ရဲတိုက်အကယ်ဒမီပေးပွဲတက်မယ်လို့ သတင်းထွက်ပေါ်

ရဲတိုက်အကယ်ဒမီပေးပွဲတက်မယ်လို့ သတင်းထွက်ပေါ်
duwun
===
သရုပ်ဆောင် ရဲတိုက် အကယ်ဒမီပေးပွဲ တက်မယ်ဆိုတဲ့ သတင်းကတော့ မတ်လ(၁၄)ရက်နေ့ လူမှုကွန်ယက်ဖေ့စ် ဘွတ် စာမျက်နှာပေါ်မှာပြန့်လို့နေပါတယ်။ အဲ့အပေါ်မှာလည်း ပရိသတ်တွေက ရဲတိုက်ပြန်လွှတ်လာပြီလားဆိုတဲ့ မေးခွန်းတွေလည်း ရှိခဲ့ပါတယ်။ အမှန်ကတော့ ရဲတိုက်ဟာ တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲပဲ ဖြစ်တယ်လို့ ဆာတိုရီထုတ်လုပ်ရေးက ကိုမျိုးဇော်က Duwun Media ကို ယခုလို ဖြေဆိုပေးခဲ့ပါတယ်။
"အဲ့သတင်းက ကောလာဟလသာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲတက်နိုင်မှာမဟုတ်ပါဘူး။ လက်ရှိရဲတိုက်က တောင်ငူအကျဉ်း ထောင်ထဲမှာပဲ ရှိပါသေးတယ်"လို့  အတည်ပြုပေးထားပါတယ်။အရင်ကလည်း ရဲတိုက်လွှတ်လာပြီဆိုတဲ့ သတင်းတွေအမျိုးမျိုးလည်း ထွက်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ တောင်ငူအကျဉ်း ထောင်မှာပဲ ရှိနေသေးပါတယ်။ ရဲတိုက်ဟာ လောလောဆယ်မှာလည်း ယခင်က ချမှတ်ထားတဲ့ အမိန့်အတိုင်းပဲ ရှိသေးတယ်လို့ သိရပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သူ ရဲတိုက်တစ်ယောက်ကိုတော့ ပရိသတ်တွေ ယခုချိန်ထိ သတိတရ ရှိနေဆဲ ဖြစ်ပါတယ်။
duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...