ရန္သူေတြအတြက္ နတ္ဆုိး ေလယာဥ္လို႔ သတ္မွတ္ရမယ္႔ ျမန္မာ႔ေလတပ္ရဲ ႔ Yak-130 ကုိ ေလ႔လာျခင္း


တပ္မေတာ္(ေလ)ႏွင့္ Yak-130
တပ္မေတာ္(ေလ)ကုိ ၂၀၁၀ခုႏွစ္ေနာက္ပုိင္း တျဖည္းျဖည္း အဆင့္ျမွင့္တင္လာခဲ့ရာ တပ္မေတာ္(ေလ)၏ ဝယ္ယူျဖည့္တင္းမူ၏ ၉၀%နီးပါးသည္ ေလ့က်င့္ေရး အေထာက္အကူျပဳ ေလယာဥ္/ရဟတ္ယာဥ္မ်ားပင္ျဖစ္သည္။ FT-7AM,A-5JKကဲ့သုိ႔ေသာ ပင္မတုိက္ပြဲဝင္ေလယာဥ္မ်ား၏ အေမာင္းသင္တုိက္ေလယာဥ္မ်ား K-8Wကဲ့သုိ႔ ေခတ္မွီအေမာင္းသင္ ဂ်က္ေလယာဥ္မ်ား Y-12E/Beech-1900ကဲ့သုိ႔ေသာ အေပါ့စား သယ္ယူပုိ႔ေဆာင္ေ႐း ေလယာဥ္မ်ား Bell-206/ AS-365N3 ကဲ့သုိ႔႔ အေပါ့စား ရဟတ္ယာဥ္မ်ား Grob G-120TP ေခတ္မွီ ေအျခခံအေမာင္းသင္ေလယာဥ္မ်ားအား ဝယ္ယူခဲ့ရာ အဓိကအားျဖင့္ ေလတပ္၏ အုတ္ျမစ္ျဖစ္ေသာ ေလ့က်င့္ေရး က႑ကုိ အဓိကထားကာ လူ႕စြမ္းအား အရင္းအျမစ္ ဖြံျဖိဳးတုိးတက္မူကုိ အေျခခံေဆာင္ရြက္လ်ွက္ရွိသည္။ တပ္မေတာ္(ေလ)၏ အရွိန္အဟုန္ျမင့္မားလာေသာ ေလ့က်င္ေရးအစီအစဥ္မ်ားမွာ အနာဂတ္တြင္ ႏုိင္ငံတကာ အဆင့္မွီ ေရွ႕တန္း ေလယာဥ္/ရဟတ္ယာဥ္မ်ားကုိ အသုံးျပဳရန္ ရည္ရြယ္ေၾကာင္း ထင္ရွားေနေပသည္။ ထုိသုိ႔ အနာဂတ္မ်ိဳးဆက္သစ္ တုိက္ေလယာဥ္မ်ား ဝယ္ယူေရးအတြက္ အဓိကက်ေသာ အရင္းအျမစ္မွာ အေမာင္းသင္တုိက္ေလယာဥ္မ်ားျဖစ္သည္။
တပ္မေတာ္(ေလ)တြင္ ပင္မတုိက္ပြဲဝင္ ေလယာဥ္မ်ားျဖစ္ေသာ Mig-29,F-7,A-5 တုိက္ေလယာဥ္မ်ားအတြက္ ၾကိဳတင္ျပင္ဆင္ ေလ့က်င့္ေပးေနေသာ အေမာင္းသင္တုိက္ေလယာဥ္မ်ားမွာ လက္ရွိ အေျခအေနတြင္ K-8W,G-4,K-8ဟူ၍ အေမာင္းသင္တုိက္ေလယာဥ္ သုံးမ်ိဳးကုိ သုံးစြဲလ်ွက္ရွိရာ ယခုလက္ရွိ ဒုတိယမ်ိဳးဆက္ တတိယမ်ိဳးဆက္ေလယာဥ္မ်ားကုိ ေကာင္းစြာ အေထာက္အပံေပးႏုိင္ေပသည္။ သုိ႔ေသာ္လည္း အနာဂတ္တြင္ ေရာက္ရွိလာမည့္ တုိက္ေလယာဥ္မ်ားသည္ အနည္းဆုံး စတုတၳမ်ိဳးဆက္မ်ား သုံးစြဲမည္ျဖစ္ရာ ယခု အေမာင္းသင္ တုိက္ေလယာဥ္မ်ားႏွင့္ ကုိက္ညီမူ မရွိေပ။ K-8Wမွာ ေခတ္မွီ စတုတၳမ်ိဳးဆက္မ်ားတြင္ အသုံးျပဳေသာ ေလေၾကာင္းလ်ွပ္စစ္ပစၥည္းတခ်ိဳ႕ တပ္ဆင္ထားေသာ္လည္း ေလယာဥ္၏ ဒီဇုိင္းတည္ေဆာက္ပုံမွာ တုိက္ေလယာဥ္ႏွင့္ လုံးဝအထိအေတြ႕မရွိဖူးေသာ ေလသူရဲငယ္မ်ားကုိ ဂ်က္တုိက္ေလယာဥ္ အေတြ႕အၾကံဳရေစရန္ ေလ့က်င့္ေပးေသာ တန္းျမွင့္ အေမာင္းသင္ဂ်က္ေလယာဥ္(Advance Jet Trannier-AJT)မ်ားသာ ျဖစ္သည္။ စတုတၳမ်ိဳးဆက္ တုိက္ေလယာဥ္မ်ားတြင္ပါဝင္ေသာ ေလေၾကာင္း အီလက္ထေရာနစ္ ပစၥည္းမ်ားႏွင့္ အီလက္ထေရာနစ္ စစ္ဆင္ေရးစနစ္မ်ားမွာ အလြန္အဆင့္ျမင့္မားေသာ အေျခအေနေၾကာင့္ ၾကားခံ ကနဦး အေမာင္းသင္တုိက္ေလယာဥ္ (Lead in Fighter Trannier-LIFT)မ်ား လုိအပ္လာေပသည္။ အထူးသျဖင့္ ယခုအခ်ိန္တြင္ တရားဝင္ ဝယ္ယူထားေသာ JF-17တုိက္ေလယာဥ္မွာ စတုတၳမ်ိဳးဆက္လြန္ ေလေၾကာင္းအီလက္ထေရာနစ္ စနစ္မ်ား ပါဝင္ေနေသာေၾကာင့္ ကနဦးအေမာင္းသင္ တုိက္ေလယာဥ္၏ အခန္းက႑သည္ လြန္စြာမွ အေရးပါလွသည္။
ေဒသတြင္းႏုိင္ငံမ်ားတြင္လည္း ထုိကဲ့သုိ႔ အေမာင္းသင္ တုိက္ေလယာဥ္မ်ား ဝယ္ယူျဖည့္တင္းလ်ွက္ရွိရာ စင္ကာပူေလတပ္သည္ အီတလီႏုိင္ငံထုတ္ Amerchi Me-346ေလယာဥ္အား လည္းေကာင္း အင္ဒုိနီးရွားေလတပ္သည္ ကုိရီးယားႏုိင္ငံထုတ္ T-50 Golden Eagleေလယာဥ္အား လည္းေကာင္း မေလးရွားေလတပ္သည္ ျဗိတိန္ႏုိင္ငံထုတ္ နာမည္ေက်ာ္ Hawkေလယာဥ္အား လည္းေကာင္း ထုိင္းေလတပ္သည္ ကုိရီးယားႏုိင္ငံထုတ္ T-50 Golden Eagle ေလယာဥ္အား မွာယူထားေပသည္။ထုိ႔ေၾကာင့္ တပ္မေတာ္(ေလ)သည္ မျဖစ္မေန အေမာင္းသင္ တုိက္ေလယာဥ္ တစ္မ်ိဳးဝယ္ယူရန္ လုိအပ္လာေပသည္။
၂၀၁၆ခုႏွစ္ ဇန္နဝါရီလ ၇ရက္ေန႔က Alert-5 Military News မွ တပ္မေတာ္(ေလ)သည္ Yak-130ေလယာဥ္၏ ဆင္ျမဴေလတာ ဝယ္ယူသြားသည္ဟု ရုရွားအစုိးရ၏ တရားဝင္ဝက္ဆုိဒ္တြင္ ေဖာ္ျပခဲ့သည္ဟု ဆုိေပသည္။ ထုိသတင္းသာ မွန္ကန္ခဲ့လ်ွင္ ဝမ္းသာစရာဟုပင္ ဆုိရေပမည္။ Yak-130သည္ လက္ရွိအခ်ိန္တြင္ ကမာၻအေကာင္းဆုံး အေမာင္းသင္တုိက္ေလယာဥ္ အျဖစ္ သတ္မွတ္ထားျခင္းခံရေသာ ေလယာဥ္ျဖစ္ရာ တပ္မေတာ္(ေလ)အတြက္ တန္ဖုိးရွိေသာ ဝယ္ယူမူဟု ဆုိရေပမည္။
Yak-130ေလယာဥ္သည္ စတုတၳမ်ိဳးဆက္လြန္ တုိက္ေလယာဥ္မ်ားတြင္ တပ္ဆင္ထားေသာ အီလက္ထေရာနစ္ စနစ္မ်ားကုိ တပ္ဆင္ထားျပီး GPSလမ္းညႊန္ အပူပုံရိပ္ရွာကင္မရာ လမ္းညႊန္ ေလဆာလမ္းညႊန္ အစရွိေသာ တိက်ပဲ့ထိန္းလက္နက္မ်ားကုိ တပ္ဆင္ႏုိင္ေသာေၾကာင့္ စတုတၳမ်ိဳးဆက္လြန္ ေလယာဥ္မ်ားသာမက ပဥၥမမ်ိဳးဆက္ ကိုယ္ေပ်ာက္တုိက္ေလယာဥ္မ်ားကုိပါ ေလ့က်င့္ေရးအတြက္ အေထာက္အပံေပးႏုိင္ေပသည္။ ေလ့က်င့္ေရးအျပင္ အနီးကပ္ပစ္ကူေပးျခင္း(CAS) ပုိင္းျဖတ္တုိက္ခုိက္ျခင္း(IDS) တာဝန္မ်ားကုိပါ ထမ္းေဆာင္ႏုိင္ေပသည္။ ေလယာဥ္သည္ လက္နက္ အေလးခ်ိန္ ၃တန္ေက်ာ္ သယ္ေဆာင္ႏုိင္ေသာေၾကာင့္ လက္ရွိအသုံးျပဳေနေသာ A-5ေျမျပင္တုိက္ခုိက္ေရး ေလယာဥ္မ်ားထက္ပင္ ပုိမုိ သယ္ေဆာင္ႏုိင္ကာ ေဝဟင္-ေဝဟင္ပစ္ လက္နက္မ်ား အီလက္ထေရာနစ္ ဖိဖ်က္ေႏွာက္ယွက္ေရးစနစ္မ်ား ပါဝင္ေသာေၾကာင့္ စစ္ေျမျပင္တြင္လည္း သီးျခား ရပ္တည္ႏုိင္စြမ္းရွိေပသည္။ ရုရွားေလတပ္မွ Yak-130ေလယာဥ္မ်ား၏ အီလက္ထေရာနစ္ စနစ္မ်ားသည္ I-Phone တစ္လုံးကဲ့သုိ႔ အဆင့္ျမင့္မားမူေၾကာင့္ Flying I-Phoneဟူ၍ပင္ ေခၚဆုိက်ေပသည္။ အကယ္၍သာ Yak-130ေလယာဥ္မ်ားအား တပ္မေတာ္(ေလ)မွ ဝယ္ယူခဲ့ပါက ျပည္တြင္း ေသာင္းက်န္းသူမ်ားအတြက္ ရွည္လ်ားလွေသာ ေဆာင္းရာသီ အိမ္မက္ဆုိးမ်ားကုိ ေပးစြမ္းမည့္ နတ္ဆုိး ေလယာဥ္ျဖစ္လာေပမည္။ ေခတ္သစ္နည္းပညာမ်ားျဖင့္ ေပါင္းစပ္ထားေသာ တုိက္ေလယာဥ္တစ္စီးျဖစ္ေသာေၾကာင့္ မည္မ်ွဆုိးရြားေသာ ခုခံမူမဆုိ အလြယ္တကူ ရွင္းထုတ္ပစ္ႏုိင္ေသာ ေလယာဥ္တစ္စီးလည္း ျဖစ္ေပသည္။ ေလာက္ကုိင္ ေဒသ စစ္ဆင္ေရးတြက္ နယ္နမိတ္မ်ည္းႏွင့္ အလြန္နီးကပ္ေသာ ေျမအေနအထားတြင္ တဖက္ႏုိင္ငံ၏ နည္းမ်ိဳးစုံ ဖိအားေပးမူမ်ားေအာက္တြင္ ေလသူရဲမ်ားသည္ ခက္ခဲစြာ တုိက္ပြဲဝင္ခဲ့ရေပသည္။ အထူးသျဖင့္ ပိြဳင့္၂၂၀၂လုိ တုိက္ပြဲမ်ိဳးတြင္ ပုိမုိ၍ သိသာထင္ရွားေပသည္။
ထုိေၾကာင့္ ျမန္မာ့တပ္မေတာ္(ေလ) အေနျဖင့္ Yak-130 အေမာင္းသင္ တုိက္ေလယာဥ္မ်ား ဝယ္ယူျခင္းျဖစ္ တပ္မေတာ္(ေလ)၏ လူသားအရင္းအျမစ္ကုိ အထူးပင္ တုိးတက္ေစသလုိ ေလေၾကာင္းစြမ္းအားကုိပါ ေကာင္းစြာ အေထာက္အပံေပးႏုိင္ေသာ ေလယာဥ္တစ္မ်ိဳးျဖစ္လာမည္ ျဖစ္ေၾကာင္း ဝမ္းေျမာက္စြာျဖင့္ ေရးသာ ေဖာ္ျပအပ္ပါသည္။


Myanmar Airpower


Unicode
 တပ်မတော်(လေ)နှင့် Yak-130
တပ်မတော်(လေ)ကို ၂၀၁၀ခုနှစ်နောက်ပိုင်း တဖြည်းဖြည်း အဆင့်မြှင့်တင်လာခဲ့ရာ တပ်မတော်(လေ)၏ ဝယ်ယူဖြည့်တင်းမူ၏ ၉၀%နီးပါးသည် လေ့ကျင့်ရေး အထောက်အကူပြု လေယာဉ်/ရဟတ်ယာဉ်များပင်ဖြစ်သည်။ FT-7AM,A-5JKကဲ့သို့သော ပင်မတိုက်ပွဲဝင်လေယာဉ်များ၏ အမောင်းသင်တိုက်လေယာဉ်များ K-8Wကဲ့သို့ ခေတ်မှီအမောင်းသင် ဂျက်လေယာဉ်များ Y-12E/Beech-1900ကဲ့သို့သော အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ Bell-206/ AS-365N3 ကဲ့သို့ အပေါ့စား ရဟတ်ယာဉ်များ Grob G-120TP ခေတ်မှီ အေခြခံအမောင်းသင်လေယာဉ်များအား ဝယ်ယူခဲ့ရာ အဓိကအားဖြင့် လေတပ်၏ အုတ်မြစ်ဖြစ်သော လေ့ကျင့်ရေး ကဏ္ဍကို အဓိကထားကာ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်မူကို အခြေခံဆောင်ရွက်လျှက်ရှိသည်။ တပ်မတော်(လေ)၏ အရှိန်အဟုန်မြင့်မားလာသော လေ့ကျင်ရေးအစီအစဉ်များမှာ အနာဂတ်တွင် နိုင်ငံတကာ အဆင့်မှီ ရှေ့တန်း လေယာဉ်/ရဟတ်ယာဉ်များကို အသုံးပြုရန် ရည်ရွယ်ကြောင်း ထင်ရှားနေပေသည်။ ထိုသို့ အနာဂတ်မျိုးဆက်သစ် တိုက်လေယာဉ်များ ဝယ်ယူရေးအတွက် အဓိကကျသော အရင်းအမြစ်မှာ အမောင်းသင်တိုက်လေယာဉ်များဖြစ်သည်။
တပ်မတော်(လေ)တွင် ပင်မတိုက်ပွဲဝင် လေယာဉ်များဖြစ်သော Mig-29,F-7,A-5 တိုက်လေယာဉ်များအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ပေးနေသော အမောင်းသင်တိုက်လေယာဉ်များမှာ လက်ရှိ အခြေအနေတွင် K-8W,G-4,K-8ဟူ၍ အမောင်းသင်တိုက်လေယာဉ် သုံးမျိုးကို သုံးစွဲလျှက်ရှိရာ ယခုလက်ရှိ ဒုတိယမျိုးဆက် တတိယမျိုးဆက်လေယာဉ်များကို ကောင်းစွာ အထောက်အပံပေးနိုင်ပေသည်။ သို့သော်လည်း အနာဂတ်တွင် ရောက်ရှိလာမည့် တိုက်လေယာဉ်များသည် အနည်းဆုံး စတုတ္ထမျိုးဆက်များ သုံးစွဲမည်ဖြစ်ရာ ယခု အမောင်းသင် တိုက်လေယာဉ်များနှင့် ကိုက်ညီမူ မရှိပေ။ K-8Wမှာ ခေတ်မှီ စတုတ္ထမျိုးဆက်များတွင် အသုံးပြုသော လေကြောင်းလျှပ်စစ်ပစ္စည်းတချို့ တပ်ဆင်ထားသော်လည်း လေယာဉ်၏ ဒီဇိုင်းတည်ဆောက်ပုံမှာ တိုက်လေယာဉ်နှင့် လုံးဝအထိအတွေ့မရှိဖူးသော လေသူရဲငယ်များကို ဂျက်တိုက်လေယာဉ် အတွေ့အကြုံရစေရန် လေ့ကျင့်ပေးသော တန်းမြှင့် အမောင်းသင်ဂျက်လေယာဉ်(Advance Jet Trannier-AJT)များသာ ဖြစ်သည်။ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များတွင်ပါဝင်သော လေကြောင်း အီလက်ထရောနစ် ပစ္စည်းများနှင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များမှာ အလွန်အဆင့်မြင့်မားသော အခြေအနေကြောင့် ကြားခံ ကနဦး အမောင်းသင်တိုက်လေယာဉ် (Lead in Fighter Trannier-LIFT)များ လိုအပ်လာပေသည်။ အထူးသဖြင့် ယခုအချိန်တွင် တရားဝင် ဝယ်ယူထားသော JF-17တိုက်လေယာဉ်မှာ စတုတ္ထမျိုးဆက်လွန် လေကြောင်းအီလက်ထရောနစ် စနစ်များ ပါဝင်နေသောကြောင့် ကနဦးအမောင်းသင် တိုက်လေယာဉ်၏ အခန်းကဏ္ဍသည် လွန်စွာမှ အရေးပါလှသည်။

ဒေသတွင်းနိုင်ငံများတွင်လည်း ထိုကဲ့သို့ အမောင်းသင် တိုက်လေယာဉ်များ ဝယ်ယူဖြည့်တင်းလျှက်ရှိရာ စင်ကာပူလေတပ်သည် အီတလီနိုင်ငံထုတ် Amerchi Me-346လေယာဉ်အား လည်းကောင်း အင်ဒိုနီးရှားလေတပ်သည် ကိုရီးယားနိုင်ငံထုတ် T-50 Golden Eagleလေယာဉ်အား လည်းကောင်း မလေးရှားလေတပ်သည် ဗြိတိန်နိုင်ငံထုတ် နာမည်ကျော် Hawkလေယာဉ်အား လည်းကောင်း ထိုင်းလေတပ်သည် ကိုရီးယားနိုင်ငံထုတ် T-50 Golden Eagle လေယာဉ်အား မှာယူထားပေသည်။ထို့ကြောင့် တပ်မတော်(လေ)သည် မဖြစ်မနေ အမောင်းသင် တိုက်လေယာဉ် တစ်မျိုးဝယ်ယူရန် လိုအပ်လာပေသည်။
၂၀၁၆ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့က Alert-5 Military News မှ တပ်မတော်(လေ)သည် Yak-130လေယာဉ်၏ ဆင်မြူလေတာ ဝယ်ယူသွားသည်ဟု ရုရှားအစိုးရ၏ တရားဝင်ဝက်ဆိုဒ်တွင် ဖော်ပြခဲ့သည်ဟု ဆိုပေသည်။ ထိုသတင်းသာ မှန်ကန်ခဲ့လျှင် ဝမ်းသာစရာဟုပင် ဆိုရပေမည်။ Yak-130သည် လက်ရှိအချိန်တွင် ကမ္ဘာအကောင်းဆုံး အမောင်းသင်တိုက်လေယာဉ် အဖြစ် သတ်မှတ်ထားခြင်းခံရသော လေယာဉ်ဖြစ်ရာ တပ်မတော်(လေ)အတွက် တန်ဖိုးရှိသော ဝယ်ယူမူဟု ဆိုရပေမည်။
Yak-130လေယာဉ်သည် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များတွင် တပ်ဆင်ထားသော အီလက်ထရောနစ် စနစ်များကို တပ်ဆင်ထားပြီး GPSလမ်းညွှန် အပူပုံရိပ်ရှာကင်မရာ လမ်းညွှန် လေဆာလမ်းညွှန် အစရှိသော တိကျပဲ့ထိန်းလက်နက်များကို တပ်ဆင်နိုင်သောကြောင့် စတုတ္ထမျိုးဆက်လွန် လေယာဉ်များသာမက ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များကိုပါ လေ့ကျင့်ရေးအတွက် အထောက်အပံပေးနိုင်ပေသည်။ လေ့ကျင့်ရေးအပြင် အနီးကပ်ပစ်ကူပေးခြင်း(CAS) ပိုင်းဖြတ်တိုက်ခိုက်ခြင်း(IDS) တာဝန်များကိုပါ ထမ်းဆောင်နိုင်ပေသည်။ လေယာဉ်သည် လက်နက် အလေးချိန် ၃တန်ကျော် သယ်ဆောင်နိုင်သောကြောင့် လက်ရှိအသုံးပြုနေသော A-5မြေပြင်တိုက်ခိုက်ရေး လေယာဉ်များထက်ပင် ပိုမို သယ်ဆောင်နိုင်ကာ ဝေဟင်-ဝေဟင်ပစ် လက်နက်များ အီလက်ထရောနစ် ဖိဖျက်နှောက်ယှက်ရေးစနစ်များ ပါဝင်သောကြောင့် စစ်မြေပြင်တွင်လည်း သီးခြား ရပ်တည်နိုင်စွမ်းရှိပေသည်။ ရုရှားလေတပ်မှ Yak-130လေယာဉ်များ၏ အီလက်ထရောနစ် စနစ်များသည် I-Phone တစ်လုံးကဲ့သို့ အဆင့်မြင့်မားမူကြောင့် Flying I-Phoneဟူ၍ပင် ခေါ်ဆိုကျပေသည်။ အကယ်၍သာ Yak-130လေယာဉ်များအား တပ်မတော်(လေ)မှ ဝယ်ယူခဲ့ပါက ပြည်တွင်း သောင်းကျန်းသူများအတွက် ရှည်လျားလှသော ဆောင်းရာသီ အိမ်မက်ဆိုးများကို ပေးစွမ်းမည့် နတ်ဆိုး လေယာဉ်ဖြစ်လာပေမည်။ ခေတ်သစ်နည်းပညာများဖြင့် ပေါင်းစပ်ထားသော တိုက်လေယာဉ်တစ်စီးဖြစ်သောကြောင့် မည်မျှဆိုးရွားသော ခုခံမူမဆို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်သော လေယာဉ်တစ်စီးလည်း ဖြစ်ပေသည်။ လောက်ကိုင် ဒေသ စစ်ဆင်ရေးတွက် နယ်နမိတ်မျည်းနှင့် အလွန်နီးကပ်သော မြေအနေအထားတွင် တဖက်နိုင်ငံ၏ နည်းမျိုးစုံ ဖိအားပေးမူများအောက်တွင် လေသူရဲများသည် ခက်ခဲစွာ တိုက်ပွဲဝင်ခဲ့ရပေသည်။ အထူးသဖြင့် ပွိုင့်၂၂၀၂လို တိုက်ပွဲမျိုးတွင် ပိုမို၍ သိသာထင်ရှားပေသည်။
ထိုကြောင့် မြန်မာ့တပ်မတော်(လေ) အနေဖြင့် Yak-130 အမောင်းသင် တိုက်လေယာဉ်များ ဝယ်ယူခြင်းဖြစ် တပ်မတော်(လေ)၏ လူသားအရင်းအမြစ်ကို အထူးပင် တိုးတက်စေသလို လေကြောင်းစွမ်းအားကိုပါ ကောင်းစွာ အထောက်အပံပေးနိုင်သော လေယာဉ်တစ်မျိုးဖြစ်လာမည် ဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် ရေးသာ ဖော်ပြအပ်ပါသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...