ဪ...ကဲ...
Photo - Nyo Min Lwin FB

www.apannpyay.com
ဒီနှစ်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ပြေတီဦး ဆိုလို့ကတော့
ညိုမင်းလွင် ရုပ်ရှင်လောကထဲကနေ ထွက်ပြီပဲ...
အဲဒီလိုမပြောခင် သေချာအောင်တော့ သုံးဆယ့်သုံးကားထဲမှာ
သူ့ကား ပါ မပါ အရင်စုံစမ်းလိုက်ရတာပေါ့လေ...
ဒါတောင် သိပ်တော့လည်းစိတ်ချရသေးတာမဟုတ်ဘူး၊
သူ့ကားမပါပေမယ့် သူ့ ကတော်ကားက ပါနေသေးတယ်၊
တော်ကြာ အုဝဲရတဲ့ဆုကို အုဝဲနေမကောင်းလို့ဆိုပြီးသူတက်ယူပြီးမှ
" ဟိတ်ကောင် ငါ့မိန်းမနဲ့ငါနဲ့က ဘယ်သူရရ အတူတူပဲ " ဆိုပြီး
လာထွက်ခိုင်းနေမှ ဒုက္ခ... လို့
Nyo Min Lwin FB အကောင့်မှာ ဒါရိုက်တာကြီး ကိုညိုမင်းလွင်က အခုလို ကိုပြေတီဦးကို စနောက်တဲ့ အနေနဲ့ တင်ထားတာဖြစ်ပါတယ်..။
သူစနောက်မယ်ဆိုလည်း စနောက်ချင်စရာကြီးလေ... ကိုပြေတီဦးကလည်း အခြားအနုပညာရှင်တွေ အားကျလောက်အောင်ကို အကယ်ဒမီတွေ ဆက်တိုက်ရခဲ့တဲ ့စတားမင်းသားတစ်လက်ဖြစ်နေတာဆိုတော့...
ဒါရိုက်တာ ကိုညိုမင်းလွင်ကလည်း သူ့ရဲ့ အကောင့်မှာတင်ပြီးမှ Comment ကနေ အခုလို ပြန်လည်ဖြေးရှင်းထားတာဖြစ်ပါတယ်..........
ဪ...ကဲ...
သူငယ်ချင်းအချင်းချင်းနောက်နေတာပါ ဆို...
အရင်တုန်းကဆိုရင် ဒီကောင့်ပုံကို Photoshop ပါ လုပ်ပြီး Facebook ဆိုတာမပေါ်ခင်ကတည်းက လျှောက်ဝေခဲ့ဖူးပါတယ်ဗျို့...
အခုလည်း ဒီ comic က မီးပြတ်နေလို့ အလုပ်လုပ်ဖို့ငုတ်တုတ်ထိုင်စောင့်နေရင်းနဲ့ အင်တာနက်ကနေလျှောက်ရှာပြီး ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါဗျို့...
ဒီ့ထက်မကသော Troll ထားတဲ့ပုံတွေရှိနေပြီးသားမို့လို့ ဘယ်သူ့ဘယ်သူမှ စိတ်မဆိုးကြမှန်းသိလို့ နောက်နေတာပါဗျို့...
ရုံတင်ကား သုံးဆယ့်သုံးကားထဲမှာ ကျွန်တော့်သူငယ်ချင်းကား ဒီနှစ်မပါမှန်းလူတိုင်းသိပြီးသားမို့လို့လည်း အခုလိုနောက်ရဲတာပါဗျို့...
ကျွန်တော်တို့အချင်းချင်းမှာ နစ်နစ်နာနာမနောက်နိုင်ရင် နောက်တယ်လို့မခေါ်ပါဘူး၊ ဟု ဒါရိုက်တာကြီး ကိုညိုမင်းလွင် ကိုယ်တိုင်ကပဲ သူတင်ခဲ့တဲ့ Post အောက်မှာ မန့်ထားခြင်းဖြစ်ပါတယ်...
ချစ်တဲ့ ပရိသတ်ကြီးလည်း အထင်မလွဲကြနဲ့တော့နော်....။
Photo - Nyo Min Lwin FB
www.apannpyay.com
0 comments :
Post a Comment