝတ်ပြုတဲ့အတွက် လာရောက်ပိတ်ခိုင်းခဲ့ပါတယ်။
အဲလို ပိတ်ခိုင်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ ပြောဆို ဆွေးနွေးနေကြတာကို သတင်းလာရောက်ယူတဲ့ သတင်းမီဒီယာတွေက ရုံးအပြင်ကနေ စောင့်ဆိုင်းခဲ့ပါတယ်။ AP သတင်းဌာနက ဗီဒီယို သတင်းထောက်တစ်ဦးနဲ့ အမျိုးသားရေးလှုပ်ရှားသူ ဆိုသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတင်းထောက်ကို လူတစ်ချို့က ထိုးနှက်ခဲ့ပါတယ်။
ရိုက်ကူး ကျော်ဇောဝင်း ထက်အာကာ / RFA

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...