ေဆးတစ္မ်ိဳးတိုက္ခံရျပီး လူကုန္ကူးခံခဲ႔ရတဲ႔ (၁၇)ႏွစ္နဲ႕(၁၉)ႏွစ္ ၿဖစ္ရပ္မွန္

ဒီကေန႕ သတင္းေပါင္းစံုကေန ကၽြန္ေတာ္ရွယ္လိုက္တဲ့ ေၾကာ္ျငာနဲ႕ ပါတ္သက္ၿပီး မိတ္ေဆြေတြ အေတာ္ တအံ့တၾသနဲ႕ ဟုတ္ေရာ ဟုတ္ရဲ႕လားလို႕ မယံုမရဲ ျဖစ္ၾကပံုရပါတယ္၊တကယ္တမ္းေျပာရရင္ ဒီကိစၥမ်ိဳး ဟာေၾကာ္ျငာ ကပ္စရာ မလိုေ အာင္ တစ္ႏိုင္ငံလံုး သိေနခဲ့ၿပီးသားပါ ။
လြန္ခဲ့တဲ့(၃)ႏွစ္ေလာက္က ကၽြန္ေတာ္အိမ္ကို နယ္တစ္နယ္ရဲ႕ အမ်ိဳးသမီးသတင္းေထာက္တစ္ေယာက္နဲ႕ မိန္းကေလး ငယ္ငယ္ ေခ်ာေခ်ာလွလွေလး (၂) ေယာက္လည္း အတူပါလာပါ တယ္၊အမ်ိဳးသမီး သတင္းေထာက္က ေရာက္ေရာက္ ခ်င္းပဲ “ဆရာေရ ဒီကိစၥကၾကီးတယ္ဆရာေရ၊ ကၽြန္မတို႕ေလာက္နဲ႕ မရဘူး၊အဲဒါေၾကာင့္ ဆရာဆီ ေခၚလာတာ “လို႕ ေျပာပါတယ္။
အက်ိဳးအေၾကာင္း ေမးၾကည့္ေတာ့ သူတို႕(၂)ေယာက္က ညီအစ္မအရင္းေတြ၊အသက္က (၁၇)ႏွစ္နဲ႕ (၁၉)ႏွစ္ပဲ ရွိၾကေ သးတယ္၊သူတို႕က လယ္အငွားစိုက္တဲ့ လုပ္ငန္း လုပ္တယ္၊ လယ္သူမလို႕သာေျပာရတယ္ သူတို႕ရဲ႕အလွကၿမိဳ႕သူေတြ ရံႈးေလာက္တဲ့ အလွနဲ႕ ႏုႏုဖတ္ဖတ္ကေလးေတြပါပဲ၊ တစ္ရက္ သူတို႕နဲ႕ တစ္ၿမိဳ႕ ထဲေနတဲ့ (ပိုက္ဆံရွိ) လူကုန္ သည္အ မ်ိဳးသမီးၾကီးက မူဆယ္က စားေသာက္ဆိုင္အလုပ္လုပ္ဖို႕ တစ္လ ကို ေငြ ဘယ္ႏွစ္သိန္းရေစရမယ္ ဆိုၿပီးစည္းရံုးတယ္၊ အၾကီးမက မွတ္ပံုတင္ရွိၿပီး အငယ္မက မွတ္ပံုတင္ မရွိဘူး၊ အဲဒီလို မရွိတဲ့အတြက္ လူကုန္သည္အမ်ိဳးသမီးၾကီးက လ၀က ရံုးကိုတစ္ေခါက္ပဲေခၚၿပီး ေနာက္ရက္ မွာမွတ္ပံုတင္ရေအာင္ စီစဥ္ေပးတယ္ ။
အျခားလူေတြအတြက္ မွတ္ပံုတင္လုပ္ေပးဖို႕ ခက္ခဲေပမယ့္ ပိုက္ဆံရွိ အမ်ိဳးသမီးၾကီးအတြက္က သိပ္လြယ္ပါ တယ္၊ အဲဒီမွတ္ပံုတင္မိတၱဴလည္း အခုအခ်ိန္အထိ ကၽြန္ေတာ့္ ကြန္ပ်ဴတာထဲမွာ ရွိပါတယ္၊ေနာက္ဆံုးေတာ့ အငယ္မေလးက သြားဖို႕ စိတ္မပါဘူးျဖစ္ေနတယ္၊ အဲဒီလို စိတ္မပါတဲ့ အငယ္မကိုလူကုန္သည္ အမ်ိဳးသမီးၾကီး ကေဆးတစ္မ်ိဳး တိုက္ လိုက္တယ္ ။
အငယ္မေလး ေဆးအတိုက္ခံရၿပီးတဲ့ေနာက္အဲဒီ အမ်ိဳးသမီး ေျပာသမွ်နားေထာင္ၿပီး ခိုင္းသမွ် လုပ္ေနရေတာ့ တယ္ လို႕ ေျပာပါတယ္၊ ညီအစ္မ (၂)ေယာက္လံုး ကို ပိုက္ဆံရွိအမ်ိဳးသမီးၾကီးက သူအိမ္မွာ(၃) ရက္ေလာက္ ေခၚ ထားလိုက္ တယ္၊ ေန႕စဥ္ (၂)ေယာက္စလံုးကို ေဆးတိုက္တယ္၊ သူတိုက္တဲ့ေဆးေသာက္ ၿပီး တာနဲ႕ ညီအစ္မ(၂)ေယာက္စလံုး ကိုယ့္စိတ္ ကိုယ္ မပိုင္သလိုျဖစ္ၿပီး သြား ရာေစ ေနရာသြားရတဲ့ ဘ၀ေရာက္သြားေတာ့ တာပါပဲ ။
တစ္ရက္ မွာေတာ့ အငယ္မကို သူ႕မိတ္ေဆြတစ္ေယာက္က လူကုန္သည္ အမ်ိဳးသမီးၾကီးအိမ္၀မွာ မေတာ္ တဆေ တြ႕သြားၿပီး ေကာင္မေလးေတြရဲ႕ အိမ္ကို အေၾကာင္းၾကားေပးတယ္ ၊ေကာင္မေလးအိမ္က ရဲစခန္းကို ပထမသြားတို င္ေတာ့ ရဲက မလိုက္ေပးဘူး ၊ေနာက္ရက္မွာ ရပ္ကြက္လူၾကီးေတြကိုပါ ရဲစခန္းေခၚသြားၿပီး တိုင္ေတာ့မွလိုက္ေပးတယ္ ။
ရဲကလိုက္ခဲ့ေတာ့လည္းလူကုန္သည္အမ်ိဳးသမီးၾကီးနဲ႕တစ္ရင္းတႏွီးဆက္ဆံ တာ ေတြ႕ရတယ္၊ေတြ႕ ခဲ့တဲ့သူက အတိအ က်ေျပာေတာ့ အၾကီးမ မရွိဘူးအငယ္မေတာ့ရွိတယ္ ဆိုၿပီး အငယ္မကိုေခၚေပးတယ္၊ အငယ္မေလးက လူကုန္သည္ အ မ်ိဳးသမီးၾကီးသင္တဲ့အတိုင္း သူ႕သေဘာနဲ႕ သူလာေနတာျဖစ္တဲ့အေၾကာင္းေျပာတယ္ ။
လာရွာတဲ့ သူေတြလည္း အခက္ေတြ႕ၿပီး ရဲစခန္းကို ေခၚခဲ့ေပးဖို႕ရဲကို ေျပာပါတယ္၊ ရဲက အင္တင္တင္နဲ႕ လူကုန္သည္ အမ်ိဳးသမီးၾကီးနဲ႕အတူအငယ္မေလးကို ရဲစခန္းေခၚခဲ့ေပးတယ္၊ ရဲစခန္းေရာက္ေတာ့လည္း လူကုန္သည္အမ်ိဳးသမီးၾကီး အိမ္မွာ ေျပာသလိုပဲ ဇာတ္ပြဲတစ္ခုကို လူကုန္သည္ အမ်ိဳးသမီးၾကီးနဲ႔ အတူသြားမလို႕ ကိုယ့္သေဘာကိုယ္ လာေနတာ ပဲေျပာေန တယ္ ။
ရဲစခန္းက ျပန္ရင္ လည္းလူကုန္သည္ အမ်ိဳးသမီးၾကီးအိမ္ကိုပဲ လိုက္သြားၿပီး ေနမယ္ လို႕ ရဲအေရွ႕မွာ တင္ ေျပာပါတယ္ ၊အဲဒီမွာ ကေလးမေလး ရဲ႕အေမေတြအေဒၚေတြ ဦးေလးေတြက မသကၤာလို႕ သံပုရာရည္ ၀ယ္တိုက္တယ္ ၊သံပုရာ ရည္ ေသာက္ၿပီးခဏၾကာေတာ့ အငယ္ မငိုေတာ့တာပဲ ။
မိဘအိမ္ ျပန္လိုက္မယ္ ျဖစ္သြားတယ္၊ ထားပါေတာ့ ဒီလိုနဲ႕ပဲ မိဘအိမ္ျပန္လိုက္သြားၿပီး ေနာက္ရက္မွာ အကုန္လံုး ကို ျပန္ မွတ္မိၿပီး အစ္မလည္း အဲဒီအိမ္မွာ ရွိတဲ့အေၾကာင္းေျပာပါတယ္၊ဒါနဲ႕ ရဲစခန္းကိုထပ္သြားၿပီး တိုင္ေတာ့ (၂)ရက္ (၃)ရက္ေနမွ ရဲက လူကုန္သည္အမ်ိဳးသမီးၾကီးကို ေခၚေမးပါတယ္၊ မျငင္းသာေတာ့မွ လူကုန္သည္ အမ်ိဳးသမီးၾကီးက အၾကီးမကို တ၇ုတ္ျပည္မွာရွိတဲ့ လူကုန္သည္ အမ်ိဳးသမီးၾကီးရဲ႕ သမီးဆီမွာ အလုပ္ လုပ္ဖို႕ ပို႕ေပးလိုက္ၿပီျဖစ္ေၾကာင္း ၀န္ခံပါတယ္၊ေနာက္ေတာ့ ရဲက ျပန္ေခၚေပးခိုင္းပါတယ္။
အၾကီးမ လည္း ဒီလိုနဲ႕ ျပည္ေတာ္ ျပန္ေရာက္လာပါေတာ့တယ္၊ အၾကီးမကေျပာတာက တ၇ုတ္ျပည္ေရာက္ တဲ့အထိ မူလစိတ္ မရွိေၾကာင္း၊ နယ္စပ္ဂိတ္ကို ျဖတ္တာေတာ့ သိတဲ့အေၾကာင္း၊ တ၇ုတ္ၿပည္ေရာက္ေတာ့ အေဆာက္အ ဦး ျမွ င့္ျမွင့္အထပ္အမ်ားၿကီးရွိတဲ့အေပၚထပ္ကို ေခၚသြားတဲ့အေၾကာင္း၊ အဲဒီအထပ္ ထဲမွာ ျမန္မာ အမ်ိဳးသမီးငယ္ေတြ ကိုယ္လံုးတီးနဲ႕ ေယာက္်ားေလးေတြကို အခန္းေတြထဲ မွာ ႏွိပ္ေပးေန တာ ေတြ႕တယ္ဆိုတဲ့အေၾကာင္း ေျပာပါတယ္ ၊အၾကီးမကိုလည္း ျမန္မာအမ်ိဳးသမီးတစ္ေယာက္ က ေယာက္်ားေတြကို ႏွိပ္ေပးတဲ့နည္းေတြသင္ေပးပါတယ္ ။
အဲဒီလို သင္ေပးၿပီး ေနာက္ရက္ —–ၿမိဳ႕က ဖုန္းဆက္ျပန္ေခၚတဲ့အတြက္ ေယာက္်ားေလး တစ္ေယာက္ကိုမွ မႏွိပ္ေပးရ ခဲ့ ပဲ ျမန္မာႏိုင္ငံ ကို ျပန္ေရာက္ လာပါသတဲ့၊ေနာက္ဆံုးေတာ့ ညီအစ္မ(၂)ေယာက္လံုးက ရဲစခန္းမွာ အမႈဖြင့္ပါတယ္၊ ဒီ လိုနဲ႕ သူတို႕ဖြင့္တဲ့ အမႈကို ကသာခရိုင္ တရားရံုးက စစ္ေဆးၾကားနာပါတယ္၊ သို႕ေသာ္သူတို႕အေနနဲ႕ ေရွ႕ေနကလည္း မငွားႏိုင္၊ ရံုးခ်ိန္းလာဖို႕စားရိတ္ေတာင္ အႏိုင္ႏိုင္ျဖစ္ေနလို႕ လူကုန္သည္အမ်ိဳးသမီးၾကီးနဲ႕အေပါင္းပါေတြကြင္းလံုးကၽြတ္ လြတ္ေတာ့မယ္လို႕ ၾကားရလို႕ ကၽြန္ေတာ့္ကို ဘာဆက္လုပ္ရမလဲ လာတိုင္ပင္တာပါလို႕ ေျပာျပၾကပါတယ္ ။
အဲဒီအေၾကာင္းကို ေမာ္နီတာဂ်ာနယ္မွာ ကၽြန္ေတာ္ သတင္းေဆာင္းပါးတစ္ပုဒ္ အေနနဲ႕ ေရးျဖစ္လိုက္ ပါတယ္၊ စာေပက င္ေပတိုင္ေတြ ၾကီးစိုးတဲ့ေခတ္ဆိုေတာ့ အၿမွီးႏုတ္ ေခါင္းႏုတ္နဲ႕ ေဆာင္းပါးေလး ပါလာၿပီးတဲ့ေနာက္ေတာ့ အမ်ိဳးသမီးေရး ရာတို႕ ဘာတို႕က ကေလးမေလးေတြကို သြားေရးလာေရး စားရိတ္ေတြ ထုတ္ေပးပါတယ္၊ဒါအျပင္ အေျခအေနမေကာင္း သလိုျဖစ္ေနတဲ့ လူကုန္ကူးမႈအတြက္ လူကုန္သည္ အမ်ိဳးသမီးၾကီးနဲ႕ ပူးတြဲ တရားခံေတြကို ေထာင္(၁၀)ႏွစ္စီ အျပစ္ေပး လိုက္ပါေတာ့တယ္ ။
ေနာက္ေတာ့ အဲဒီကေလးမေလးေတြ လင္ေကာင္းသားေကာင္း ရသြားပါတယ္၊သူတို႕ မဂၤလာေဆာင္ေတြ မွာလည္း ကၽြန္ေတာ့္ဆီ အေရာက္လာၿပီး ကိုယ္တိုင္ လာဖိတ္ၾကပါတယ္၊ ကၽြန္ေတာ္လည္း ကိုယ္တိုင္ သြားၿပီးအားေပးျဖစ္ပါတယ္၊ ဒါေၾကာင့္ ကၽြန္ေတာ့္မိတ္ေဆြေတြကို ေျပာခ်င္တာက ဒီကိစၥေတြဟာ အေတာ္ကို ၾကာေနၿပီ ။
အခုလို တရား၀င္ဖုန္းနံပါတ္နဲ႕ ေၾကာ္ျငာၿပီး ေခၚေနတာေတြ႕ေတာ့ ကိုယ့္ႏိုင္ငံက မိန္းကေလးငယ္ေတြ အတြက္ ပိုစိုး ရိမ္္မိပါတယ္၊ သက္ဆိုင္ရာကလည္း ဒီေၾကာ္ျငာကိစၥေလး စံုစမ္းၿပီး အစိုးရခ်င္း ေျပာသင့္ တာေတြ ေျပာဖို႕ သင့္ေနၿပီ၊ ကိုယ္နဲ႕ မဆိုင္သလို မေနသင့္ေတာ့ဘူးဆိုတဲ့ အေၾကာင္းေလး ေရး သားလိုက္ ရပါတယ္ ။
(ဟာဂ်ဴလီ-ကသာ)
Credit: Sun Thit
Unicode>>>

ဒီကနေ့ သတင်းပေါင်းစုံကနေ ကျွန်တော်ရှယ်လိုက်တဲ့ ကြော်ငြာနဲ့ ပါတ်သက်ပြီး မိတ်ဆွေတွေ အတော် တအံ့တသြနဲ့ ဟုတ်ရော ဟုတ်ရဲ့လားလို့ မယုံမရဲ ဖြစ်ကြပုံရပါတယ်၊တကယ်တမ်းပြောရရင် ဒီကိစ္စမျိုး ဟာကြော်ငြာ ကပ်စရာ မလိုေ အာင် တစ်နိုင်ငံလုံး သိနေခဲ့ပြီးသားပါ ။
လွန်ခဲ့တဲ့(၃)နှစ်လောက်က ကျွန်တော်အိမ်ကို နယ်တစ်နယ်ရဲ့ အမျိုးသမီးသတင်းထောက်တစ်ယောက်နဲ့ မိန်းကလေး ငယ်ငယ် ချောချောလှလှလေး (၂) ယောက်လည်း အတူပါလာပါ တယ်၊အမျိုးသမီး သတင်းထောက်က ရောက်ရောက် ချင်းပဲ “ဆရာရေ ဒီကိစ္စကကြီးတယ်ဆရာရေ၊ ကျွန်မတို့လောက်နဲ့ မရဘူး၊အဲဒါကြောင့် ဆရာဆီ ခေါ်လာတာ “လို့ ပြောပါတယ်။
အကျိုးအကြောင်း မေးကြည့်တော့ သူတို့(၂)ယောက်က ညီအစ်မအရင်းတွေ၊အသက်က (၁၇)နှစ်နဲ့ (၁၉)နှစ်ပဲ ရှိကြေ သးတယ်၊သူတို့က လယ်အငှားစိုက်တဲ့ လုပ်ငန်း လုပ်တယ်၊ လယ်သူမလို့သာပြောရတယ် သူတို့ရဲ့အလှကမြို့သူတွေ ရှုံးလောက်တဲ့ အလှနဲ့ နုနုဖတ်ဖတ်ကလေးတွေပါပဲ၊ တစ်ရက် သူတို့နဲ့ တစ်မြို့ ထဲနေတဲ့ (ပိုက်ဆံရှိ) လူကုန် သည်အ မျိုးသမီးကြီးက မူဆယ်က စားသောက်ဆိုင်အလုပ်လုပ်ဖို့ တစ်လ ကို ငွေ ဘယ်နှစ်သိန်းရစေရမယ် ဆိုပြီးစည်းရုံးတယ်၊ အကြီးမက မှတ်ပုံတင်ရှိပြီး အငယ်မက မှတ်ပုံတင် မရှိဘူး၊ အဲဒီလို မရှိတဲ့အတွက် လူကုန်သည်အမျိုးသမီးကြီးက လဝက ရုံးကိုတစ်ခေါက်ပဲခေါ်ပြီး နောက်ရက် မှာမှတ်ပုံတင်ရအောင် စီစဉ်ပေးတယ် ။
အခြားလူတွေအတွက် မှတ်ပုံတင်လုပ်ပေးဖို့ ခက်ခဲပေမယ့် ပိုက်ဆံရှိ အမျိုးသမီးကြီးအတွက်က သိပ်လွယ်ပါ တယ်၊ အဲဒီမှတ်ပုံတင်မိတ္တူလည်း အခုအချိန်အထိ ကျွန်တော့် ကွန်ပျူတာထဲမှာ ရှိပါတယ်၊နောက်ဆုံးတော့ အငယ်မလေးက သွားဖို့ စိတ်မပါဘူးဖြစ်နေတယ်၊ အဲဒီလို စိတ်မပါတဲ့ အငယ်မကိုလူကုန်သည် အမျိုးသမီးကြီး ကဆေးတစ်မျိုး တိုက် လိုက်တယ် ။
အငယ်မလေး ဆေးအတိုက်ခံရပြီးတဲ့နောက်အဲဒီ အမျိုးသမီး ပြောသမျှနားထောင်ပြီး ခိုင်းသမျှ လုပ်နေရတော့ တယ် လို့ ပြောပါတယ်၊ ညီအစ်မ (၂)ယောက်လုံး ကို ပိုက်ဆံရှိအမျိုးသမီးကြီးက သူအိမ်မှာ(၃) ရက်လောက် ခေါ် ထားလိုက် တယ်၊ နေ့စဉ် (၂)ယောက်စလုံးကို ဆေးတိုက်တယ်၊ သူတိုက်တဲ့ဆေးသောက် ပြီး တာနဲ့ ညီအစ်မ(၂)ယောက်စလုံး ကိုယ့်စိတ် ကိုယ် မပိုင်သလိုဖြစ်ပြီး သွား ရာစေ နေရာသွားရတဲ့ ဘဝရောက်သွားတော့ တာပါပဲ ။
တစ်ရက် မှာတော့ အငယ်မကို သူ့မိတ်ဆွေတစ်ယောက်က လူကုန်သည် အမျိုးသမီးကြီးအိမ်ဝမှာ မတော် တဆေ တွ့သွားပြီး ကောင်မလေးတွေရဲ့ အိမ်ကို အကြောင်းကြားပေးတယ် ၊ကောင်မလေးအိမ်က ရဲစခန်းကို ပထမသွားတို င်တော့ ရဲက မလိုက်ပေးဘူး ၊နောက်ရက်မှာ ရပ်ကွက်လူကြီးတွေကိုပါ ရဲစခန်းခေါ်သွားပြီး တိုင်တော့မှလိုက်ပေးတယ် ။
ရဲကလိုက်ခဲ့တော့လည်းလူကုန်သည်အမျိုးသမီးကြီးနဲ့တစ်ရင်းတနှီးဆက်ဆံ တာ တွေ့ရတယ်၊တွေ့ ခဲ့တဲ့သူက အတိအ ကျပြောတော့ အကြီးမ မရှိဘူးအငယ်မတော့ရှိတယ် ဆိုပြီး အငယ်မကိုခေါ်ပေးတယ်၊ အငယ်မလေးက လူကုန်သည် အ မျိုးသမီးကြီးသင်တဲ့အတိုင်း သူ့သဘောနဲ့ သူလာနေတာဖြစ်တဲ့အကြောင်းပြောတယ် ။
လာရှာတဲ့ သူတွေလည်း အခက်တွေ့ပြီး ရဲစခန်းကို ခေါ်ခဲ့ပေးဖို့ရဲကို ပြောပါတယ်၊ ရဲက အင်တင်တင်နဲ့ လူကုန်သည် အမျိုးသမီးကြီးနဲ့အတူအငယ်မလေးကို ရဲစခန်းခေါ်ခဲ့ပေးတယ်၊ ရဲစခန်းရောက်တော့လည်း လူကုန်သည်အမျိုးသမီးကြီး အိမ်မှာ ပြောသလိုပဲ ဇာတ်ပွဲတစ်ခုကို လူကုန်သည် အမျိုးသမီးကြီးနဲ့ အတူသွားမလို့ ကိုယ့်သဘောကိုယ် လာနေတာ ပဲပြောနေ တယ် ။
ရဲစခန်းက ပြန်ရင် လည်းလူကုန်သည် အမျိုးသမီးကြီးအိမ်ကိုပဲ လိုက်သွားပြီး နေမယ် လို့ ရဲအရှေ့မှာ တင် ပြောပါတယ် ၊အဲဒီမှာ ကလေးမလေး ရဲ့အမေတွေအဒေါ်တွေ ဦးလေးတွေက မသင်္ကာလို့ သံပုရာရည် ဝယ်တိုက်တယ် ၊သံပုရာ ရည် သောက်ပြီးခဏကြာတော့ အငယ် မငိုတော့တာပဲ ။
မိဘအိမ် ပြန်လိုက်မယ် ဖြစ်သွားတယ်၊ ထားပါတော့ ဒီလိုနဲ့ပဲ မိဘအိမ်ပြန်လိုက်သွားပြီး နောက်ရက်မှာ အကုန်လုံး ကို ပြန် မှတ်မိပြီး အစ်မလည်း အဲဒီအိမ်မှာ ရှိတဲ့အကြောင်းပြောပါတယ်၊ဒါနဲ့ ရဲစခန်းကိုထပ်သွားပြီး တိုင်တော့ (၂)ရက် (၃)ရက်နေမှ ရဲက လူကုန်သည်အမျိုးသမီးကြီးကို ခေါ်မေးပါတယ်၊ မငြင်းသာတော့မှ လူကုန်သည် အမျိုးသမီးကြီးက အကြီးမကို တရုတ်ပြည်မှာရှိတဲ့ လူကုန်သည် အမျိုးသမီးကြီးရဲ့ သမီးဆီမှာ အလုပ် လုပ်ဖို့ ပို့ပေးလိုက်ပြီဖြစ်ကြောင်း ဝန်ခံပါတယ်၊နောက်တော့ ရဲက ပြန်ခေါ်ပေးခိုင်းပါတယ်။
အကြီးမ လည်း ဒီလိုနဲ့ ပြည်တော် ပြန်ရောက်လာပါတော့တယ်၊ အကြီးမကပြောတာက တရုတ်ပြည်ရောက် တဲ့အထိ မူလစိတ် မရှိကြောင်း၊ နယ်စပ်ဂိတ်ကို ဖြတ်တာတော့ သိတဲ့အကြောင်း၊ တရုတ်ပြည်ရောက်တော့ အဆောက်အ ဦး မြှ င့်မြှင့်အထပ်အများကြီးရှိတဲ့အပေါ်ထပ်ကို ခေါ်သွားတဲ့အကြောင်း၊ အဲဒီအထပ် ထဲမှာ မြန်မာ အမျိုးသမီးငယ်တွေ ကိုယ်လုံးတီးနဲ့ ယောက်ျားလေးတွေကို အခန်းတွေထဲ မှာ နှိပ်ပေးနေ တာ တွေ့တယ်ဆိုတဲ့အကြောင်း ပြောပါတယ် ၊အကြီးမကိုလည်း မြန်မာအမျိုးသမီးတစ်ယောက် က ယောက်ျားတွေကို နှိပ်ပေးတဲ့နည်းတွေသင်ပေးပါတယ် ။
အဲဒီလို သင်ပေးပြီး နောက်ရက် —–မြို့က ဖုန်းဆက်ပြန်ခေါ်တဲ့အတွက် ယောက်ျားလေး တစ်ယောက်ကိုမှ မနှိပ်ပေးရ ခဲ့ ပဲ မြန်မာနိုင်ငံ ကို ပြန်ရောက် လာပါသတဲ့၊နောက်ဆုံးတော့ ညီအစ်မ(၂)ယောက်လုံးက ရဲစခန်းမှာ အမှုဖွင့်ပါတယ်၊ ဒီ လိုနဲ့ သူတို့ဖွင့်တဲ့ အမှုကို ကသာခရိုင် တရားရုံးက စစ်ဆေးကြားနာပါတယ်၊ သို့သော်သူတို့အနေနဲ့ ရှေ့နေကလည်း မငှားနိုင်၊ ရုံးချိန်းလာဖို့စားရိတ်တောင် အနိုင်နိုင်ဖြစ်နေလို့ လူကုန်သည်အမျိုးသမီးကြီးနဲ့အပေါင်းပါတွေကွင်းလုံးကျွတ် လွတ်တော့မယ်လို့ ကြားရလို့ ကျွန်တော့်ကို ဘာဆက်လုပ်ရမလဲ လာတိုင်ပင်တာပါလို့ ပြောပြကြပါတယ် ။
အဲဒီအကြောင်းကို မော်နီတာဂျာနယ်မှာ ကျွန်တော် သတင်းဆောင်းပါးတစ်ပုဒ် အနေနဲ့ ရေးဖြစ်လိုက် ပါတယ်၊ စာပေက င်ပေတိုင်တွေ ကြီးစိုးတဲ့ခေတ်ဆိုတော့ အမြှီးနုတ် ခေါင်းနုတ်နဲ့ ဆောင်းပါးလေး ပါလာပြီးတဲ့နောက်တော့ အမျိုးသမီးရေး ရာတို့ ဘာတို့က ကလေးမလေးတွေကို သွားရေးလာရေး စားရိတ်တွေ ထုတ်ပေးပါတယ်၊ဒါအပြင် အခြေအနေမကောင်း သလိုဖြစ်နေတဲ့ လူကုန်ကူးမှုအတွက် လူကုန်သည် အမျိုးသမီးကြီးနဲ့ ပူးတွဲ တရားခံတွေကို ထောင်(၁၀)နှစ်စီ အပြစ်ပေး လိုက်ပါတော့တယ် ။
နောက်တော့ အဲဒီကလေးမလေးတွေ လင်ကောင်းသားကောင်း ရသွားပါတယ်၊သူတို့ မင်္ဂလာဆောင်တွေ မှာလည်း ကျွန်တော့်ဆီ အရောက်လာပြီး ကိုယ်တိုင် လာဖိတ်ကြပါတယ်၊ ကျွန်တော်လည်း ကိုယ်တိုင် သွားပြီးအားပေးဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော့်မိတ်ဆွေတွေကို ပြောချင်တာက ဒီကိစ္စတွေဟာ အတော်ကို ကြာနေပြီ ။
အခုလို တရားဝင်ဖုန်းနံပါတ်နဲ့ ကြော်ငြာပြီး ခေါ်နေတာတွေ့တော့ ကိုယ့်နိုင်ငံက မိန်းကလေးငယ်တွေ အတွက် ပိုစိုး ရိမ််မိပါတယ်၊ သက်ဆိုင်ရာကလည်း ဒီကြော်ငြာကိစ္စလေး စုံစမ်းပြီး အစိုးရချင်း ပြောသင့် တာတွေ ပြောဖို့ သင့်နေပြီ၊ ကိုယ်နဲ့ မဆိုင်သလို မနေသင့်တော့ဘူးဆိုတဲ့ အကြောင်းလေး ရေး သားလိုက် ရပါတယ် ။
(ဟာဂျူလီ-ကသာ)
Credit: Sun Thit

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...