တစ္နာရီအတြင္း ၂ ႀကိမ္တိုင္ ခ်စ္တင္းေႏွာျခင္းဟာ ကိုယ္၀န္ရႏိုင္ေျခကို ၃ ဆ


မွန္ကန္ တဲ့ အစားအေသာက္ ေတြ စားသံုးျခင္းက စလို႔ ေသခ်ာတဲ့ Positionေတြ အသံုးျပဳျခင္းအထိ နည္းလမ္း အမ်ိဳးမ်ိဳး ကို အသံုးျပဳၿပီး ဇနီးေမာင္ႏွံ ေတြဟာ သူတို႔ရဲ႕ ကေလး ရႏိုင္တဲ့ အခြင့္အလမ္းကို ျမွင့္တင္ေလ့ရွိၾကပါတယ္။

ဒါေပမယ့္လည္း ဒါဟာ သိပ္ေတာ့မထိေရာက္လွပါဘူး။ ကေလး ရယူဖို႔ အခက္အခဲ ရွိတဲ့ ဇနီးေမာင္ႏွံေတြအတြက္ ကေလးရေစႏိုင္မယ့္ အေကာင္းဆံုး အခြင့္အလမ္းကေတာ့ အမ်ိဳးသားေတြအေနနဲ႔ သုတ္ပိုး အားေကာင္းလာၿပီး မ်ိဳးပြားႏိုင္ႏႈန္း ျမင့္မား လာသည္အထိ လိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္ေနဖို႔ပဲ ျဖစ္ပါတယ္။

ဘာပဲ ျဖစ္ျဖစ္ လန္ဒန္ၿမိဳ႕က North Middlesex ေဆးရံုက သုေတသနအသစ္တစ္ခု က ေဆြးေႏြးတင္ျပလာတာကေတာ့ တစ္နာရီအတြင္းမွာ ၂ ႀကိမ္တိုင္ ခ်စ္တင္းေႏွာျခင္းဟာ အမ်ိဳးသားတစ္ေယာက္ရဲ႕ မ်ိဳးေအာင္ႏိုင္စြမ္းကို ၃ ဆ တိတိ ျမွင့္တင္ေပးႏိုင္တယ္ဆိုတာပါပဲ။

ထို ေလ့လာမႈဟာ စံုတြဲ ၇၃ တြဲကို ေလ့လာခဲ့ပါတယ္။ ထိုစံုတြဲ ၇၃ တြဲလံုးဟာ အမ်ိဳးသားရဲ႕ သုတ္ပိုးကို အမ်ိဳးသမီးရဲ႕ သားအိမ္ထဲ တိုက္ရိုက္ထည့္သြင္းထားတဲ့ IUI မ်ိဳးပြားကုသျခင္းကို လုပ္ေဆာင္ခဲ့သူေတြပဲျဖစ္ပါတယ္။ ထိုေလ့လာမႈအတြင္းမွာ အမ်ိဳးသားေတြကေတာ့ တစ္နာရီအတြင္း သုတ္ပိုး ၂ ႀကိမ္ ထုတ္လႊတ္ေစၿပီး ဒုတိယ အႀကိမ္ေျမာက္ထုတ္လႊတ္တဲ့ သုတ္ပိုးကိုေတာ့ IUI မ်ိဳးပြားကုသျခင္း မွာ အသံုးျပဳခဲ့ပါတယ္။

ေနာက္ဆံုး ရလဒ္ကေတာ့ ၂၀ ရာခိုင္ႏႈန္းရဲ႕ ကိုယ္၀န္ရႏိုင္ေျခ ၊ မ်ိဳးေအာင္ႏိုင္ေျခ ဟာ ေအာင္ျမင္ခဲ့တဲ့ ၆ ရာခိုင္ႏႈန္း ရဲ႕ ၃ ဆ ျဖစ္ေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဇနီးေမာင္ႏွံေတြအတြက္ ယံုၾကည္မႈ တစ္ခုရွိေနခဲ့တာကေတာ့ အမ်ိဳးသမီးေတြရဲ႕ ဓမၼတာ ကာလတစ္၀င္ခန္႔မွာ အမ်ိဳးသားေတြအေနနဲ႔ ခ်စ္တင္းေႏွာျခင္းကို ေရွာင္ၾကည္သင့္တယ္ဆိုတာပါပဲ။ ဒါ့အျပင္ အမ်ိဳးသားက်န္းမာေရး ဌာန ရဲ႕ ဂိုက္လိုင္းေတြအရေတာ့ သူတို႔အေနနဲ႔ ခ်စ္တင္းေႏွာျခင္း မတိုင္မီ ၂ ရက္ခန္႔ကတည္းက လိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္ထားမွသာ မ်ိဳးေအာင္ႏုိင္ေျခမ်ားတဲ့ သုတ္ပိုးေတြကိုထုတ္လႊတ္ႏိုင္မွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ လက္ရွိ သုေတသန အရေတာ့ လိင္ဆက္ဆံျခင္းကို ပိုမိုျပဳေပးျခင္းကသာ မ်ိဳးေအာင္ႏိုင္ေျခမ်ားတဲ့ သုတ္ပိုးကို ထုတ္လႊတ္ ႏိုင္မယ္ဆိုတာကိုေတြ႕ရွိခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေလ့လာမႈ အရေတာ့ တစ္နာရီအတြင္း ၂ ႀကိမ္ထုတ္ယူထားတဲ့ သုတ္ပိုးေတြမွာ ဒုတိယ အႀကိမ္ေျမာက္ သုတ္ပိုးေတြဟာ ပိုမိုလတ္ဆတ္ၿပီး အရည္အေသြးေကာင္းမြန္ကာ မ်ိဳးေအာင္ႏိုင္ေျခမ်ားတဲ့ သုတ္ပိုးေတြ ျဖစ္ေနခဲ့လို႔ပါ။

Mario – သစ္ထူးလြင္
Ref : Dailymail
=====
မှန်ကန် တဲ့ အစားအသောက် တွေ စားသုံးခြင်းက စလို့ သေချာတဲ့ Positionတွေ အသုံးပြုခြင်းအထိ နည်းလမ်း အမျိုးမျိုး ကို အသုံးပြုပြီး ဇနီးမောင်နှံ တွေဟာ သူတို့ရဲ့ ကလေး ရနိုင်တဲ့ အခွင့်အလမ်းကို မြှင့်တင်လေ့ရှိကြပါတယ်။

ဒါပေမယ့်လည်း ဒါဟာ သိပ်တော့မထိရောက်လှပါဘူး။ ကလေး ရယူဖို့ အခက်အခဲ ရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကလေးရစေနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းကတော့ အမျိုးသားတွေအနေနဲ့ သုတ်ပိုး အားကောင်းလာပြီး မျိုးပွားနိုင်နှုန်း မြင့်မား လာသည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် လန်ဒန်မြို့က North Middlesex ဆေးရုံက သုတေသနအသစ်တစ်ခု က ဆွေးနွေးတင်ပြလာတာကတော့ တစ်နာရီအတွင်းမှာ ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို ၃ ဆ တိတိ မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။

ထို လေ့လာမှုဟာ စုံတွဲ ၇၃ တွဲကို လေ့လာခဲ့ပါတယ်။ ထိုစုံတွဲ ၇၃ တွဲလုံးဟာ အမျိုးသားရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ထဲ တိုက်ရိုက်ထည့်သွင်းထားတဲ့ IUI မျိုးပွားကုသခြင်းကို လုပ်ဆောင်ခဲ့သူတွေပဲဖြစ်ပါတယ်။ ထိုလေ့လာမှုအတွင်းမှာ အမျိုးသားတွေကတော့ တစ်နာရီအတွင်း သုတ်ပိုး ၂ ကြိမ် ထုတ်လွှတ်စေပြီး ဒုတိယ အကြိမ်မြောက်ထုတ်လွှတ်တဲ့ သုတ်ပိုးကိုတော့ IUI မျိုးပွားကုသခြင်း မှာ အသုံးပြုခဲ့ပါတယ်။

နောက်ဆုံး ရလဒ်ကတော့ ၂၀ ရာခိုင်နှုန်းရဲ့ ကိုယ်ဝန်ရနိုင်ခြေ ၊ မျိုးအောင်နိုင်ခြေ ဟာ အောင်မြင်ခဲ့တဲ့ ၆ ရာခိုင်နှုန်း ရဲ့ ၃ ဆ ဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဇနီးမောင်နှံတွေအတွက် ယုံကြည်မှု တစ်ခုရှိနေခဲ့တာကတော့ အမျိုးသမီးတွေရဲ့ ဓမ္မတာ ကာလတစ်ဝင်ခန့်မှာ အမျိုးသားတွေအနေနဲ့ ချစ်တင်းနှောခြင်းကို ရှောင်ကြည်သင့်တယ်ဆိုတာပါပဲ။ ဒါ့အပြင် အမျိုးသားကျန်းမာရေး ဌာန ရဲ့ ဂိုက်လိုင်းတွေအရတော့ သူတို့အနေနဲ့ ချစ်တင်းနှောခြင်း မတိုင်မီ ၂ ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေကိုထုတ်လွှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် လက်ရှိ သုတေသန အရတော့ လိင်ဆက်ဆံခြင်းကို ပိုမိုပြုပေးခြင်းကသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးကို ထုတ်လွှတ် နိုင်မယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့လာမှု အရတော့ တစ်နာရီအတွင်း ၂ ကြိမ်ထုတ်ယူထားတဲ့ သုတ်ပိုးတွေမှာ ဒုတိယ အကြိမ်မြောက် သုတ်ပိုးတွေဟာ ပိုမိုလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေ ဖြစ်နေခဲ့လို့ပါ။

Mario – သစ်ထူးလွင်
Ref : Dailymail

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...