တိုက္ရိုုက္ သတင္းေၾကျငာေနတုန္း ခင္ပြန္းေသဆံုးသူရဲ့ သတင္းကိုေတြ႔ျပီး အံ့ၾသခဲ့ရသူ

လူေတာ္ေတာ္မ်ားမ်ားဟာ ဉာတိဗ်သနလုိ႔ ေခၚတဲ့ ေဆြမ်ိဳးေတြရဲ႕ ပ်က္စီးေသဆုံးျခင္း သတင္းကို ၾကားမိလိုက္တဲ့ အခုိက္အတန္႔မွာ ေဆြမ်ိဳးခ်င္းနီးစပ္မႈ အတိုင္းအတာေပၚ မူတည္ၿပီး တုန္လႈပ္ေျခာက္ျခား ေဆာက္တည္ရာမရ ျဖစ္တတ္ပါတယ္။ ေသဆုံးတဲ့သူေတြထဲမွာ မိဘေတြ၊ မိသားစု၀င္ေတြျဖစ္ေနရင္ ခ်က္ခ်င္းစြံ႕အၿပီး အ႐ုပ္ႀကိဳးပ်က္ လဲက်သြားတဲ့သူေတြ ေတာင္ ရွိပါတယ္။

ဒါေပမယ့္ သတင္းတင္ဆက္သူ Supreet Kaur ကေတာ့ သူမရဲ႕ ခင္ပြန္း ကားမေတာ္တဆမႈနဲ႔ ေသဆုံးသြားတယ္ဆုိတဲ့ သတင္းကို ကိုယ္တုိင္တင္ဆက္ခဲ့ရပါတယ္။ ကနဦးတုန္းကေတာ့ အခင္းျဖစ္ပြားရာကုိ ေရာက္ရွိေနတဲ့ သတင္းေပးပုိ႔သူရဲ႕ အခ်က္အလတ္ေတြကုိ ကုိးကား ဖတ္ၾကားတာပါဘဲ။ ဒါေပမယ့္ သူမအတြက္ သတင္းဆုိးဆုိတာ ေကာင္းေကာင္း ရိပ္မိခဲ့ပါ တယ္။

Supreet ဟာ အိႏၵိယႏုိင္ငံ ႐ုပ္သံလုိင္းတစ္ခုျဖစ္တဲ့ IBC24 သတင္းဌာနမွာ သတင္းတင္ဆက္သူအျဖစ္ တာ၀န္ ထမ္းေဆာင္ေနၿပီး၊ အဆုိပါ သတင္းဌာနဟာ အေရးေပၚသတင္းေတြကုိ ၾကားျဖတ္အထူးသတင္းအျဖစ္ ထုတ္လႊင့္ေလ့ ရွိပါတယ္။

ဒီတာ၀န္ကိုလည္း သူမက မ်ားေသာအားျဖင့္ ယူထားရၿပီး၊ သတင္းေထာက္က ဖုန္းကေန ေပးပုိ႔တဲ့သတင္းကို အမ်ားျပည္သူ သိရွိေအာင္ တုိက္႐ိုက္ဖတ္ၾကားရပါတယ္။ ကားမေတာ္တဆမႈမွာ ေသဆုံးသူဟာ ငါးဦးအထိ ရွိၿပီး၊ မေတာ္
ဆမျဖစ္တဲ့ ကားေမာ္ဒယ္နဲ႔ ေသဆုံးသူေတြထဲမွာ ပါ၀င္တဲ့ သူမရဲ႕ ခင္ပြန္း Harsad Kawade ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ ဓာတ္ပုံကိုပါ ေတြ႕ခဲ့ရပါတယ္။
သူမဟာ ခ်က္ခ်င္းရိပ္မိသိရွိခဲ့ၿပီး၊ အခင္းျဖစ္ေနရာဟာ သူမရဲ႕ ခင္ပြန္းနဲ႔ အေပါင္းအပါေတြ ခရီးထြက္သြားတဲ့ လမ္းေၾကာင္း မွာ တည္ရွိတယ္ဆုိတာကိုလည္း ခ်က္ခ်င္းရိပ္မိခဲ့ပါတယ္။ ဒါေပမယ့္ Supreet ဟာ အျခားသတင္းေတြကုိပါ ဆက္တုိက္ ဆယ္မိနစ္ေလာက္အထိ တာ၀န္ေက်ပြန္စြာ၊ တည္ၿငိမ္စြာ တင္ဆက္ေပးခဲ့ပါတယ္။ ေနာက္ဆုံးအခ်ိန္က်မွသာ သူမဟာ မ်က္ရည္ေတြ တြင္တြင္က်ခဲ့ရတာပါ။
ဒီကိစၥနဲ႔ပတ္သက္ၿပီး အႀကီးတန္းသတင္းအယ္ဒီတာက ” ဒီသတင္းကို သူ႕ကုိ ကၽြန္ေတာ္တုိ႔ မေျပာခဲ့ဘူး … ေျပာဖုိ႔ သတၱိလည္း မရွိဘူး … သူမလည္း အကုန္ရိပ္မိသြားပါတယ္ … စတူရီယုိအခန္းထဲက ထြက္လာေတာ့ ငုိယုိၿပီး မိသားစု၀င္ ေတြဆီ ဖုန္းဆက္ခဲ့တယ္ သူရဲ႕ သတၱိနဲ႔ တာ၀န္ေက်ပြန္မႈဟာ ကၽြန္ေတာ္တုိ႔အတြက္ စံျပပါဘဲ .. သူ႕ကို ေလးစားပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။
လုပ္ေဖာ္ကုိင္ဘက္ အမ်ိဳးသမီးတစ္ဦးကလည္း ” သိပ္ကို သတၱိရွိတဲ့ အမ်ိဳးသမီးပါ … သတင္းက ကၽြန္မတုိ႔အားလုံးအတြက္ တုန္လႈပ္စရာ ဆုိေပမယ့္ သူမအတြက္ေတာ့ အစားထုိးမရတဲ့ ကမာၻပ်က္မႈပါဘဲ … သူမရဲ႕ သတၱိကုိ ဂုဏ္ယူပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။ သတင္းတင္ဆက္ၿပီးေနာက္မွာ Supreet ဟာ အခင္းျဖစ္ရာေနရာကို ခ်က္ခ်င္း လိုက္သြားခဲ့တယ္လုိ႔ သိရပါတယ္။

Credit: နတ္စည္ေတာ္ (Shwemom)
source : thesun.co.uk
လူတော်တော်များများဟာ ဉာတိဗျသနလို့ ခေါ်တဲ့ ဆွေမျိုးတွေရဲ့ ပျက်စီးသေဆုံးခြင်း သတင်းကို ကြားမိလိုက်တဲ့ အခိုက်အတန့်မှာ ဆွေမျိုးချင်းနီးစပ်မှု အတိုင်းအတာပေါ် မူတည်ပြီး တုန်လှုပ်ခြောက်ခြား ဆောက်တည်ရာမရ ဖြစ်တတ်ပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ မိဘတွေ၊ မိသားစုဝင်တွေဖြစ်နေရင် ချက်ချင်းစွံ့အပြီး အရုပ်ကြိုးပျက် လဲကျသွားတဲ့သူတွေ တောင် ရှိပါတယ်။

ဒါပေမယ့် သတင်းတင်ဆက်သူ Supreet Kaur ကတော့ သူမရဲ့ ခင်ပွန်း ကားမတော်တဆမှုနဲ့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကိုယ်တိုင်တင်ဆက်ခဲ့ရပါတယ်။ ကနဦးတုန်းကတော့ အခင်းဖြစ်ပွားရာကို ရောက်ရှိနေတဲ့ သတင်းပေးပို့သူရဲ့ အချက်အလတ်တွေကို ကိုးကား ဖတ်ကြားတာပါဘဲ။ ဒါပေမယ့် သူမအတွက် သတင်းဆိုးဆိုတာ ကောင်းကောင်း ရိပ်မိခဲ့ပါ တယ်။

Supreet ဟာ အိန္ဒိယနိုင်ငံ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ IBC24 သတင်းဌာနမှာ သတင်းတင်ဆက်သူအဖြစ် တာဝန် ထမ်းဆောင်နေပြီး၊ အဆိုပါ သတင်းဌာနဟာ အရေးပေါ်သတင်းတွေကို ကြားဖြတ်အထူးသတင်းအဖြစ် ထုတ်လွှင့်လေ့ ရှိပါတယ်။

ဒီတာဝန်ကိုလည်း သူမက များသောအားဖြင့် ယူထားရပြီး၊ သတင်းထောက်က ဖုန်းကနေ ပေးပို့တဲ့သတင်းကို အများပြည်သူ သိရှိအောင် တိုက်ရိုက်ဖတ်ကြားရပါတယ်။ ကားမတော်တဆမှုမှာ သေဆုံးသူဟာ ငါးဦးအထိ ရှိပြီး၊ မတော်
ဆမဖြစ်တဲ့ ကားမော်ဒယ်နဲ့ သေဆုံးသူတွေထဲမှာ ပါဝင်တဲ့ သူမရဲ့ ခင်ပွန်း Harsad Kawade ရဲ့ ရုပ်ပျက်ဆင်းပျက် ဓာတ်ပုံကိုပါ တွေ့ခဲ့ရပါတယ်။
သူမဟာ ချက်ချင်းရိပ်မိသိရှိခဲ့ပြီး၊ အခင်းဖြစ်နေရာဟာ သူမရဲ့ ခင်ပွန်းနဲ့ အပေါင်းအပါတွေ ခရီးထွက်သွားတဲ့ လမ်းကြောင်း မှာ တည်ရှိတယ်ဆိုတာကိုလည်း ချက်ချင်းရိပ်မိခဲ့ပါတယ်။ ဒါပေမယ့် Supreet ဟာ အခြားသတင်းတွေကိုပါ ဆက်တိုက် ဆယ်မိနစ်လောက်အထိ တာဝန်ကျေပွန်စွာ၊ တည်ငြိမ်စွာ တင်ဆက်ပေးခဲ့ပါတယ်။ နောက်ဆုံးအချိန်ကျမှသာ သူမဟာ မျက်ရည်တွေ တွင်တွင်ကျခဲ့ရတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အကြီးတန်းသတင်းအယ်ဒီတာက ” ဒီသတင်းကို သူ့ကို ကျွန်တော်တို့ မပြောခဲ့ဘူး … ပြောဖို့ သတ္တိလည်း မရှိဘူး … သူမလည်း အကုန်ရိပ်မိသွားပါတယ် … စတူရီယိုအခန်းထဲက ထွက်လာတော့ ငိုယိုပြီး မိသားစုဝင် တွေဆီ ဖုန်းဆက်ခဲ့တယ် သူရဲ့ သတ္တိနဲ့ တာဝန်ကျေပွန်မှုဟာ ကျွန်တော်တို့အတွက် စံပြပါဘဲ .. သူ့ကို လေးစားပါတယ် “လို့ ပြောခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဘက် အမျိုးသမီးတစ်ဦးကလည်း ” သိပ်ကို သတ္တိရှိတဲ့ အမျိုးသမီးပါ … သတင်းက ကျွန်မတို့အားလုံးအတွက် တုန်လှုပ်စရာ ဆိုပေမယ့် သူမအတွက်တော့ အစားထိုးမရတဲ့ ကမ္ဘာပျက်မှုပါဘဲ … သူမရဲ့ သတ္တိကို ဂုဏ်ယူပါတယ် “လို့ ပြောခဲ့ပါတယ်။ သတင်းတင်ဆက်ပြီးနောက်မှာ Supreet ဟာ အခင်းဖြစ်ရာနေရာကို ချက်ချင်း လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

Credit: နတ်စည်တော် (Shwemom)
source : thesun.co.uk

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...