၈ေလာင္းၿပိဳင္လူသတ္မႈအေပၚ အဖြဲ႕လိုက္ ေငြစားသြားတဲ့ CID ဆိုတဲ႔ သတင္းတစ္ခု ထြက္ေပၚ

ဇန္နဝါရီလ ၂၁ ရက္ေန႕က အျမန္လမ္း ၄ မိုင္ ၂ ဖာလုံတြင္ Hi-Ace အမ်ိဳးအစား ယာဥ္မီးေလာင္ၿပီး လူ(၈)ဦး မီးေလာင္ေသဆုံးခဲ့မႈတြင္ စစ္ေဆးေဆာင္႐ြက္ခဲ့ေသာ စီအိုဒီက အဂတိလိုက္စားမႈ ရွိခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ားပါ ေရးသားမႈမ်ား လူမႈကြန္ယက္ ေဖ့စ္ဘြခ္တြင္ ပ်ံ့ႏွံ႕လွ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

လိပ္ကြၽန္းလူသတ္မႈ အပါအဝင္ ျမန္မာနိုင္ငံႏွင့္ ပက္သက္သည့္ မႈခင္းမ်ားကို စဥ္ဆက္မျပတ္ ေရးသားေထာက္ျပ ေဝဖန္လွ်က္ရွိေသာ Pyi Moe Aung ေဖ့စ္ဘြခ္အေကာင့္ပိုင္ရွင္ (ကေလာင္အမည္ လင္းယုန္မာန္) က အျမန္လမ္း ကားမီးေလာင္မႈတြင္ စီအိုင္ဒီ အဂတိလိုက္စားခဲ့ၿပီး မေတာ္တဆျဖစ္ပြားသည့္ ယာဥ္ေပါ့ဆမႈမ်ိဳး ျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ေၾကာင္း စြပ္စြဲေရးသား ေျပာဆိုခဲ့ၿပီး အဆိုပါ အေၾကာင္းအရာကို ျပန္လည္ေဝမွ်သူ မ်ားျပားခဲ့သည္။

၈ေလာင္းၿပိဳင္လူသတ္မႈအေပၚ အဖြဲ႕လိုက္ ေငြစားသြားတဲ့ CID

(မေက်နပ္သူ ရဲတဦးမွ သတင္းေပးပို႔ပါသည္)

၈ေလာင္းၿပိဳင္အမႈမွာ အျမန္လမ္းရဲစခန္းက စစ္ေဆးရာမွာ ကားမီးေလာင္မႈဟာ ပုံမွန္မဟုတ္ဘူးလို႔ ယူဆရင္း ကားေမာင္းသူေအာင္ခန႔္ကို ေသခ်ာစစ္ေဆးခဲ့ပါတယ္။ ေနာက္ဆုံးမွာေအာင္ခန႔္ကဝန္ခံလိုက္ရတယ္။

ေအာင္ခန႔္ဟာ ကားေမာင္းသူ သူသာျဖစ္တယ္လို႔ ဝန္ခံလိုက္တာမဟုတ္ပါဘူး။ ျဖစ္စဥ္အကုန္ကိုဝန္ခံလိုက္တာပါ။ သူဟာ အခိုင္းခံရသူတဦးျဖစ္ၿပီး သူႏွင့္အတူ က်ဴးလြန္သူ ေနာက္တဦးလည္းရွိပါတယ္။

ေအာင္ခန႔္ဝန္ခံလိုက္တဲ့ျဖစ္စဥ္အပၚမွာ နားေထာင္ရင္း အျမန္လမ္းရဲစခန္းက တာဝန္ရွိသူေတြဟာ သူတို႔ဆက္ကိုင္လို႔မရေတာ့ဘူးဆိုတာ သိသြားပါတယ္။ ဒါနဲ႕ သူတို႔ဟာ CID ကို အေၾကာင္းၾကားလိုက္တယ္။
CID က တာဝန္ရွိသူေတြက ဘယ္လိုလုပ္မလဲလို႔ ဆိုင္ရာ ေတြကို ေမးလိုက္ခ်ိန္မွာ CID က ရဲမႉးမိုးေအာင္နဲ႕ညွိႏွိုင္းေရးလုပ္ၿပီး အမႈကို အျမန္လမ္းရဲစခန္းကေန လႊဲေျပာင္းယူလိုက္ပါတယ္။
အမႈတြဲမွတ္တမ္းတခုလုံးကို လႊဲေျပာင္းယူသြားတာပါ။

ကံဆိုးခ်င္ေတာ့ လွည္းကူးက သက္ေသေတြဟာ စပီကာနဲ႕ဆက္သြယ္ၿပီး အင္တာဗ်ဴး လုပ္ခဲ့ပါတယ္။ ဒါကို ရဲမႉးမိုးေအာင္က ဒီသက္ေသေတြက ပညာနိမ့္တယ္သက္ေသမျဖစ္ဘူးလို႔ ႐ုံးေတာ္တင္ဘို႔ပယ္ခ်ခဲ့ပါတယ္။ ကားဒရိုက္ဘာ ေအာင္ခန႔္ကိုလည္း အမႈကိုသက္သာစြာလုပ္ေပးၿပီး ေထာင္သက္နည္းေအာင္ လုပ္ေပးမည္ဟု အာမခံၿပီးညွိႏွိုင္းထားသည္ဟုသိရပါသည္။

သက္ေသ အမွန္ေတြကို အတုလုပ္ သက္ေသအတုေတြကို အမွန္လုပ္ၿပီး လူသတ္သမားမ်ားကို ကူညီခဲ့ေပးတဲ့အတြက္ ေငြသိန္း ၂၀၀၀နီးပါး ဆုလဒ္ရ႐ုံသာမက မၾကာခင္ သူလိုခ်င္ေသာ ရာထူးကိုလည္း တိုးျမႇင့္ခံရမည္လည္း အာမခံခ်က္ရထားေၾကာင္း သိရပါသည္။

ေငြခြဲေဝတဲ့အခါမွာ အျမန္လမ္းရဲစခန္းကေဝစုနည္း၍ ျပသနာတက္ၾကေသးပါသည္။ သို႔ပါ၍ လက္ရွိ လူေသမႈဟု ႐ုံးေတာ္တင္ထားေသာ အမႈကို ျပန္လည္စစ္ေဆးၿပီး အမႈစစ္ေဆးေသာတဖြဲ႕လုံးကို အေရးယူေဆာင္႐ြက္သင့္ေၾကာင္း သတင္းေပးသူမွ အႀကံေပးသြားပါသည္။

အိုဘယ့္ စီအိုင္ဒီ.. !!

ဒီပို႔စ္ကို ဝိုင္းဝန္းရွယ္ၿပီး နိုင္ငံေတာ္လူႀကီးမ်ားၾကား အျမန္ေရာက္ကူညီနိုင္ပါေစ။

ေဖာ္ျပပါ လူမႈကြန္ယက္မွ စြပ္စြဲခ်က္မ်ားမွာ မွန္ကန္ခိုင္မာမႈ အားနည္းေသာ္လည္း အမ်ားျပည္သူအၾကား ပ်ံ့ႏွံ႕လွ်က္ရွိၿပီး တရားစီရင္ေရးတြင္ ျပည္သူမ်ား သံသယကင္းရွင္းေစရန္ အမွန္တရားမဟုတ္ခဲ့ပါက အျမန္ဆုံး တုံ႕ျပန္ေဆာင္႐ြက္ ေျဖရွင္းနိုင္ရန္ ေဖာ္ျပျခင္းမွ်သာျဖစ္ပါသည္။

အဆိုပါ အျမန္လမ္းကားမီးေလာင္မႈကို “မေတာ္တဆျဖစ္ပြားသည့္ ယာဥ္ေပါ့ဆမႈမ်ိဳးျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္” ဟူေသာ ေခါင္းစဥ္ျဖင့္ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႕က နိုင္ငံပိုင္သတင္းစာမ်ားတြင္ ထည့္သြင္းေဖာ္ျပခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ ေအာင္ခန႔္ဇြဲျမန္မာအား ပုဒ္မ ၃၀၄-က အရ တရားစြဲဆိုထားေၾကာင္း သိရွိရသည္။
Pyi Moe Aung
https://www.facebook.com/permalink.php?

ဇန်နဝါရီလ ၂၁ ရက်နေ့က အမြန်လမ်း ၄ မိုင် ၂ ဖာလုံတွင် Hi-Ace အမျိုးအစား ယာဉ်မီးလောင်ပြီး လူ(၈)ဦး မီးလောင်သေဆုံးခဲ့မှုတွင် စစ်ဆေးဆောင်ရွက်ခဲ့သော စီအိုဒီက အဂတိလိုက်စားမှု ရှိခဲ့ကြောင်း စွပ်စွဲချက်များပါ ရေးသားမှုများ လူမှုကွန်ယက် ဖေ့စ်ဘွခ်တွင် ပျံ့နှံ့လျှက်ရှိကြောင်း တွေ့ရှိရသည်။

လိပ်ကျွန်းလူသတ်မှု အပါအဝင် မြန်မာနိုင်ငံနှင့် ပက်သက်သည့် မှုခင်းများကို စဉ်ဆက်မပြတ် ရေးသားထောက်ပြ ဝေဖန်လျှက်ရှိသော Pyi Moe Aung ဖေ့စ်ဘွခ်အကောင့်ပိုင်ရှင် (ကလောင်အမည် လင်းယုန်မာန်) က အမြန်လမ်း ကားမီးလောင်မှုတွင် စီအိုင်ဒီ အဂတိလိုက်စားခဲ့ပြီး မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲရေးသား ပြောဆိုခဲ့ပြီး အဆိုပါ အကြောင်းအရာကို ပြန်လည်ဝေမျှသူ များပြားခဲ့သည်။

၈လောင်းပြိုင်လူသတ်မှုအပေါ် အဖွဲ့လိုက် ငွေစားသွားတဲ့ CID

(မကျေနပ်သူ ရဲတဦးမှ သတင်းပေးပို့ပါသည်)

၈လောင်းပြိုင်အမှုမှာ အမြန်လမ်းရဲစခန်းက စစ်ဆေးရာမှာ ကားမီးလောင်မှုဟာ ပုံမှန်မဟုတ်ဘူးလို့ ယူဆရင်း ကားမောင်းသူအောင်ခန့်ကို သေချာစစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးမှာအောင်ခန့်ကဝန်ခံလိုက်ရတယ်။

အောင်ခန့်ဟာ ကားမောင်းသူ သူသာဖြစ်တယ်လို့ ဝန်ခံလိုက်တာမဟုတ်ပါဘူး။ ဖြစ်စဉ်အကုန်ကိုဝန်ခံလိုက်တာပါ။ သူဟာ အခိုင်းခံရသူတဦးဖြစ်ပြီး သူနှင့်အတူ ကျူးလွန်သူ နောက်တဦးလည်းရှိပါတယ်။

အောင်ခန့်ဝန်ခံလိုက်တဲ့ဖြစ်စဉ်အပါ်မှာ နားထောင်ရင်း အမြန်လမ်းရဲစခန်းက တာဝန်ရှိသူတွေဟာ သူတို့ဆက်ကိုင်လို့မရတော့ဘူးဆိုတာ သိသွားပါတယ်။ ဒါနဲ့ သူတို့ဟာ CID ကို အကြောင်းကြားလိုက်တယ်။
CID က တာဝန်ရှိသူတွေက ဘယ်လိုလုပ်မလဲလို့ ဆိုင်ရာ တွေကို မေးလိုက်ချိန်မှာ CID က ရဲမှူးမိုးအောင်နဲ့ညှိနှိုင်းရေးလုပ်ပြီး အမှုကို အမြန်လမ်းရဲစခန်းကနေ လွှဲပြောင်းယူလိုက်ပါတယ်။
အမှုတွဲမှတ်တမ်းတခုလုံးကို လွှဲပြောင်းယူသွားတာပါ။

ကံဆိုးချင်တော့ လှည်းကူးက သက်သေတွေဟာ စပီကာနဲ့ဆက်သွယ်ပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဒါကို ရဲမှူးမိုးအောင်က ဒီသက်သေတွေက ပညာနိမ့်တယ်သက်သေမဖြစ်ဘူးလို့ ရုံးတော်တင်ဘို့ပယ်ချခဲ့ပါတယ်။ ကားဒရိုက်ဘာ အောင်ခန့်ကိုလည်း အမှုကိုသက်သာစွာလုပ်ပေးပြီး ထောင်သက်နည်းအောင် လုပ်ပေးမည်ဟု အာမခံပြီးညှိနှိုင်းထားသည်ဟုသိရပါသည်။

သက်သေ အမှန်တွေကို အတုလုပ် သက်သေအတုတွေကို အမှန်လုပ်ပြီး လူသတ်သမားများကို ကူညီခဲ့ပေးတဲ့အတွက် ငွေသိန်း ၂ဝဝဝနီးပါး ဆုလဒ်ရရုံသာမက မကြာခင် သူလိုချင်သော ရာထူးကိုလည်း တိုးမြှင့်ခံရမည်လည်း အာမခံချက်ရထားကြောင်း သိရပါသည်။

ငွေခွဲဝေတဲ့အခါမှာ အမြန်လမ်းရဲစခန်းကဝေစုနည်း၍ ပြသနာတက်ကြသေးပါသည်။ သို့ပါ၍ လက်ရှိ လူသေမှုဟု ရုံးတော်တင်ထားသော အမှုကို ပြန်လည်စစ်ဆေးပြီး အမှုစစ်ဆေးသောတဖွဲ့လုံးကို အရေးယူဆောင်ရွက်သင့်ကြောင်း သတင်းပေးသူမှ အကြံပေးသွားပါသည်။

အိုဘယ့် စီအိုင်ဒီ.. !!

ဒီပို့စ်ကို ဝိုင်းဝန်းရှယ်ပြီး နိုင်ငံတော်လူကြီးများကြား အမြန်ရောက်ကူညီနိုင်ပါစေ။

ဖော်ပြပါ လူမှုကွန်ယက်မှ စွပ်စွဲချက်များမှာ မှန်ကန်ခိုင်မာမှု အားနည်းသော်လည်း အများပြည်သူအကြား ပျံ့နှံ့လျှက်ရှိပြီး တရားစီရင်ရေးတွင် ပြည်သူများ သံသယကင်းရှင်းစေရန် အမှန်တရားမဟုတ်ခဲ့ပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက် ဖြေရှင်းနိုင်ရန် ဖော်ပြခြင်းမျှသာဖြစ်ပါသည်။

အဆိုပါ အမြန်လမ်းကားမီးလောင်မှုကို “မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်” ဟူသော ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့က နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်ခန့်ဇွဲမြန်မာအား ပုဒ်မ ၃၀၄-က အရ တရားစွဲဆိုထားကြောင်း သိရှိရသည်
Pyi Moe Aung
https://www.facebook.com/permalink.php?

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...