ေသဒဏ္ခ်မွတ္ခံထားရသူႏွစ္ေယာက္ရဲ ႔ မိခင္ႏွစ္ဦးက ေဒၚေအာင္ဆန္းစုၾကည္ဆီကို ပို႔တဲ႔ စာ

လိပ္ကြၽန္းလူသတ္မႈနဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာလုပ္သားႏွစ္ဦး လြတ္ေျမာက္ေရးကူညီေပးဖို႔ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတုိ႔ရဲ႕မိခင္ႏွစ္ဦးက ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ အသနားခံစာ ေပးပို႔ထားတယ္လို႔ သိရပါတယ္။

ဝင္းေဇာ္ထြန္းရဲ႕မိခင္ ေဒၚေမသိန္းနဲ႔ ေဇာ္လင္းရဲ႕မိခင္ ေဒၚျဖဴေရႊႏုတို႔က အျပစ္မရွိဘဲ ေသဒဏ္က်ခံေနရတဲ့ သူတို႔သားႏွစ္ဦး လြတ္ေျမာက္ေရး ကူညီေဆာင္ရြက္ေပးဖို႔ မတ္လ ၃ ရက္ က ေဒၚေအာင္ဆန္းစုၾကည္ထံ အသနားခံစာ ေပးပို႔ခဲ့တာပါ။

‘‘ကြၽန္မရဲ႕သားမွာ အျပစ္မရွိဘူး။ တကယ္အျပစ္ရွိတဲ့သူေတြ ကိုမဖမ္းဘူး။ အျပစ္မရွိတဲ့ ကြၽန္မသားေလးေတြက် ေသဒဏ္ေပး ထားတယ္။ အဲဒါကို ကူညီေပးၾက ပါ။ တကယ္အျပစ္ရွိတယ္ဆုိရင္ ကြၽန္မခံႏုိင္ပါတယ္။ အခုလည္း အယူခံတင္တာ ႐ႈံးတယ္။ ကြၽန္မ သားေလးက ေသရေတာ့မယ္။ အဲဒါေၾကာင့္ အျမန္ဆံုးကူညီေပး ၾကပါလို႔ ေတာင္းဆုိခ်င္ပါတယ္’’လုိ႔ ဝင္းေဇာ္ထြန္းရဲ႕ မိခင္ေဒၚေမသိန္းက ေျပာပါတယ္။

ျမန္မာလုပ္သားႏွစ္ဦး လြတ္ေျမာက္ေရး ကူညီေပးဖုိ႔ ႏုိင္ငံေတာ္ သမၼတ႐ံုး၊ အတုိင္ပင္ခံ ပုဂၢိဳလ္႐ံုး၊ ျပည္ေထာင္စု လႊတ္ေတာ္နာယကနဲ႔ တရားဥပေဒႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာ ဆန္းစစ္ေရးေကာ္မရွင္တို႔ကုိ အသနားခံစာေတြ ေပးပို႔ထားေၾကာင္း လိပ္ကြၽန္းလူသတ္မႈအေရး ကူညီေဆာင္ရြက္ေပးေနတဲ့ ကိုေက်ာ္ေအးေမာင္က ေျပာပါတယ္။

ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတုိ႔က လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္အျပစ္ေပးခံထားရလုိ႔ အယူခံတင္ျပထားတာကို ထိုင္းေအာက္တရား႐ံုးက မတ္လ ၁ ရက္မွာ ပယ္ခ်ၿပီး ေသဒဏ္အမိန္႔ ကို ထပ္မံအတည္ျပဳခဲ့တာပါ။ ထပ္မံအယူခံတင္ျပမယ့္ အဆင့္ျမင့္တရား႐ံုးမွာ လြတ္ေျမာက္ျခင္းမရွိရင္ ထိုင္းႏုိင္ငံ ဘုရင္ထံ အသနားခံစာ တင္ျပဖို႔ပဲ က်န္ေတာပါ။

ျမန္မာလုပ္သားႏွစ္ဦးကို ထုိင္းအယူခံေအာက္တရား႐ံုးက ေသဒဏ္အမိန္႔ ထပ္မံခ်မွတ္တဲ့အေပၚ ႏိုင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔က စိတ္မေကာင္းျဖစ္ေနၿပီး အဆင့္ျမင့္ တရား႐ံုးကုိ အယူခံတင္ျပဖုိ႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၫႊန္ၾကားထားေၾကာင္း သမၼတ႐ံုးျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာထားပါတယ္။

ေသဒဏ္အျပစ္ေပးခံထားရတဲ့ ျမန္မာလုပ္သားႏွစ္ဦးကို ေရွ႕ဆက္လုပ္ေဆာင္ရမယ့္အေရးနဲ႔ ပတ္သက္ၿပီး ထုိင္းႏိုင္ငံေရွ႕ေနမ်ားေကာင္စီက မတ္လ ၈ ရက္မွာ အစည္းအေဝးျပဳလုပ္ ဆံုးျဖတ္သြားမယ္လို႔ သိရပါတယ္။
Source : 7DayDaily
=============

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးကူညီပေးဖို့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့မိခင်နှစ်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဝင်းဇော်ထွန်းရဲ့မိခင် ဒေါ်မေသိန်းနဲ့ ဇော်လင်းရဲ့မိခင် ဒေါ်ဖြူရွှေနုတို့က အပြစ်မရှိဘဲ သေဒဏ်ကျခံနေရတဲ့ သူတို့သားနှစ်ဦး လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ မတ်လ ၃ ရက် က ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာ ပေးပို့ခဲ့တာပါ။

‘‘ကျွန်မရဲ့သားမှာ အပြစ်မရှိဘူး။ တကယ်အပြစ်ရှိတဲ့သူတွေ ကိုမဖမ်းဘူး။ အပြစ်မရှိတဲ့ ကျွန်မသားလေးတွေကျ သေဒဏ်ပေး ထားတယ်။ အဲဒါကို ကူညီပေးကြ ပါ။ တကယ်အပြစ်ရှိတယ်ဆိုရင် ကျွန်မခံနိုင်ပါတယ်။ အခုလည်း အယူခံတင်တာ ရှုံးတယ်။ ကျွန်မ သားလေးက သေရတော့မယ်။ အဲဒါကြောင့် အမြန်ဆုံးကူညီပေး ကြပါလို့ တောင်းဆိုချင်ပါတယ်’’လို့ ဝင်းဇော်ထွန်းရဲ့ မိခင်ဒေါ်မေသိန်းက ပြောပါတယ်။

မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေး ကူညီပေးဖို့ နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ တရားဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေးကော်မရှင်တို့ကို အသနားခံစာတွေ ပေးပို့ထားကြောင်း လိပ်ကျွန်းလူသတ်မှုအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကျော်အေးမောင်က ပြောပါတယ်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံထားရလို့ အယူခံတင်ပြထားတာကို ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်မှာ ပယ်ချပြီး သေဒဏ်အမိန့် ကို ထပ်မံအတည်ပြုခဲ့တာပါ။ ထပ်မံအယူခံတင်ပြမယ့် အဆင့်မြင့်တရားရုံးမှာ လွတ်မြောက်ခြင်းမရှိရင် ထိုင်းနိုင်ငံ ဘုရင်ထံ အသနားခံစာ တင်ပြဖို့ပဲ ကျန်တောပါ။

မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအယူခံအောက်တရားရုံးက သေဒဏ်အမိန့် ထပ်မံချမှတ်တဲ့အပေါ် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့် တရားရုံးကို အယူခံတင်ပြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံးပြာရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။

သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ရှေ့ဆက်လုပ်ဆောင်ရမယ့်အရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီက မတ်လ ၈ ရက်မှာ အစည်းအဝေးပြုလုပ် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
Source : 7DayDaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...