ေလာက္ကိုင္က တာ၀န္က် ဆရာ ၊ ဆရာမေတြရဲ႕ လံုၿခံဳေရးကို တပ္မေတာ္က စီစဥ္ေပးေန

ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၊ ေလာက္ကိုင္ၿမိဳ႕မွာ တိုက္ပြဲေတြျဖစ္ပြားေနတာေၾကာင့္ အဲဒီေဒသကတာ၀န္က်ဆရာ ၊ ဆရာမေတြ ရဲ႕ လံုၿခံဳေရးကို တပ္မေတာ္က စီစဥ္ေပးေနတယ္လို႔ သိရွိရေၾကာင္း ပညာေရး၀န္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခိုင္ၿမဲကေျပာပါတယ္။ မၾကာခင္မွာ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုဖို႔ရွိတဲ႔အတြက္ စာေျဖဌာနကိုလည္း တပ္မေတာ္အစီအစဥ္နဲ႔ပဲ ခန္းမတစ္ခုမွာစုစည္းၿပီး လုပ္ေဆာင္ေပးသြားမွာျဖစ္တယ္လို႔လည္း ေဒါက္တာခိုင္ၿမဲကေျပာပါတယ္။ ေလာက္ကိုင္ၿမိဳ႕မွာ ဒီကေန႔မနက္ (၂)နာရီခန္႔ကတိုက္ပြဲေတြျဖစ္ပြား ခဲ႔တာေၾကာင့္ အေဆာက္အဦးတခ်ိဳ႕ ပ်က္စီးခဲ႔ၿပီး မူလတန္းျပဆရာမတစ္ဦး အပါအ၀င္ေဒသခံတခ်ိဳ႕ ေသဆံုးခဲ့ပါတယ္။ ေသဆံုးသြားတဲ႔ဆရာမ မိသားစုအတြက္ ပညာေရး၀န္ႀကီးဌာနကကူညီေထာက္ပံ႔မႈေတြ လုပ္ေဆာင္ေပးမယ့္အျပင္ ျမန္မာနိုင္ငံလံုး ဆိုင္ရာဆရာ ၊ ဆရာမမ်ားအဖြဲ႔ခ်ဳပ္ ကလည္းေထာက္ပံ႔ေပးဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။

ဓာတ္ပံု - State Counsellor Office Information Committee
(ေလာက္ကိုင္ၿမိဳ႕ တိုက္ခုိက္ခံရမႈအတြင္း ေသဆံုးသူမ်ားကို ေတြ႔ရစဥ္)
5plusnews


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အဲဒီဒေသကတာဝန်ကျဆရာ ၊ ဆရာမတွေ ရဲ့ လုံခြုံရေးကို တပ်မတော်က စီစဉ်ပေးနေတယ်လို့ သိရှိရကြောင်း ပညာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲကပြောပါတယ်။ မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် စာဖြေဌာနကိုလည်း တပ်မတော်အစီအစဉ်နဲ့ပဲ ခန်းမတစ်ခုမှာစုစည်းပြီး လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း ဒေါက်တာခိုင်မြဲကပြောပါတယ်။ လောက်ကိုင်မြို့မှာ ဒီကနေ့မနက် (၂)နာရီခန့်ကတိုက်ပွဲတွေဖြစ်ပွား ခဲ့တာကြောင့် အဆောက်အဦးတချို့ ပျက်စီးခဲ့ပြီး မူလတန်းပြဆရာမတစ်ဦး အပါအဝင်ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ဆရာမ မိသားစုအတွက် ပညာရေးဝန်ကြီးဌာနကကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးမယ့်အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာဆရာ ၊ ဆရာမများအဖွဲ့ချုပ် ကလည်းထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ - State Counsellor Office Information Committee
(လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူများကို တွေ့ရစဉ်)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...